Print

Kidney Cancer (ကျောက်ကပ် ကင်ဆာ)

  21-Nov-2016
Preview Image

 

ကျောက်ကပ်မှ ဖြစ်ပေါ်လာသော ကင်ဆာဖြစ်သည်။

 

ရောဂါလက္ခဏာများ
ကျောက်ကပ်ကင်ဆာသည် အစောပိုင်းတွင်မည်သည့် လက္ခဏာမှ မပေါ်တတ်ပါ။ နောက်ပိုင်းတွင် ဖြစ်ပေါ်ခံစားရနိုင်သော လက္ခဏာများမှာ-
- ဆီးထဲတွင် သွေးပါခြင်း
- ကျောအောင့်ခြင်း၊ ခါးနာခြင်း
- ကိုယ်အလေးချိန်ကျသွားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- တက်ဖျားကျဖျားခြင်း


ဖြစ်ပွားစေသောအကြောင်းရင်းများ
ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်သောအကြောင်းအရင်းဟူ၍ အတိအကျမသိသေးပါ။ သို့သော် ဖြစ်ပွားဖို့များသည့် အခြေအနေများမှာ-
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- မိဘမျိုးရိုးထဲတွင် ကင်ဆာမျိုးရိုးရှိခြင်းသို့  ဖြစ်ဖူးခြင်း။


ရောဂါရှာဖွေခြင်း
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- အာထရာဆောင်းရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- Biopsy – အသားစယူ၍စစ်ဆေးခြင်း


ကုသခြင်း
ဖြစ်ပေါ်နေသည့် ကင်ဆာအဆင့် stage , ကင်ဆာအမျိုးအစားတို့ပေါ်မူတည်၍ ကုသနည်းကိုစဉ်းစားရသည်။ ခွဲစိတ်ကုသခြင်း - နည်းလမ်းသည် ကျောက်ကပ်ကင်ဆာကုသခြင်းတွင်အဓိကကျသောကုထုံးဖြစ်သည်။
Partial nephrectomy (Nephron sparing surgery) - tumor ကင်ဆာအလုံးသာထုတ်ခြင်းနှင့်
Total nephrectomy- ကင်ဆာဖြစ်ပွားနေသည့် ကျောက်ကပ်တစ်ခုလုံးထုတ်၍ ကုသခြင်းတို့ဖြစ်သည်။

 

အချို့သူများတွင် ခွဲစိတ်ကုသရန်မဖြစ်နိုင်ပါက ပြုလုပ်နိုင်သောနည်းလမ်းများမှာ -
Cryoablation- အအေးချောင်းဖြင့် ကင်ဆာအလုံးကိုတို့၍ ကုသခြင်း
RFA(Radio frequency ablation) - electrical လျှပ်စစ်စီးကြောင်းဓာတ်ကိုအသုံးပြု၍ ကင်ဆာအလုံးကိုသတ်ခြင်း။

ကုသပြီးနောက်ပြန်၍ ဖြစ်သောကင်ဆာများနှင့် ကင်ဆာအဆင့်မြင့် နေပါကကုသနိုင်သောနည်းလမ်းများမှာ-
ဖြစ်ပွားနေသည့် ကင်ဆာအလုံးကို အရှင်းသက်သာအောင် မပြုလုပ်နိုင်သော်လည်း ဖယ်နိုင်သမျှ ဖယ်ပစ်ရမည်။
Biological therapy - ကင်ဆာဖြစ်ပေါ်ခြင်းကို ပြန်တိုက်နိုင်သည့် ခုခံအားဓာတ်ကို မြှင့်တင်ခြင်း၊ ဆေးများပေး၍ ကုသခြင်း။
Targeted therapy - ကင်ဆာအလုံးကြီးထွားမှုကို ရပ်တန့်စေသည့် ဆေးဝါးများဖြင့်ကုသခြင်း
Radiation therapy - ဓာတ်ရောင်ခြည်သုံး၍ ကုသခြင်း

 

ကာကွယ်ခြင်း
ဆေးလိပ်ဖြတ်ခြင်း။
ကိုယ်အလေးချိန်ထိန်းခြင်း။
သွေးပေါင်ချိန်လျှော့ချခြင်းတို့ ပြုလုပ်နိုင်ပါသည်။

 

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18