Print

Heat rash မိတ် သို့မဟုတ် အရေပြားပေါ်တွင် အဖုအပိန့်အနီကွက်ထခြင်း

  06-May-2017
Preview Image

မိတ်သည် အထူးသဖြင့် ရာသီဥတုပူပြင်း စွတ်စိုသောကာလတွင်ဖြစ်ပေါ်လေ့ရှိသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းမှာ အရေပြားတွင်ရှိသော ချွေးပေါက်လေးများပိတ်ဆို့မှုကြောင့်ဖြစ်သည်။တစ်ချို့သောမိတ်ဖုလေးများသည်စမ်းကြည့်လျှင်ခပ်ကြမ်းကြမ်းလေးဖြစ်နေပြီး အလွန်ယားတတ်ပါသည်။များသောအားဖြင့် သူ့အလိုလိုပျောက်ကင်းသွားတတ်ကြပါသည်။


လက္ခဏာများ

လူကြီးများတွင် မိတ်သည် လည်ပင်းကြား၊လက်မောင်းကြား၊ချိုင်းကြား၊ပေါင်ကြားတို့တွင်အဖြစ်များပါသည်။ကလေးများတွင် အဓိကဖြစ်ပေါ်သောနေရာများမှာ လည်ပင်း၊ပုခုံးနှင့်ရင်ဘတ်တို့့ပဲဖြစ်ကြပါသည်။ထို့ပြင် လက်မောင်းကြားနှင့်ပေါင်ခြံတို့တွင်လဲဖြစ်ပေါ်တတ်ပါသည်။

မိတ်သည် အမျိုးအစားများကွဲပြားစွာရှိပါသည်။လက္ခဏာများမှာလဲမတူညီကြပါ။


- ကြာစူးကဲ့သို့ ခပ်သေးသေးအဆီဖုလေးများဖြစ်ပေါ်ခြင်း

- ယားသော အနီရောင်ဖုများပြင်လိုက်ဖြစ်ပေါ်ခြင်း

- အနီရောင်အဖုမှယောင်ပြီးပြည်တည်ကာ ပြည်ဖုဖြစ်ပေါ်ခြင်း

- အသားရောင်အတိုင်း ဖြစ်သော အဖုကြီးဖြစ်ပေါ်ခြင်း စသည်ဖြင့်   အမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

မိတ်ဖုဖြစ်ပေါ်ရခြင်းသည် အရေပြားပေါ်ရှိ ချွေးပေါက်ပိတ်ဆို့သောကြောင့်ဖြစ်သည်။

ပုံမှန်အားဖြင့် ချွေးသည် ချွေးဂလင်းပြွန်များမှ အရေပြားပေါ်သို့ချွေးထွက်စေကာ အငွေ့ပျံသွားခြင်းဖြစ်သည်။ယခုအခါ ချွေးဂလင်းပိတ်ဆို့မှုကြောင့် အရေပြားအောက်တွင် အပူအောင်းကာ အနီရောင်မိတ်ဖုများဖြစ်ပေါ်လာရခြင်းဖြစ်သည်။


ချွေးဂလင်းပြွန်များ ပိတ်ဆို့ရသောအကြောင်းရင်း

- မွေးကင်းစကလေးငယ်လေးများ (မွေးပြီးပထမအပတ်တွင် မိတ်ပေါက်လေ့ရှိကြသည်၊ချွေးပို့ပြွန်လေးများ ကောင်းစွာမဖွံဖြိုးသေးသောကြောင့်ဖြစ်သည်။

- ရာသီဥတု ပူပြင်းစိုစွတ်ခြင်း

- လေ့ကျင့်ခန်းပြုလုပ်မှုလွန်ကဲခြင်း (ချွေးထွက်များခြင်း)

- အိပ်ယာပေါ်တွင် အချိန်အတော်ကြာအောင်လဲလျောင်းသူများ


ဖြစ်နိုင်ချေများသူများ

- မွေးကင်းစကလေးငယ်လေးများ

- ရာသီဥတုပူပြင်းစွတ်စိုခြင်း

- ချွေးထွက်လွန်ကဲ၍ချွေးအောင်းခြင်း (လေ့ကျင့်ခန်းပြုလုပ်မှုများသူများ၊အကျင်္ီထူထူကျပ်ကျပ်ဝတ်သူများ) တို့တွင်အဖြစ်များပါသည်။


နောက်ဆက်တွဲ ပြဿနာများ

ပုံမှန်အားဖြင့် မိတ်ဖုများသည်အလိုအလျောက်ပျောက်ကင်းသွားတတ်ကြသည်။သို့သော် ဘတ်တီးရီးယားပိုးဝင်ပါက မိတ်ဖုများမှ ယားနာပြည်ဖုများဖြစ်ပေါ်ကာ ယောင်၍ကြီးလာတတ်ပါတယ်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အကယ်၍ရက်ပေါင်းများစွာကြာသည့်တိုင်အောင် မပျောက်ကင်းဘဲ ပိုဆိုးလာပါက သို့မဟုတ် ပြည်တည်ပြီး ပိုးဝင်သောလက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။

အောက်ပါအချက်များသည် ဆရာဝန်နှင့်သွားရောက်ပြသသင့်သော အချက်များဖြစ်သည်။


- မိတ်ဖုမှာ ယောင်၍နီရဲလာခြင်း၊နာလာခြင်း

- ပြည်များထွက်လာခြင်း

- ဖျားခြင်း၊ချမ်းတုန်သလိုဖြစ်ခြင်း တို့ပဲဖြစ်ပါသည်။


စစ်ဆေးမှုများ

အထူးတလည်စစ်ဆေးမှုများပြုလုပ်ရန်မလိုအပ်ပါ။ဆရာဝန်မှ အရေပြားကိုကြည့်ရှှုစစ်ဆေးခြင်းဖြင့် မိတ်ဖုဟုတ်မဟုတ်သိရှိနိုင်ပါသည်။


ကုသခြင်း

- အရေပြား အပူလွန်ကဲစေခြင်းကိုတတ်နို်င်သမျှရှောင်၍ အေးအောင်ထားပေးပါ။- ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိတ်ဖုများကို အမြန်သက်သာစေပါသည်။

- လိမ်းဆေးများဖြင့်လည်း သက်သာအောင်လိမ်းပေးနိုင်ပါသည်။

- ပြင်းထန်သော မိတ်ဖုများအတွက် သက်သာစေသော လိမ်းဆေးများပေးခြင်းအားဖြင့် ကုသနိုင်ပါသည်။


အိမ်တွင်းနည်းလမ်းများဖြင့် သက်သာအောင်ပြုလုပ်ခြင်း

- ရာသီဥတုပူပြင်းသောကာလတွင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးခြင်း

- တတ်နိုင်သမျှ လေကောင်းကောင်းရရှိသော၊နေရိပ်သော၊အေးသော နေရာတွင်နေထိုင်ခြင်း

- ရေအေးအေးလေးနှင့်မနက်ပိုင်းရေချိုးပေးခြင်း 

- ရေချိုးပြီးပါက တဘတ်ဖြင့်မသုတ်ပဲ ပုံမှန်လေဖြင့်အခြောက်ခံစေခြင်း

- ယားယံမှုရှိပါက လိမ်းဆေးများလိမ်းပေးခြင်း

- ရေနံဆီလိမ်းခြင်းကို ရှောင်ကြဉ်ပါ။


ကာကွယ်ခြင်း

- နွေရာသီတွင် ပေါ့ပေါ့ပါးပါးအဝတ်များ၊ချည်ထည်များဝတ်ဆင်ပေးပါ။

- အဝတ်ကျပ်ကျပ် ဝတ်ဆင်ခြင်းမပြုလုပ်ပါနှင့်။

- ပူပြင်းသောကာလတွင် အဲကွန်းခန်းထဲတွင်နေခြင်း၊လေကောင်းကောင်းရရှိသောနေရာတွင်နေခြင်း၊အရိပ်ရသော အဆောက်အဦး သို့မဟုတ် သစ်ပင်ရိပ်အောက်တွင် နားပါ။

- မိမိအိပ်စက်သည့်နေရာကို လေဝင်လေထွက်ကောင်းအောင်ထားပါ။


Ref: Mayo clinics

Credit: Dr Toe




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18