Print

Hypertrophic cardiomyopathy(နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်း)

  06-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းသည် နှလုံးကြွက်သားများပုံမှန်ထက်ပို၍ ထူလာခြင်းကြောင့် နှလုံးမှ သွေးညှစ်ရခက်ခဲလာခြင်းမျိုးဖြစ်သည်။နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းသည် လူနာအများစုတွင် ရောဂါလက္ခဏား သိသိသာသာပြလေ့မရှိဘဲ အချို့သော လူနာများတွင်မူ အသက်ရှုရခက်ခဲခြင်း၊ ရင်ဘက်အောင့်ခြင်း နှင့် အချို့သောသူများတွင်မူ အသက်အန္တရာယ်ထိခိုက်သည်အထိ နှလုံးခုန် မမှန်ခြင်းများ ဖြစ်တတ်ပါသည်။ 


လက္ခဏာများ

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်း၏ လက္ခဏာများမှာ-

လှုပ်လှုပ်ရှားရှားလုပ်စဉ် အသက်ရှုကြပ်ခြင်း

လှုပ်လှုပ်ရှားရှားလုပ်စဉ် ရင်ဘက်အောင့်ခြင်း

ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုလုပ်စဉ် သတိလစ်ခြင်း

နှလုံးခုန်နှုန်းမြန်လာသည်ကို မိမိကိုယ်တိုင် သတိထားမိလာခြင်း

နှလုံးခုန်သံမမှန်ခြင်း


ဖြစ်ပွားရသောအကြောင်းရင်းများ

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်း သည် မျိုးရိုးဗီဇပုံမမှန်ခြင်း ကြောင့် နှလုံးကြွက်သားများထူလာခြင်းဖြစ်ပြီး  နှလုံးကြွက်သားများ၏ ဖွဲ့စည်းမှု ပုံစံလွဲပြီး နှလုံးခုန်နှုန်း သာမန်ထက်ပို၍ မြန်လာခြင်းမျိုးဖြစ်သည်။

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါ သည် နှလုံး၏ သွေးလွှတ်ခန်း ၂ခန်းရှိ ကြွက်သားနံရံများထူလာပြီး သွေးလွှတ်ခန်းအတွင်းသို့ သွေးဝင်နိုင်သော ပမာဏ နည်းသွားပြီးနောက် နှလုံးမှ ခန္ဓာကိုယ်တွင်းသို့ သွေးညှစ်နို်င်သော ပမာဏ နည်းသွားခြင်းဖြစ်သည်၊ နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းကြောင့် နှလုံးကောင်းကောင်းမလုပ်နိုင်ခြင်းဟုလည်း ခေါ်လေ့ရှိသည်။


ဖြစ်နိုင်ချေများသူများ

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်း သည် မျိုးရိုးလိုက်ခြင်းရှိတတ်ပြီး မိဘမျိုးရိုးထဲတွင်သော်လည်းကောင်း မွေးချင်းများတွငသော်လည်းကောင်း ရှိပါက မိမိတွင် ရှိမရှိ စစ်ဆေးထားသင့်ပါသည်။


နောက်ဆက်တွဲ ပြဿနာများ

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်း၏ နောက်ဆက်တွဲပြဿနာများမှာ-

နှလုံးခုန်နှုန်းပုံမမှန်ခြင်း

လှုပ်လှုပ်ရှားရှားလုပ်စဉ် အသက်ရှုမဝခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမူးခြင်း နှင့် ရုတ်တရက် သတိလစ်ခြင်း

နှလုံးကြီးခြင်း

နှလုံးအဆို့ရှင် များပုံမှန် အလုပ်မလုပ်ခြင်း၊နှလုံးအဆို့ရှင် ကျယ်ပြီး နှလုံးမှ သွေးလုံလောက်အောင် မညှစ်နိုင်ခြင်း

နှလုံးပုံမှန် အလုပ်မလုပ်နိုင်တော့ခြင်း

နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာပြီး ရုတ်တရက် နှလုံးရပ်သွားခြင်း(နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါရှိသောသူများတွင် ရုတ်တရက် နှလုံးရပ်ပြီးသေဆုံးခြင်းသည် အသက် ၃ဝအောက် လူငယ်များတွင် အဖြစ်များလေ့ရှိပါသည်။)


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်း ရောဂါရှိသူများတွင်  အောက်ပါရောဂါ လက္ခဏာများရှိပါက ဆေးရုံသို့အရေးပေါ်သွားရန် လိုအပ်ပါသည်။

နှလုံးခုန်မမြန်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်း

အသက်ရှုရခက်ခဲခြင်း

ရင်ဘတ်အောင့်ခြင်း


စစ်ဆေးမှုများ

မိသားစုမျိုးရိုးထဲတွင် နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါရှိပါက လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။

နှလုံး အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း 

အီးစီဂျီဆွဲခြင်း 

Stress Test 

၂၄နာရီပတ်လုံး အီးစီဂျီဆွဲခြင်း

နှလုံး သံလိုက် ဓာတ်မှန်ရိုက်ခြင်း


မိသားစုကျန်းမာရေးစစ်ဆေးခြင်း 

မိဘမျိုးရိုးနှင့် မွေးခြင်းများတွင် နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါ ရှိဖူးပါက အောက်ဖော်ပြပါစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ 

မျိုးရိုးဗီဇ စစ်ဆေးခြင်း

နှလုံးအသံလှိုင်းဓာတ်မှန်ရိုက်ကူးခြင်း


ကုသခြင်း

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းကို အရှင်းပျောက်ကင်းအောင်ကုသရန် ခက်ခဲပြီး ရောဂါလက္ခဏာများသက်သာအောင် ကုသပေးခြင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်းတိို့ကိုသာ ပြုလုပ်ပေးနိုင်ပါသည်။ 

ကုသနိုင်သောနည်းလမ်းများမှာ

ထူနေသော နှလုံး၏ကန့်လန့်ကာကြွက်သားအပိုင်းအချို့အား ခွဲစိတ်ဖြတ်ထုတ်ခြင်း 

လိုအပ်သောနှလုံးဆေးများသောက်ခြင်း

အလိုအလျှောက် နှလုံးနှိုးစက်ထည့်ခြင်း


ကာကွယ်ခြင်း

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းသည် မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ခြင်းကြောင့် ကြိုတင်ကာကွယ်၍ မရပေ။ အသက်အန္တရာယ်ရှိနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန်သာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။


ရုတ်တရက်နှလုံးရပ်သေခြင်းကို ကာကွယ်ခြင်း

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါရှိသော လူနာများတွင် ရုတ်တရက် နှလုံးရပ်သေခြင်းသည် ၁၀၀ တွင် ၁ယောက် ဖြစ်လေ့ရှိသည်။ထို့ကြောင့် နှလုံးနှိုးစက်ထည့်ထားသော လူနာများတွင်မူ ရုတ်တရက် နှလုံးရပ်သေခြင်းကို ကာကွယ်နိုင်ပါသည်။


အခြားသိသင့်သောအချက်များ (ရှိလျှင်)

လူနေမှုပုံစံပြောင်းလဲခြင်း

သက်တောင့်သက်သာရှိသော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်း(နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါရှိသောသူများတွင် ပြင်းထန်သော လှုပ်ရှားမှုများ လုံးဝမပြုလုပ်သင့်ပါ။)

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသောက်ပါ။

ကိုယ်အလေးချိန်ကို ထိန်းပေးပါ။ အဝလွန်နေပါက ကိုယ်အလေးချိန်ကျအောင်ကြိုးစားပါ

အရက်သောက်ခြင်းကို ရှောင်ပါ။ 

ဆရာဝန်ညွှန်ကြားသော နှလုံးဆေးများအား ညွှန်ကြားသည့်အတိုင်းသောက်ပါ။ ဆရာဝန်နှင့် ပုံမှန် ကုသမှုခံယူပါ။


ကိုယ်ဝန်ဆောင် ချိန်တွင် သတိပြုရမည့် အချက်များ

နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါရှိသူများသည် ပုံမှန်အတိုင်းကိုယ်ဝန်ဆောင်နိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် တစ်လျှောက်လုံးတွင် သားဖွားမီးယပ်အထူးကုနှင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူရန် လိုအပ်ပါသည်။


နှလုံးကြွက်သားထူပြီး နှလုံးကြီးခြင်းရောဂါရှိသူများအနေဖြင့်

စိတ်ဖိစီးမှုများကို လျော့ချပါ။ စိတ်ဖိစီးမှုနည်းအောင်နေပါ။

မိသားစုဝင်များမှ လူနာအား ဂရုစိုက်ပေးပါ။

ကျန်းမာရေးနှင့် ညီညွတ်အောင် ပြုမူနေထိုင်စားသောက်ပါ။


Dr.Genius

Ref: Mayo Clinic 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18