Print

Nocturnal enuresis (Bed wetting) အိပ်ယာထဲဆီးသွားခြင်း

  06-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

မနက်မိုးလင်းလျှင် အိပ်ယာခင်းများနှင့်ညဝတ်အကျီႋ​များစိုနေသော ကလေးငယ်များမှာ အိမ်တော်တော်များများတွင် ကြားဖူးနေကျ အကြောင်းအရာ တစ်ခုုဖြစ်သည်။

ထိုအရာသည် အိမ်သာတက်သည့် အလေ့အကျင့် လုပ်ပေးမှု ညံ့သောကြောင့်လည်း မဟုတ်ပေ။

အိပ်ယာထက်ဆီးထွက်ကျခြင်းသည်  ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှုှု၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

အသက် ရနှစ်အောက်ကလေးငယ်များတွင်တွေ့ရခြင်းသည် စိုးရိမ်စရာမရှိပေ။ထိုအရွယ်တွင် ကလေးငယ်၏ဆီးအိမ်သည် ဖွံ့ဖြိုးဆဲအခြေနေတွင်သာ ရှိသေးသည်။

အကယ်၍ အသက်ရနှစ်ကျော်သည် အထိ ဖြစ်နေလျှင် ပြဿနာတစ်ခုရှိနေပြီဆိုတာက်ို နားလည်ထားရမည်။


ရောဂါလက္ခဏာများ

အိပ်ပျော်နေစဉ် အိပ်ယာထက်ဆီးထွက်ကျခြင်းသည် ကလေးငယ်များတွင် အတွေ့ရများသည်။

ကလေးအများစုသည် အသက် ၅နှစ်ခန့်တွင် အိမ်သာတွင်ဆီးထသွားခြင်းကို အလေ့အကျင့်ရနေပြီဖြစ်သည်။

အချို့ကလေးများတွင် အသက်ရနှစ်အရွယ်အထိ ရှိနု်ိင်သေးသည်။


ဖြစ်ပွားရသောအကြောင်းအရင်းများ

၁။ဆီးအိမ်သေးငယ်ခြင်း(ကလေးငယ်၏ ဆီးအိမ်သည် တစ်ညလုံးထုတ်သည့်ဆီးများကို ထိန််းထားနိုင်သည့်အရွယ်အစားလောက် မဖွံ့ဖြိုးသေးပေ။

၂။ဆီးအိမ်ပြည့်တင်းခြင်းကို မသိနိုင်ခြင်း(ဆီးအိမ်ကို ထောက်ပံ့သော အာရုံကြောများ ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့်ဖြစ်သည်။)

၃။ဟော််မုန်းမညီမျှုုုခြင်း(ဆီးသွားခြင်းကို ထိ်န်းချုပ်ပေးသော ဟော်မုန်းဖြစ်သည့် ADH မှာလုံလောက်စွာ မဖွံ့ဖြိုးသေးခြင်း)

၄။စိတ်ဖ်ိစီးမှုများခြင်း( ညီ၊ညီမ အသစ်လေးများတိုးပွားခြင်း၊ ကျောင်းအသစ်သို့ပြောင်းရွှေ့ခြင်း၊ အိမ်ခွဲပြီးအိပ်ရခြင်း)

၅။ဆီးလမ်းကြောင်းပိုးဝင်ခြင်း(ဆီးလမ်းကြောင်းပိုးဝင်သည့် လက္ခဏာများတွင် ဆီးမထိ်န်းနိုင်ခြင်းလည်းပါဝင်သည်။ အခြားလက္ခဏာများမှာ ဆီးကျင်ခြင်း၊ ဆီးပူခြင်း၊ ခဏခဏသွားခြင်း၊ ဆီးအရောင်မှာ ပန်းရောင် သို့ အနီရောင်သွားခြင်း)

၆။အိမ်နေစဉ် အသက်ရှူ ခေတ္တ ရပ်တန့်ခြင်း

၇။ဆီးချိုရောဂါ

၈။နာတာရှည်ဝမ်းချုပ်ခြင်း(ဝမ်းချုပ်သည့်အခါ ဆီးသွားခြင်းနှင့် ဝမ်းသွားခြင်းကို ထိ်န်းချုပ်ပေးသော ကြွက်သားများအားနည်းသွားသောကြောင့်ဖြစ်သည်၊)

၈။မွေးရာပါ ဆီးလမ်းကြောင်းနှင့် အာရုံကြော ဖွဲ့စည်းပုံ မူမမှန်ုခြင်း


ဖြစ်နိုင်ချေများသုူများ

၁။ယောကျ်ားလေးများတွင် အဖြစ်များသည်။

၂။မျိုးရိုးလိုက်တတ်သည်။

၃။စိတ်ရောဂါ အခံရှိသည့်ကလေးများ


နောက်ဆက်တွဲဆိုးကျိုးများ

၁။အပြစ်ရှိသကဲ့သို့ခံစားရခြင်း

၂။ရှက်ရွ့ံခြင်း

၃။ကျောင်းမှအဖွဲ့အစည်းများနှင့် ပြုလုပ်သောကိစ္စများတွင် မပါဝင်နိုင်ခြင်း

၄။သေးစိုအဝတ်များနှင့် ဆက်အိပ်မိပါက တင်ပါး၊ ပေါင်နှင့် ပေါင်ခြံ တ်ို့တွင် သေးလောင်ဒဏ်ရာ အနီကွက်များထခြင်း


စစ်ဆေးခြင်း

၁။ဆီးစစ်ခြင်း (ဆီးလမ်းကြောင်းပိုးဝင်မှုက်ို စစ်ဆေးခြင်း၊ ဆီးချိုစစ်ဆေးခြင်း)

၂။မွေးရာပါ ဆီးလမ်းကြောင်း ပုံမမှန်ခြင်းများအတွက် ဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း၊ သံလိုုက်ဓါတ်မှန်ရိုက်ခြင်း၊ ဆိုးဆေးထိုး၍ ဆီးလမ်းကြောင်းပုံဖော်ရိုက်ကူးခြင်း

၃။ရောဂါဖြစ်စေနိုင်သော အကြောင်းအရာများကို ရှာဖွေခြင်း


ကုသခြင်း

၁။ညနေဘက်တွင်ရေလျှော့၍ သောက်ခိုင်းပါ။သို့သော် ကလေးသည် ညနေဘက်တွင် အားကစားလုပ်ထားလျှင် ပုံမှန်အတိုင်းသောက်ပါ။

၂။ဓာတုဆိုးဆေးများပါဝင်သော အချိုရည်များနှင့် ကဖင်းဓါတ်ပါသော အစားအစာများကို ရှောင်ကြဉ်ပါ။

၃။အိပ်ယာဝင်ခါနီးတွင် အနည်းဆုံး ဆီးနှစ်ကြိမ်ခန့်သွားပေးပါ။

၄။နေ့ဘက်အချိန်များတွင် အိမ်သာသို့ ဆီးထသွားသည့် အလေ့အကျင့်က်ုိ မှန်မှန်ဖြစ်အောင်  ပြုလုပ်ပေးပါ။

၅။ဝမ်းချုပ်ခြင်းကို ကုသပါ။

၆။သေးလောင်ဒဏ်ရာများမဖြစ်စေရန် ကလေးသေးစိုနေလျှင် ချက်ချင်းလဲပေးပါ။


ဆရာဝန်နှင့်ပြသသင့်သည့် အချက်များ

၁။အသက် ရနှစ်နောက်ပိုင်းထိ အိပ်ယာထဲ ဆီးထွက်ကျနေသေးလျှင်

၂။အရင်ဆီးမထွက်ကျဘဲနေရာမှ ခုမှစပြီး အိပ်ယာထဲဆီးထွက်ကျလျှင်

၃။ဆီးထွက်ကျခြင်းအပြင် ဆီးပူခြင်း၊ ဆီးကျုင်ခြင်း၊ ဆီးအရောင်ပြောင်းခြင်း၊ ပုံမှန်မဟုတ်ရေဆာခြင်း၊ ဝမ်းချုပ်ခြင်း၊ ဟောက်ခြင်းတို့ပါ တွဲဖြစ်နေလျှင်


ကာကွယ်ခြင်း

 ၁။နေ့ဘက်တွင် သင့်ကလေး၏ ဆီးထသွားသည့် အကြိမ်အရေအတွက်ကို မှတ်ထားပေးပါ။ ဆီးလမ်းကြောင်းပိုးဝင်သည့် လက္ခဏာများရှိမရှိ ဂရုပြုပါ။

၂။ညစာစားပြီး ရေမည်မျှသောက်သည်ကို မှတ်ထားပေးပါ။

၃။ကလေးကို စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းအရာများကို သတ်ိထားပေးပါ။

၄။ကလေးအား ဆေးဝါးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ တိုက်ကျွေးပေးပါ။

၅။နေ့ဘက်တွင် အိမ်သာသို့ ဆီးထသွားသည့် အလေ့အကျင့်ရအောင် ပြုလုပ်ပေးပါ။

၆။အိပ်ယာမဝင်ခင် ဆီးကို အနည်းဆုံး၂ကြိမ်ခန့် သွားပေးပါ။

၇။ညဘက်အိမ်သာသို့ထသွားနိုင်သည့် လမ်းကြောင်းကို သေချာပြသထားပေးပါ။ လမ်းကြောင်းရှိ အန္တရာယ်ရှိသော ပစ္စည်းများကို ရှင်းလင်းထားပါ။

၈။ကလေးကို ဆူပူခြင်း၊ ဆီးထွက်ကျခြင်းကို အခြားသူများအားပြောခြင်းကို ရှောင်ကြဉ်ပါ။

၉။ဆီးမထွက်ကျသည့်နေ့များတွင် ကလေးကို ချီးကျူးစကားပြောပေးပါ။


Translated by : Dr Khin JyuJyu Ko

Ref: Mayo clinic

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18