Print

Nail Fungus (ခြေသည်း လက်သည်း မှိုစွဲခြင်း)

  21-Nov-2016
Preview Image

 

ခြေသည််း လက်သည်းမှိုစွဲခြင်း ဆိုသည်မှာ ခြေသည်း/လက်သည်းထိပ်၏ အောက်ခြေတွင် အဖြူရောင်(သို ့) အဝါရောင် အစက်ကလေးများ ပေါ်လာပြီး တဖြည်းဖြည်း အောက်သို ့နက်လာလေလေ လက်သည်းအရောင် ပြောင်းသွားလေဖြစ်ကာ၊ လက်သည်း ထူလာပြီး ပျက်စီးခြင်း ဖြစ်သည်။

 

လက္ခဏာများ
- လက်သည်းခြေသည်းများ ထူလာခြင်း
- ကျွတ်ဆတ်ပြီး ကျိုးလွယ်လာခြင်း
- ပုံစံပျက်သွားခြင်း
- အရောင်များ မတောက်ပတော့ဘဲ မှိန်လာခြင်း
- ခြေသည်းအောက်တွင် အစအနများ စုနေခြင်းကြောင့် ခြေသည်း လက်သည်း အရောင် မဲလာခြင်းနှင့် 
- Onycholysis ဟုခေါ်သော ခြေသည်းကွာခြင်း
- ခြေသည်းလက်သည်း နာကျင်လာခြင်းအပြင်
- အနံ ့ထွက်ခြင်းများ ဖြစ်စေနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ခြေသည်း လက်သည်း မှိုစွဲခြင်းသည် Fungus , Yeast နှင့် Molds ဟုခေါ်သော မှိုများကြောင့် ဖြစ်ခြင်းဖြစ်သည်။ Fungus မှိုများသည် စွတ်စိုနွေးထွေးသော နေရာများတွင် အသက်ရှင်နိုင်သည့်အပြင် ခြေသည်း လက်သည်း ထဲသို ့ မမြင်နိုင်ဘဲ ဝင်ရောက်နိုင်သည့် အတွက် လက်သည်းထက် ထိုနေရာများနှင့် ထိတွေ ့မှုပိုများသော ခြေသည်းများတွင် ပိုဖြစ်လေ့ရှိသည်။

 

နောက်ဆက်တွဲ ပြဿနာများ
ခြေသည်း လက်သည်းမှိုစွဲခြင်းသည် ပြင်းထန်ပါက နာကျင်စေနိုင်သည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ခြေသည်းလက်သည်းကို ရာသက်ပန် ပျက်စီးစေနိုင်သည်။ ဆီးချိုရောဂါနှင့် တစ်ချို ့သော ဆေးများကြောင့်လည်း ကိုယ်ခန္ဓာခုခံအား ကျဆင်းကာ ခြေထောက်အပြင် တခြားနေရာများသို ့လည်း ရောဂါပိုး ဝင်ရောက်ခြင်းများ ဖြစ်စေနိုင်ပါသည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ခြေသည်း လက်သည်းမှိုစွဲခြင်းသည် ပြင်းထန်သောရောဂါ မဟုတ်သော်လည်း မကုသပဲထားပါက ရာသက်ပန် ခြေသည်း လက်သည်းပျက်စီးခြင်းများ ဖြစ်နိုင်သည့်အတွက် စဖြစ်သည့်အချိန်ကပင် အထွေထွေရောဂါကု ဆရာဝန် (သို ့) အရေပြားဆရာဝန်ထံသို့ သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ
ဆရာဝန် အနေဖြင့် ခြေသည်းကို စမ်းသပ်မှုများ အပြင် ခြေသည်းအောက်မှ အစအနများကို ခြစ်ယူကာ ဓာတ်ခွဲခန်းသို ့ ပို ့့ပြီး စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ရောဂါဖြစ်စေသော မှိုအမျိုးအစားကို သိမှသာ ရောဂါကုသရာတွင် ထိရောက်မည် ဖြစ်သည့်အတွက် မှိုအမျိုးအစားကို သေချာစစ်ဆေးရန် လိုအပ်ပေသည်။

 

ကုသခြင်း
သောက်ဆေးများဖြစ်သော မှိုသတ်ဆေးများသည် မှိုစွဲနေသော အပိုင်းများကို ဖယ်ရှားကာ ခြေသည်းအသစ်များ ပြန်ထွက်လာအောင် ကူညီပေးသည်။ သို ့သော် ထိုဆေးများသည် အရေပြားပေါ်တွင် အနီကွက်များ ပေါ်ခြင်းနှင့် အသည်းကို ထိခိုက်ခြင်းများ ဖြစ်စေသည့်အတွက် သွေးစစ်ခြင်းများ ပြုလုပ်ပြီး ဆရာဝန် ညွှန်ကြားချက်အရသာ သောက်သင့်ပါသည်။ ထို ့ပြင် Ciclopirox ဟုခေါ်သော Medicated nail polishများ ဆိုးပေးခြင်းနှင့် Medicated nail cream များ လိမ်းပေးခြင်းဖြင့်လည်း မှိုစွဲခြင်းမှ သက်သာစေနိုင်ပါသည်။အကယ်၍ ခြေသည်းမှိုစွဲခြင်းသည် အရမ်းကို ပြင်းထန်ဆိုးရွားကာ နာကျင်နေပါက Nail removal ဟုခေါ်သော ပိုးဝင်နေသော ခြေသည်းကို ခွဲစိတ်ကာ ဖယ်ရှားပေးခြင်း အပြင် နောက်ဆုံးပေါ် လေဆာနည်းပညာများ ဖြင့်လည်း ကုသနိုင်ပါသည်။

 

ကာကွယ်ခြင်း
ခြေသည်းလက်သည်း မှိုမစွဲစေရန် ကာကွယ်မှုများ အနေဖြင့် ခြေလက်များကို မှန်မှန်ဆေးပေးရန်နှင့် ခြောက်သွေ ့အောင် ထားရန်၊ ချွေးစုပ်သော ခြေအိတ်များ ဝတ်ဆင်ရန်၊ စိုထိုင်းမှုကို သက်သာစေသော ဖိနပ်များ ဝတ်ဆင်ရန် ၊ ဖိနပ်အဆိုးများကို လွှင့်ပစ်ရန်၊ ဖိနပ်အတွင်းတွင် မှိုသတ်ဆေးများ ဖြန်းပေးရန်၊ ရေနှင့် ထိတွေ ့မှုများပါက ရာဘာလက်အိတ်များ ဝတ်ဆင်ရန်၊ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ မှိုစွဲနေသော ခြေသည်း အပေါ်မှ ခြေသည်းနီ ဆိုးခြင်းမှ ရှောင်ကြဉ်ရန်၊ မှိုစွဲနေသော ခြေသည်းကို ထိကိုင်ပြီးတိုုင်း လက်ကို စင်ကြယ်အောင်ဆေးကြောခြင်း အစရှိသည်များကို အစဉ်တစိုက် လုပ်ဆောင်ပေးသင့်ပါသည်။

 

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18