Print

Uveitis ( မျက်စိအတွင်း နံရံလွှာရောင်ခြင်း)

  06-May-2017
Preview Image

မျက်စိအတွင်း နံရံလွှာရောင်ခြင်း ဆိုသည်မှာ မျက်စိအတွင်းရှိ မျက်သားနံရံအတွင်းလွှာ တစ်သျှူးလေးများ ထိခိုက်ရောင်ရမ်းခြင်း ဖြစ်သည်။ 

မျက်စိနီခြင်း၊ မျက်စိနာခြင်း၊ အမြင်ဝေဝါးခြင်းတို့ ရုတ်တရက် ဖြစ်ပေါ်လာပြီး အမြင်အာရုံ ထိခိုက်မှု မြန်ဆန်နိုင်ပါသည်။


လက္ခဏာများ

- မျက်စိနီခြင်း

- မျက်စိနာခြင်း

- အမြင်ဝေဝါးခြင်း

- အလင်းရောင်ကောင်းစွာ မကြည့်နိုင်ခြင်း

- အမဲစက်များ၊ အရာဝတ္ထုများ ေ့ရွလျားနေသည်ဟု မြင်ခြင်း

- အမြင်အာရုံ လျော့နည်းလာခြင်း


           Uvea ဆိုသည်မှာ မျက်သားနံရံရှိ အလယ်အလွှာကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုအလွှာတွင် iris (မျက်သားနံရံ အေ့ရှလွှာ)၊ ciliary body 

(မျက်စိမှန်ဘီလူးကို ထောက်ပံ့ပေးသော အစိတ်အပိုင်း)၊ choroid (မျက်သားနံရံ အနောက်လွှာ) တို့ပါဝင်ပါသည်။ ထိခိုက်သည့် နေရာပေါ်မူတည်၍အောက်ပါအတိုင်း အမျိုးအစားများ ခွဲခြားထားပါသည်။ 

 

- Iritis (anterior uveitis) ---- မျက်သားနံရံ အေ့ရှလွှာ ရောင်ရမ်းခြင်း ဖြစ်ပြီး အဖြစ်အများဆုံး ဖြစ်သည်။

- Cyclitis ( intermediate uveitis) ---- မျက်စိမှန်ဘီလူးအား ထောက်ပံ့ပေးထားသော ကြွက်သား ရောင်ရမ်းခြင်း

- Choroiditis and retinitis ( posterior uveitis) ---- မျက်သားနံရံ အနောက်လွှာ / မြင်လွှာ ရောင်ရမ်းခြင်း

- Diffuse uveitis ( panuveitis) ---- မျက်သားနံရံလွှာ အားလုံး  ရောင်ရမ်းခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- မျက်စိကို ထိခိုက်မိခြင်း (သို့) မျက်စိခွဲထားခြင်း

- Autoimmune  diseases ဟုခေါ်သည့် ကိုယ်ခံအားတုံ့ပြန်မှု စံလွဲရောဂါစုများ (e.g Sarcoidosis, Ankylosing spondylitis)

- နာတာရှည် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ

- ကာလသားရောဂါ၊ ရေယုန်၊ တီဘီရောဂါ၊ Lyme ရောဂါ

- မျက်စိကို ထိခိုက်နိုင်သော ကင်ဆာရောဂါများ (e.g Lymphoma)


ဖြစ်နိုင်ချေများသူများ

ဆေးလိပ်သောက်သုံးသူများတွင် ပိုမိုဖြစ်နိုင်ပါသည်။


နောက်ဆက်တွဲ ပြဿနာများ

- မျက်စိရေတိမ် ဖြစ်ခြင်း

- မျက်စိအတွင်းတိမ် ဖြစ်ခြင်း

- မျက်စိအာရုံကြော ပျက်စီးခြင်း

- မျက််စိ အမြင်လွှာ ကွာကျခြင်း

- အမြင်လုံးဝ ပျောက်ဆုံးခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ

မျက်စိနာခြင်း၊ အမြင်အာရုံနှင့်ပတ်သက်၍ မရှင်းလင်းပါက မျက်စိအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- မျက်စိအထူးကုဆရာဝန်မှ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း

- Blood tests - သွေးစစ်ဆေးခြင်း

- မျက်စိအတွင်း၌ ရှိသော အရည်စစ်ဆေးခြင်း

- Angiography - မျက်စိအမြင်လွှာ အတွင်းရှိ သွေးလည်ပတ်မှုကို ဓါတ်ပုံရိုက်ခြင်း

- မျက်စိအမြင်လွှာ အထူကိုတိုင်းတာခြင်း

- မျက်စိအမြင်လွှာအတွင်းရှိ အရည်ပမာဏ စစ်ဆေးခြင်း

- အခြား ရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း


ကုသခြင်း

- မျက်စဉ်းခတ်ခြင်း

- ပဋိဇီဝဆေး (Antibiotics) သောက်ခြင်း

- ကိုယ်ခံအား တုံ့ပြန်မှုကျဆင်းစေသည့်ဆေး ( Immunosuppressive drugs) သောက်ခြင်း

- Vitrectomy --- မျက်စိအတွင်းလွှာ ဖြတ်ထုတ်ခြင်း



Translated by Dr. Su Myat Mon Phone

Ref: Mayo clinic


 







Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18