Print

Anal fistula (ဂရင်ဂျီနာ)

  09-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

   ဂရင်ဂျီနာသည် စအိုဘေးဘက်အရေပြားနှင့် အစာအိမ်နှင့်အူလမ်းကြောင်းအဆုံး (အစာဟောင်းအိမ် သို ့မဟုတ် စအိုလမ်းကြောင်း)နေရာ နှစ်ခုဆက်သွားသောပုံမမှန်လမ်းကြောင်းဖြစ်သည်။


    ဂရင်ဂျီနာအများစုသည် စအိုအနီးတဝိုက်ရှိ ဂလင်းများတွင် ရောဂါပိုးဝင်ရောက်သောကြောင့်ဖြစ်သည်။ရောဂါပိုးဝင်သောအခါ အဆိုပါဂလင်းများတွင် ပြည်စုများဖြစ်လာသည်။ထိုပြည်စုများနှင့် စအိုဘေးဘက်ရှိ အရေပြားသည် အတွင်းဘက်မှ ပုံမမှန်ပြွန်ငယ်တစ်ခုဖြင့် ဆက်သွားပြီး ဂရင်ဂျီနာဖြစ်လာသည်။ထို ့ကြောင့် ထိုအပေါက်မှ ပြည်ကဲ့သို ့အရည်များ၊ အကျိအချွဲများထွက်နေခြင်းဖြစ်သည်။


လက္ခဏာများ

၁။ စအိုဝယားယံခြင်း။

၂။ စအိုမှ အဖြူရောင်အရည်များဆင်းခြင်း၊ ရံဖန်ရံခါ သွေးပါခြင်း၊ အနံ့နံသောအရည်များဆင်းခြင်း၊ ဝမ်းသွားလျှင်သွေးပါခြင်း။

၃။ ထိုင်သည့်အခါ ၊ချောင်းဆိုးသည့် အခါ နှင့်ဝမ်းသွားသည့် အခါများတွင် စအိုဝနာကျင်တတ်ခြင်း။

၄။ စအိုပြည်တည်နာများနှင့်တွဲ၍ ဖြစ်ပါက စအိုုနီရဲခြင်း၊ နာကျင်ခြင်းနှင့် အဖျားတက်ခြင်းတို့ပါတွဲ၍ ဖြစ်နိုင်ပါသည်။

၅။ ဝမ်းမထိ်န်းနိုင်ခြင်းတို့နှင့်ပါတွဲ၍ ဖြစ်နိုင်သည်။

၆။ ဂရင်ဂျီနာ၏ အပြင်ဘက်အပေါက်ကို စအိုဝဘေးတွင် တွေ့ရနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဂရင်ဂျီနာတော်တော်များများသည် စအိုပြည်တည်နာနှင့် တွဲ၍ ဖြစ်တတ်သည်။စအိုပြည်တည်နာ ဖြစ်သူ ၄ယောက်တွင် ၁ယောက်ခန့်သည်  ဂရင်ဂျီနာဖြစ်သည်။

   

ဂရင်ဂျီနာသည် အူလမ်းကြောင်းရောင်ရမ်းသောရောဂါများ၊ အူတီဘီ ၊အူလမ်းကြောင်းကင်ဆာများ၊အူလမ်းကြောင်းတစ်လျှောက် အလုံးအကျိိတ်ဖြစ်သောရောဂါများ၊ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးဆက်တတ်သောရောဂါများ၊ စအိုလမ်းကြောင်းပိုုးဝင်ခြင်းများ နှင့်လည်းတွဲတတ်ပါသည်။ 


ဖြစ်နိုင်ချေများသူများ

စအိုပြည်တည်နာရှိသူ ၂၅-၅၀%သည် ဂရင်ဂျီနာဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်သည့် အကြောင်းရင်းများမှာ-

- အူလမ်းကြောင်းရောင်ရမ်းသည့် ရောဂါရှိသူများ

- တီဘီရောဂါ၊ ဆီးချိုရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိသူများ

- စအိုတစ်ဝိုက်ကို ထိခိုက်ဒဏ်ရာရဖူးသူများ

- စအိုတစ်ဝိုက်ကို ဓာတ်ရောင်ခြည်ပေး၍ ကုသဖူးသူများ

- အစာဟောင်းအိမ်နှင့် စအိုကင်ဆာရှိသူများ


နောက်ဆက်တွဲဆိုးကျိုးများ

- ဆီးသွားသည့် လမ်းကြောင်း၊ ဝမ်းသွားသည့် လမ်းကြောင်းများနှင့် ဆက်သွားပါက ဂရင်ဂျီနာအပေါက်မှ ဆီး၊ ဝမ်းများထွက်ခြင်း။

- ပိုးဆိပ်ပျံ ့နှံ ့ခြင်း


ခွဲစိတ်ပြီးနောက်ပိုင်းဖြစ်နိုင်သည့် ပြဿနာများ

ခွဲစိတ်ပြီးပြီးခြင်းတွင်

- ဆီးတင်းခြင်း

- ခွဲထားသည့်နေရာမှသွေးထွက်ခြင်း

- ဝမ်းမသွားနိိုင်ခြင်း

- လိပ်ခေါင်းဖြစ်နိုင်ခြင်း


ခွဲစိတ်ပြီးအချိန်အတော်ကြာမှ ဖြစ်နိုင်သောဆိုးကျိုးများ

- ပြန်ဖြစ်နိုုင်ခြင်း

- ဝမ်းမလုံခြင်း

- စအိုလမ်းကြောင်းကျဉ်းသွားခြင်း

- အနာမကျက်ခြင်း (၃လလောက်ကြာသည့်အထိ အနာမကျက်ပါက အူလမ်းကြောင်းရောင်ရမ်းသည့် ရောဂါများနှင့် တွဲနေတတ်သည်)


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ပါလက္ခဏာများပေါ်ပေါက်လာပါက ရောဂါဖြစ်ပွားသည့် အကြောင်းရင်းကို ရှာရန် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- စအိုမှတစ်ဆင့် အူလမ်းကြောင်းမှန််ပြောင်းကြည့်ခြင်း

- ဂရင်ဂျီနာလမ်းကြောင်းကို ပုံဖော်ဓာတ်မှန်ရိုက်ကူးခြင်း

- စအိုအတွင်းပိုင်းတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း

- သံလိုုက်ဓာတ်မှန်ရိုက်ခြင်း


ကုသခြင်း

 ဂရင်ဂျီနာများသည် ခွဲစိတ်ကုသ၍သာ လုံးဝပျောက်ကင်းနိုင်သည်။

- ပြွန်ဖြစ်နေသည့် လမ်းကြောင်းတစ်ခုလုံးကို ဖြတ်တောက်ဖယ်ရှားခြင်း

- လမ်းကြောင်းကို seton ဟုခေါ်သော ကြိုးစထည့်ပြီးပိတ်ခြင်း  -စအိုကျုံ့ကြွက်သားများထိပြီး ဝမ်းမလုံခြင်းများပါဖြစ်လျှင် လမ်းကြောင်းတစ်ခုလုံးကို    ဖြတ်တောက်ဖယ်ရှားမည့်နည်းလမ်းအစား အစာဟောင်းအိမ်မှ အသားစယူ၍    အတွင်းဘက်လမ်းကြောင်းကို ပိတ်ဆို့ခြင်းနည်းလမ်းဖြင့်ကုသခြင်းကို    စဉ်းစားမည်ဖြစ်သည်။

- LIFT (Ligation of  intersphincteric fistula tract)-စအိုကျံု ့ကြွက်သားများကို ခွဲ၍ ပြွန်လမ်းကြောင်းကို ဖြတ်တောက်ဖယ်ရှားခြင်း

- အမျှင်ဓာတ်များပါဝင်သည့် ကော်တစ်မျိုးကို ပြွန်ဖြစ်နေသည့် လမ်းကြောင်းတစ်လျှောက်သို့ ထိုးသွင်းကုသခြင်းသည် ခွဲစိတ်ခြင်းမဟုတ်သည့် တစ်မျိုးတည်းသောကုသနည်းဖြစ်သည်။သို့သော် အဆိုပါနည်းလမ်းသည်လည်း    မေ့ဆေးပေး၍ ကုသရန်လိုပါသည်။


ရှောင်ရန်ဆောင်ရန်အချက်များ

- အမျှင်ဓာတ်ကြွယ်ဝသောအစားအသောက်များများစားပါ(အုတ်ဂျံု၊ဆန်လုံးညို၊ သဘောင်္သီး၊ငှက်ပျောသီး၊ပန်းသီး၊လိမ္မော်သီး၊ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီစိမ်း စသည်ဖြင့်)

- ပူလွန််း၊စပ်လွန်းသောအစားအသောက်များကိုရှောင်ပါ

- ရေများများသောက်ပါ

- အသားလျှော့စားပါ

- စအိုဝန်းကျင်ကို အလွန်အမင်းဆေးကြောခြင်းကို ရှောင်ကြဉ်ပါ

- တစ်နေ ့ကို ၁၅-၂၀ခန် ့ ဆားကျက်ရည်ထိုင်ပါ


Translated by: Khin JyuJyu Ko

Ref: NHS choice, Medscape,Top 10 Home remedies



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18