Print

Middle ear infections (နားအတွင်းပိုင်းသို့ပိုးဝင်ခြင်း)

  06-May-2017
Preview Image

နားအတွင်းပိုင်းသို့ပိုးဝင်ပါက နားကိုက်ခြင်း၊ အကြားအာရုံခြင်းထိခိုက်ခြင်းတို့ ဖြစ်ပွားတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးသည် နားစည်၏အနောက်ဘက်ရှိအတွင်းပိုင်းနေရာသို့ တိုုက်ခိုက်၍ရောင်ရမ်း ပျက်စီးစေသောကြောင့်ဖြစ်သည်။ပုံမှန်အားဖြင့် ထိုအတွင်းပိုင်းနေရာတွင် လေနှင့်နားစည်ကို တုန်ခါမှုပေးနိုင်သော အရိုးနုကလေး သုံးခုသာရှိရမည်ဖြစ်သည်။နားတွင်းသို့ပိုးဝင်ပါက ရောင်ရမ်းကာ နားအတွင်းတွင် အရည်များပါထွက်လာတတ်ပါသည်။နားတွင်းရောင်ရမ်းခြင်းသည် များသောအားဖြင့် ပဋိဇီဝဆေးဖြင့်ကုသရန် မလိုအပ်ပါ။ကလေးငယ်လေးများနှင့် နောက်ဆက်တွဲဆိုးကျိုးခံစားနေရသူများတွင်မူ ကုသရန်လိုအပ်ပါသည်။ထိုရောဂါသည် ကလေးငယ်များတွင် ပို၍အဖြစ်များသည်။


လက္ခဏာများ (ကလေး)

- နားကိုက်ခြင်း အထူးသဖြင့်လှဲအိပ်သည့်အချိန်

- နားကိုတစ်ခုခုဖြင့်ဆွဲထားသလို နာနေခြင်း

- မအိပ်ဘဲဂျီကျခြင်း၊ငိုနေခြင်း

- ဂနာမငြိမ်ဖြစ်ခြင်း

- နားအူခြင်း

- အကြားအာရုံချို့ယွင်းခြင်း

- ဖျားခြင်း

- နားအတွင်းမှ အရည်များထွက်ခြင်း

- ခေါင်းကိုက်ခြင်းနှင့်အစားအသောက်ပျက်ခြင်းတို့ဖြစ်တတ်ပါသည်။


လက္ခဏာများ (လူကြီး)

- နားကိုက်ခြင်း

- နားမှအရည်ထွက်ခြင်း

- အကြားအာရုံချို့ယွင်းခြင်းတို့ ဖြစ်တတ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း

- ရာသီဥတု အေးလွန်းခြင်း

- တုပ်ကွေးရောဂါမှတစ်ဆင့်ဖြစ်ပွားခြင်း

- မတည့်တာတစ်ခုခု စားမိ၊ရှူမိ၊ထိမိရာမှ ဖြစ်ပွားခြင်း

- နှာခေါင်းနှင့်လည်ချောင်းမှ ထွက်သောနှာရည်နှင့်ချွဲတို့သည် နှာခေါင်းမှနားသို့ဆက်သွယ်ထားသောလမ်းကြောင်း (Eustatian tube)မှတစ်ဆင့် နားအတွင်းသို့ ဝင်ရောက်ခြင်း

- နားတွင်း ရေဝင်ခြင်း၊နားပြည်တည်ခြင်းနှင့် နှာခေါင်းမှနားသို့ဆက်သွယ်ထားသော လမ်းကြောင်းပိတ်ဆို့ခြင်းတို့နှင့်လည်း ဆက်စပ်၍ဖြစ်ပွားတတ်ပါသည်။

- ကလေးငယ်များတွင်ပို၍အဖြစ်များရခြင်းမှာ နှာခေါင်းမှနားသို့သွားသောလမ်းကြောင်းမှာ လူကြီးများထက် ကျဉ်းမြောင်းကာဖြောင့်တန်းသောကြောင့်ဖြစ်သည်။


ဖြစ်နိုင်ချေများသူများ

- အသက် ၆လမှ ၂ နှစ်အတွင်း ကလေးငယ်များ 

- နို့ဘူးစို့သော ကလေးငယ်များ အထူးသဖြင့်ပက်လက်အနေအထား

- ဓာတ်မတည့်ုသော သူများ

- ဆေးလိပ်ငွေ့ရှူရှိုက်ရသူများ

- ထို့ပြင် ဆောင်းရာသီနှင့်လေထုညစ်ညမ်းသောနေရာများတွင်ပို၍အဖြစ်များပါသည်။


နောက်ဆက်တွဲ ပြဿနာများ

ထိုရောဂါသည်များသောအားဖြင့် နောက်ဆက်တွဲပြဿနာဖြစ်ဖို့အလားအလာနဲပါသည်။သို့သော်မကြာခဏပိုးဝင်ပါက

- အကြားအာရုံထိခိုက်ခြင်း

- နားစည်ပျက်စီးစေခြင်း

- ကလေးငယ်များတွင် စကားပြောနောက်ကျခြင်း၊ဖွံ့ဖြိုးမှုနောက်ကျခြင်း

- ထိုသို့ဖြစ်နေချိန်တွင် မကုဘဲထားပါက နားအတွင်းပိုင်းမှတစ်ဆင့် နားအနောက်ရှိအရိုးသို့ပျံ့ကာ ရောင်ရမ်းခြင်း (Mastoiditis) အထိဖြစ်နိုင်ပါသည်။နောက်ပိုင်းတွင်အရိုးကိုပျက်စီးစေကာ အရိုးတွင်း ပြည်အိတ်များပါတည်လာတတ်ပါသည်။

- အရမ်းဆိုးပါက ဦးခေါင်းခွံအတွင်းသို့ပျံ့နှ့ံကာ ဦးနှောက်နှင့်ဦးနှောက်အမြှေးပါးကိုပါ ရောင်ရမ်းစေတတ်ပါသည်။

- နားစည်ပေါက်သည်အထိဖြစ်ပွားနိုင်ပါသည်။ 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ၂၄ နာရီကျော််ထက်ကြာမြင့်စွာ ရောဂါလက္ခဏာပြနေခြင်း

- မခံနိုင်အောင်နားကိုက်ခြင်း

- အသက် ၆လ ကလေးငယ်များတွင်ဖြစ်ပွားခြင်း

- နို့စို့အရွယ်ကလေးများ နှာစီးချောင်းဆိုးဖြစ်ပြီး ညဖက်မအိပ်ခြင်း

- နားအတွင်းမှ အရည် သို့မဟုတ် သွေးထွက်ခြင်း တို့ဖြစ်ပွားပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါသည်။


စစ်ဆေးမှုများ

- နားတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်၍စစ်ဆေးခြင်း

- နားတွင်းသို့ လေထည့်၍မှန်ပြောင်းဖြင့် စမ်းသပ်ခြင်း (Pneumatic otoscope)(နားတွင်းသို့လေထည့်ကာ နားစည် ရွေ့လျားမှုရှိမရှိစစ်ဆေးခြင်းဖြစ်ပြီး အကယ်၍မရွေ့လျားပါက နားထဲတွင် လေအစား အရည်များရှိနေသောကြောင့်ဖြစ်သည်။)

- နားစည်အမြှေးပါးကိုစမ်းသပ်ခြင်း 

- တုန်ခါစေသောကိရိယာဖြင့် အသံကြားမကြားစစ်ဆေးခြင်း 

- (tympanocentesis) နားစည်အမြှေးပါးအား ဖောက်၍အထဲမှ အရည်များစုပ်ထုတ်ကာ ပိုးရှိမရှိစစ်ဆေးခြင်း 

- အကယ်၍ကလေးငယ်များတွင် ဖြစ်ပွားမှုမှာ ရှည်ကြာကာ အကြားအာရုံ၊စကားအပြောအဆိုနှင့်ဖွံ့ဖြိုးမှုနောက်ကျနေပါက သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

နားထဲရေဝင်ခြင်း၊နားထဲပိုးဝင်ခြင်းတို့မှာ များသောအားဖြင့် တစ်ပတ် နှစ်ပတ်ကြာလျှင် အလိုအလျောက် ပြန်ကောင်းတတ်ကြသည်။ဆေးသောက်ရန်မလိုအပ်ပေ။

သို့သော် နားကိုက်နေပါက အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ရေနွေးဝတ်လေးကို ဖြစ်သည့် နားပေါ်တွင်အုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။


ပဋိဇီဝဆေးဖြင့်ကုသခြင်း

- နားထဲပိုးဝင်တာသေချာသော အသက် ၆ လအောက်ကလေးငယ်

- အသက် ၆ လနှင့်အထက် အနည်းဆုံး ၄၈နာရီကြာ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကိုက်ကာ အဖျား    ၁၀၂.၂  ံF နှင့်အထက်ကျော်နေသော ကလေးငယ်

အသက် ၆လမှ ၂ နှစ်အတွင်း ၄၈ နာရီကြာ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကိုက်ကာ အဖျား ၁၀၂.၂ F အောက်ရှိနေသော ကလေး

- အသက် ၂ နှစ်နှင့်အထက် ၄၈ နာရီကြာ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကိုက်ကာ အဖျား၁၀၂.၂ F အောက်ရှိနေသော ကလေး 

- အထက်ပါလက္ခဏာများနှင့်ကိုက်ညီပါက ပဋိဇီဝဆေးသုံးကုရန် လိုပါသည်။

- နားပြည်တည်ပါက နားအတွင်းသို့ ပိုးသတ်ဆေးရည် အစက်ချခြင်း 

- Ear tube (နားစည်ကိုဖောက်၍ပြွန်ချောင်းထည့်ကာအထဲမှအရည်ကိုထွက်စေခြင်း) တို့ဖြင့်ကုသနိုင်ပါသည်။


ကာကွယ်ခြင်း

- တုပ်ကွေး၊အအေးမိ နှာစေးချောင်းဆိုး မဖြစ်အောင်နေထိုင်ခြင်း

- ဆေးလိပ်သောက်သုံးသူများကိုရှောင်ကြဉ်ခြင်း

- ကလေးကို အသက် ၆လထိမိခင်နို့ကိုမပျက်မကွက်တိုက်ကျွေးခြင်း

- အကယ်၍နို့ဘူးတိုက်ပါက ကလေးအားခေါင်းထောင်၍မတ်တပ်အနေအထားဖြင့်တိုက်ခြင်း

- ကလေးငယ်များအား မှန်မှန်ကာကွယ်ဆေးထိုးခြင်း တို့ဖြင့်ကာကွယ်နို်င်ပါသည်။


Ref: Mayo Clinics 

Credit: Dr Toe 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18