Print

Pelvic inflammatory disease (PID) ( အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါမျ...

  06-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

အမျိုးသမီး တင်ပါးဆုံတွင်းအဂ်ါများရောင်ရမ်းသောရောဂါသည် အမျိုးသမီးမျိုးပွားအဂ်ါတွင် ဖြစ်သောရောဂါဖြစ်သည်။အများအားဖြင့် လိင်မှကူးစက်တတ်သောရောဂါပိုးများသည် မိန်းမကိုယ်လမ်းကြောင်းမှတစ်ဆင့် သားအိမ်၊သားဥပြွန်၊သားဥအိမ်တို့ထိပြန့်နှံ့နိုင်ကာ အမျိုးသမီး တင်ပဆုံရောင်ရမ်းသောရောဂါ ဖြစ်ပွားတတ်သည်။

အမျိုးသမီး တင်ပါးဆုံရောင်ရမ်းသောရောဂါဖြစ်သော အမျိုးသမီးအများစုမှာ ရောဂါလက္ခဏာမပြသည်ဖြစ်စေ၊ကုသမှုမခံယူတတ်ကြပေ။ဤရောဂါမှာ သားသမီးမရနိုင်သောအခါမှသာ (သို့) ကြာရှည်တင်ပါးဆုံနာကျင်မှသာ ရောဂါကိုသတိပြုမိတတ်သည်။


လက္ခဏာများ

- ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပါးဆုံတို့တွင် နာကျင်ခြင်း

- အနံ့ဆိုးသောအဖြူများ အရမ်းဆင်းခြင်း

- ရာသီလာမမှန်ခြင်း

- လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း

- အဖျားတက်ခြင်း

- ဆီးသွားလျှင် နာခြင်း၊ ဆီးသွားရခက်ခဲခြင်း

အမျိုးသမီး တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသောရောဂါလက္ခဏာများသည် လက္ခဏာမပေါ်သည်လည်းရှိနိုင်သလို အနည်းငယ်သာပြသည်လည်းဖြစ်နိုင်သည်။ Chlamydiaရောဂါပိုးကြောင့်ဖြစ်လျှင် လက္ခဏာမပြဖို့ ပိုမိုဖြစ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

---------------------------------------

 အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါသည် များစွာသော ဘက်တီးရီးယားပိုးမွှားများကြောင့်ဖြစ်နိုင်သည်။အဖြစ်များဆုံးမှာ Gonorrhoea ဂိုနိုးရီးယား ဟုခေါ်သည့် ဆီးပူညောင်းကျရောဂါနှင့် Chlamydia ကလက်မိုင်းဒီးယား ဟုခေါ်သည့်ရောဂါများကြောင့်ဖြစ်တတ်သည်။ရှားရှားပါးပါးအနေဖြင့် ဘက်တီးရီးယားပိုးသည် အမျိုးသမီးများတွင် သားအိမ်ခေါင်းမှပိုးမဝင်နိုင်အောင် တားဆီးထားသည်ကိုပင် အနှောင့်အယှက်ပေးနိုင်ကာ မျိုးပွားအဂါႍလမ်းကြောင်းထဲထိ ဒုက္ခပေးနိုင်သည်။ထိုအခြေအနေမှာ သားအိမ်တွင်းသန္ဓေတားဆေးထည့်သောအခါ၊ ကလေးမွေးပြီးနောက်နှင့် ကလေးပျက်ကျပြီးနောက် အခြေအနေများတွင် ဖြစ်နိုင်သည်။


ဖြစ်နိုင်ချေများသူများ

-------------------------

- အမျိုးသမီး အသက် ၂၅နှစ်အောက် လိင်ဆက်ဆံမှုရှိသူ

- အတူနေ လိင်ဆက်ဆံသူများသူ

- မိမိနှင့်အတူနေသူသည် အတူနေသူများပါက

- အကာအကွယ် ကွန်ဒုံမသုံးဘဲ လိင်ဆက်ဆံပါက

- မကြာသေးမီကပင် သားအိမ်တွင်းသန္ဓေတားဆေး ထည့်ထားသောအခါ

- သားအိမ်ခေါင်းထဲထိ ဆေးကြောတတ်သော အမျိုးသမီးများ

- အရင်က  အမျိုးသမီး တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသောရောဂါဖြစ်ပွားဖူးပါက (သို့) အခြားလိင်မှကူးစက်တတ်သော ရောဂါပိုးရှိပါက


နောက်ဆက်တွဲ ပြဿနာများ

အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်း သောရောဂါကို မကုသပါက ဖြစ်ပွားသောနေရာတွင် အနာဖြစ်ကာ ပြည်တည်သည်ထိဖြစ်ပွားနိုင်သည်။ထိုမှ သားဥပြွန်နှင့် အခြားမျိုးပွားအဂါႍများကို ထိခိုက်စေနိုင်သည်။နောက်ဆက်တွဲ ပြဿနာများတွင် အောက်ပါတို့ဖြစ်ပွားနိုင်သည်။

(၁) နေရာလွဲမှားသန္ဓေတည်ခြင်း - အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါသည် နေရာလွဲမှားသန္ဓေတည်ခြင်း၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။နေရာလွဲမှားသန္ဓေတည်ခြင်းတွင် မျိုးအောင်သော သန္ဓေဥသည် သားအိမ်ထိဆင်းရာတွင် သားဥပြွန်တွင် ကောင်းစွာမဖြတ်သန်းနိုင်ခြင်းကြောင့်ဖြစ်သည်။နေရာလွဲမှားသန္ဓေတည်ခြင်းသည် အသက်အန္တရာယ်ပင် ဆုံးရှုံးနိုင်သည့်သွေးဆင်းမှု အထိဖြစ်ပွားနိုင်ကာ အရေးပေါ်ခွဲစိတ်ရသည်အထိဖြစ်နိုင်သည်။

(၂) ကလေးမရနိုင်ခြင်း - အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါသည် မျိုးပွားအဂါႍများကို ထိခိုက်စေကာ ကလေးမရနိုင်သည်အထိဖြစ်နိုင်သည်။အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါဖြစ်ပွားသော အကြိမ်ရေများလေ ကလေးမရနိုင်နှုန်းမှာ ပိုမိုမြင့်မားလေဖြစ်သည်။ကုသမှုနှောင့်နှေးပါကလည်း ကလေးမရနိုင်နှုန်းကို ပိုမိုမြင့်မားစေသည်။

(၃) တင်ပါးဆုံတွင်း ကြာရှည်စွာ နာကျင်ခြင်း - လ မှ နှစ်ထိတိုင် ကြာရှည်စွာနာကျင်စေနိုင်သည်။သားဥပြွန်နှင့် အခြားမျိုးပွားအဂါႍများတွင် အနာဖြစ်စေရာမှ လိင်ဆက်ဆံသောအခါနှင့်သားဥကြွေသောအခါများတွင် နာကျင်ရလေ့ရှိသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အောက်ပါလက္ခဏာများရှိလျှင် ဆရာဝန်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါသည်။

- ဝမ်းဗိုက်အောက်ပိုင်းမှ အရမ်းနာကျင်လျှင် 

- အန်လျှင်

- မူးမေ့သည့်လက္ခဏာများဖြစ်လျှင်

- အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက်များလျှင်


သင့်ရောဂါလက္ခဏာမဆိုးသော်လည်း မသက်သာပဲကြာရှည်နေပါကလည်း ဆရာဝန်နှင့်သွားရောက်တိုင်ပင်သင့်သည်။

မိန်းမကိုယ်မှ အန့ံနံသောအရည်များဆင်းခြင်း၊ ဆီးသွားလျှင် နာခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ရာသီတစ်ခါနှင့်တစ်ခါကြားတွင် သွေးဆင်းခြင်းတို့သည် လိင်မှကူးစက်တတ်သောရောဂါပိုးများကြောင့်ဖြစ်တတ်သည်။ထိုလက္ခဏာများဖြစ်ပေါ်လာပါက အတူနေလိင်ဆက်ဆံခြင်းကို ခေတ္တရှောင်ကြဉ်ပြီး ဆရာဝန်နှင့်ပြသသင့်သည်။အချိန်မှီကုသပါက အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်သည်။


စစ်ဆေးမှုများ

ဆရာဝန်နှင့်စမ်းသပ်စစ်ဆေး၍ ရောဂါလက္ခဏာပေါ်မူတည်ပြီး အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါဟုသိနိုင်ပါသည်။ထို့ပြင် အမျိုးသမီးသားအိမ်လမ်းကြောင်း(ယောနိ)မှ အချွဲမှေးစစ်၍လည်းကောင်း၊ သားအိမ်ခေါင်းမှ အချွဲမှေးယူ၍ပိုးမွေးစစ်ဆေးခြင်းဖြင့်လည်းကောင်း၊ ဆီးစစ်၍လည်းကောင်း သိနိုင်သည်။

အခြားအောက်ပါ စစ်ဆေးမှုများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ခြင်းဖြင့်လည်း ရောဂါကို တိတိကျကျသိနိုင်ပြီး ရောဂါပိုးပြန့်ပွားမှုထိ သိနိုင်သည်။

(၁) Ultrasound အာထရာဆောင်း(တယ်လီဗွီးရှင်း ဓာတ်မှန်) - အသံလှိုင်းကိုအသုံးပြု၍ အမျိုးသမီးမျိုးပွားအဂါႍများကို စစ်ဆေးနိုင်သည်။

(၂) Endometrial biopsy သားအိမ်မှ အသားစ စစ်ဆေးခြင်း

(၃) Laparoscopy မှန်ပြောင်းဖြင့် စစ်ဆေးခြင်း - ဝမ်းဗိုက်မှ သေးငယ်သော အပေါက်လေးဖောက်ကာ အမျိုးသမီးမျိုးပွားအဂါႍများနှင့် အခြားတင်ပါးဆုံတွင်းရှိ အဂါႍများကို ကြည့်ရှုစစ်ဆေးနိုင်သည်။


ကုသခြင်း

ပုံမှန်အားဖြင့် အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါသည် ဆေးရုံတက်ကုသစရာ လိုအပ်လေ့မရှိပါ။အောက်ပါနည်းများဖြင့် ကုသနိုင်သည်။

(၁) ပိုးသတ်ဆေးဖြင့်ကုသခြင်း - အခြားနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ပေးနိုင်သည်။သို့သော် ထိခိုက်နှင့်ပြီးသားအနာများကိုမူ မသက်သာနိုင်စေပေ။

(၂) သင့်အဖော်ကိုပါ ကုသခြင်း - လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါပိုးများပြန်မဖြစ်အောင် ကာကွယ်ရာတွင် သင့်အဖော်ကိုပါ ကုသရန်လိုအပ်လှသည်။ထို့ကြောင့် သင့်အဖော်ကိုပါ စစ်ဆေးမှုခံယူရန်အကြံပေးသင့်ပြီး ကုသမှုခံယူခိုင်းသင့်သည်။

(၃) ဆက်ဆံမှု ခဏတာရှောင်ကြဉ်ခြင်း - သင်နှင့် သင့်အဖော်နှစ်ယောက်လုံး ကုသမှုအားလုံးပြီးမြောက်သည်နှင့် ရောဂါပိုးကင်းစင်သည်ဟုစစ်ဆေးပြီးသည်အထိ ရှောင်ကြဉ်သင့်သည်။


အောက်ပါအခြေအနေများတွင် ဆေးရုံတက်ကုသရန်လိုအပ်နိုင်ပါသည်။

- အလွန်အမင်းဖျားနာနေပါက

- ကိုယ်ဝန်ဆောင်ဖြစ်ပါက

- သောက်ဆေးဖြင့် ရောဂါအခြေအနေမတိုးတက်ပါက


ဆေးရုံတွင် ကုသရာတွင် ပိုးသတ်ဆေးထိုး၍ အရင် ကုသပြီးမှ သောက်ဆေးဆက်သောက်ရလေ့ရှိသည်။ခွဲစိတ်ကုသမှုလိုအပ်ခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။သို့သော် ပြည်ပေါက်လျှင် (သို့) ပေါက်မည့်ပုံစံဖြစ်နေလျှင် ခွဲစိတ်ထုတ်ရလေ့ရှိသည်။

တစ်ခါတစ်ရံ ပိုးသတ်ဆေးဖြင့် ရောဂါမသက်သာသောအမျိုးသမီးများနှင့်  ရောဂါလက္ခဏာမရှိဘဲ ရောဂါရှာဖွေဖော်ထုတ်ရာတွင်ခက်ခဲသော အမျိုးသမီးများတွင်လည်း ခွဲစိတ်ကုသမှုလိုအပ်နိုင်သည်။


ကာကွယ်ခြင်း

(၁) ကြိုတင်ကာကွယ်၍လိင်ဆက်ဆံမှု - အတူနေဆက်ဆံသောအခါတိုင်း ကွန်ဒုံ သုံး၍ ဆက်ဆံခြင်း၊ အတူနေလူအရေအတွက်မများခြင်း၊ မိမိအဖော်အား ရောဂါကူးနိုင်သောအချက်များကို ကြိုတင်မေးမြန်းထားခြင်း

(၂) ဆရာဝန်နှင့်တိုင်ပင်၍ သားအိမ်တွင်းသန္ဓေတားဆေး ထည့်သည့်နည်းလမ်းကိုဆွေးနွေးခြင်း

(၃) သင့်တွင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါပိုးများရှိနိုင်ချေများပါက ဆရာဝန်နှင့်တိုင်ပင်၍ စစ်ဆေးကုသမှုခံယူသင့်သည်။လိုအပ်ပါက အမြဲပုံမှန်စစ်ဆေးခြင်း(regular screening schedule)ကိုပါ ပြုလုပ်သင့်သည်။

(၄) သင့်အဖော်ကို စစ်ဆေးစေခြင်း - သင့်တွင် အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါ (သို့) လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါပိုးများရှိပါက သင့်အဖော်ကို စစ်ဆေးကုသဖို့ အကြံပေးသင့်သည်။ဤသို့ဖြင့်လိင်မှတစ်ဆင့်ကူးစက်တတ်သော

ရောဂါပိုးများပြန့်ပွားမှုကို ကာကွယ်နိုင်သည့်အပြင် အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ရမ်းသောရောဂါ ထပ်မံမဖြစ်ပွားအောင်လည်းတားဆီးပေးနိုင်သည်။

(၅) အမျိုးသမီးအဂါႍအတွင်းထိ မဆေးကြောပါနှင့် - ထိုသို့ဆေးကြောခြင်းဖြင့် လူကိုထိခိုက်စေသောရောဂါပိုးများကို ကာကွယ်ပေးသော ပုံမှန်ရှိသည့်လူ့ခန္တာကိုယ်အတွက်အကျိုးရှိသော ပိုးများကို လျော့နည်းစေသည်။

(၆) အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းခြင်းကို ဂရုစိုက်ခြင်း - ဆီးသွားပြီးနောက် အရှေ့မှအနောက်ကိုသာဆေးကြောခြင်းဖြင့် ကာကွယ်နိုင်သည်။



Ref: Mayo clinic

Credit : Dr.YadanarPhooWaiAung




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18