Print

Joint Pain (အရိုးအဆစ်နာကျင်ခြင်း)

  21-Nov-2016
Preview Image

 

အရိုးအဆစ်နာကျင်ခြင်းသည် လူအများကြားတွင် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်သည်။ အဓိကအကြောင်းအရင်းမှာ ထိခိုက်မိခြင်း၊ အရိုးအဆစ် ယောင်ယမ်းခြင်းကြောင့်ဖြစ်သည်။

 

လက္ခဏာများ
အရိုးနာကျင်ခြင်းကို အရိုးအဆစ်တစ်ခုတည်းသာ နာကျင်ခြင်း နှင့် အရိုးအဆစ်တစ်ခုထက်ပို၍နာခြင်း ဟူ၍ အဓိကနှစ်မျိုးခွဲခြားနိုင်သည်။

 

အရိုးအဆစ်တစ်ခုတွင်သာနာခြင်း
- Osteoarthritis -အသက်ကြီးအရိုးဆစ်နာ။
- Inflammation of joint lining- အဆစ်နံရံများ ယောင်ယမ်း၍ နာကျင်ခြင်း။
- Gout or Pseudogout- အဆစ်ယောင်ဂေါက်ရောဂါ။
- အဆစ်အတွင်းရှိ အရိုးနုများပျက်စီးပြီး ယောင်ယမ်းခြင်း။
- အဆစ်အတွင်းသို့ သွေးထွက်၍ ယောင်ယမ်းနာကျင်ခြင်း။
- အဆစ်လွဲခြင်း၊ အရိုးကျိုးခြင်း Fracture
- တုံ့ပြန်လေးဘက်နာ (reactive arthritis)
- အဆစ်ယောင်စိုရီရေးစစ် (psoriastic arthritis)
- သွေးလေးဘက်နာ (rheumatoid arthritis)
- အရိုးဖုထွက်ခြင်း (Osgood-Schlatter’s disease)
- အဆစ်တွင်းရောဂါပိုးဝင်၍ယောင်ယမ်းခြင်း (septic arthritis)
- အရိုးကင်ဆာ 
- အရိုးသွေးထောက်ပ့့ံမှုပြတ်တောက်ပြီး နာကျင်ခြင်း (avscular necrosis)

 

Pain in many joints (အရိုးအဆစ်တစ်ခုထက်ပို၍နာခြင်းအကြောင်းအရင်းများ)
လူကြီးများတွင်အဖြစ်များသော osteomyelitis -အရိုးအဆစ် တစ်ခုတွင်မက တစ်ခုထက်ပို၍ နာနိုင်သည်။
သွေးလေးဘက်နာ rheumatoid arthritis- အများဆုံးနာနိုင်သောနေရာများမှာ  လက်ချောင်း၊ ခြေချောင်း၊ လက်ကောက်ဝတ်။
အဆစ်ယောင် စိုရီရေးစစ် psoriastic arthritis - စိုရီရေးစစ်အရေပြား ရောဂါရှိသူများ၏ ၅ယောက်တွင်၁ယောက်ဖြစ်တတ်သည်။
ဗိုင်းရပ်စ်ပိုးဝင်သောအခါတွင်လည်း နာနိုင်ပါသည်။ ဥပမာ- အသည်းရောင်အသားဝါဗိုင်းရပ်စ်၊ ဂျိုက်သိုး rubella virus
အရေပြားလေးဘက်နာ - Systemic lupus erythromatosus
အရေပြားထူလေးဘက်နာ - Scleroderma
ဖြစ်နိုင်သော်လည်းအတွေ့ရနည်းသော ရောဂါများမှာ-
Ankylosing spondylitis, reactive arthritis or Juvenile arthritis တုံ့ပြန်လေးဘက်နာ
Behcet’s syndrome - သွေးကြောယောင်ခြင်းနှင့်တွဲ၍တွေ့ရတတ်သည်။ အတွေ့ရရှားသည်။
Henoch-Schonlein purpura - ကလေးများတွင်ဖြစ်တတ်သော သွေးကြောယောင် အဆစ်နာရောဂါ
Cancer - ကင်ဆာ
အချို့ဆေးများကြောင့်လည်း အဆစ်နာခြင်းကိုခံစားရနိုင်ပါသည်။ ဥပမာ-steroid, isoniazid, hydralazine
Hypertrophic pulmonary osteoarthropathy- အဆုတ်ကင်ဆာရောဂါရှိသူများတွင်ဖြစ်သည့် အဆစ်ယောင်အဆစ်နာ။
Sarcoidosis 

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အဆစ်နာခြင်းအပြင် အောက်ပါအချက်များပါရှိပါက ဆရာဝန်နှင့်စနစ်တကျ ပြသတိုင်ပင်ရပါမည်။
- ယောင်ယမ်းခြင်း
- အဆစ်ပေါ်တွင်နီရဲခြင်း
- အဆစ်ပတ်ပတ်လည်တွင်ပူ၍နာနေခြင်း

* ချက်ချင်းသွားရောက်ပြသသင့်သောလက္ခဏာများမှာ
- အဆစ်ထိခိုက်ပြီးနောက် ချက်ခြင်းယောင်လာခြင်း
- အလွန်အမင်းနာလာခြင်း
- အရိုးပုံပျက်သွားခြင်း
- အဆစ်မလှုပ်နိုင်တော့ခြင်း

 

ကုသခြင်း
* အရိုးအဆစ်နာကျင်ခြင်းအတွက်အိမ်တွင်းကုထုံးများ
- နာကျင်ခြင်းကိုသက်သာစေမည့် အကိုက်အခဲသောက်ဆေးများသောက်ခြင်း Ibuprofen or naproxen sodium
- နာနေသည့် အဆစ်အား မလှုပ်ဘဲ ငြိမ်အောင်ထားခြင်း
- မိနစ်၂ဝကြာအောင် ရေခဲအိတ်ကပ်ခြင်း - တစ်နေ့တွင်သုံး၊လေးကြိမ် ပြုလုပ်ပေးခြင်း

 

Ref: NHS choices, UK
       Mayoclinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18