Print

Giant cell arteritis (သွေးကြောကြီးများယောင်ခြင်း)

  09-May-2017
Preview Image

သွေးကြောကြီးများယောင်ခြင်း ဆိုသည်မှာ ဦးခေါင်းမှသွေးလွှတ်ကြောကြီးများ၊အထူးသဖြင့်နားထင်ရှိသွေးလွှတ်ကြောကြီးများယောင်ခြင်းဖြစ်သည်။


လက္ခဏာများ

- အဖြစ်များဆုံးရောဂါလက္ခဏာမှာ ခေါင်းကိုက်ခြင်းဖြစ်သည်။များသောအားဖြင့် ခေါင်းနှစ်ခြမ်းစလုံးဖြစ်တတ်သည်။

- အခြားရောဂါလက္ခဏာများမှာ -

          -အမြင်ဝေဝါးလာခြင်း(မျက်စိတစ်ဖက်တည်းဖြစ်လေ့ရှိပြီး ရောဂါဆိုးလာပါက ၂ဖက်လုံးဖြစ်လာနိုင်သည်)

          - ရုတ်တရက်အမြင်ကွယ်သွားခြင်း

          - ဦးရေပြားနာကျင်ခြင်း(အထူးသဖြင့် ခေါင်းဖြီးချိန်တွင်)

          - မေးရိုးကိုက်ခြင်း

          - ကိုယ်ပူခြင်း

          - နှုန်းချိခြင်း

          - သိသိသာသာ ပိန်သွားခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

အကြောင်းရင်းမှာတိတိကျကျ မရှိသေးပေ။ လေ့လာတွေ့ရှိချက်များအရ မျိုးရိုးဗီစ ပြဿနာနှင့် ဆက်စပ်မှုရှိနိုင်သည်။

Giant cell arteritis သည် သွေးကြောကြီးများ၏နံရံများယောင်ခြင်းမှ ခန္တာကိုယ်တစ်ခုလုံးရှိကလပ်စည်းများသို့ သွေးအရောက်နည်းလာကာ လိုအပ်သော အောက်ဆီဂျင် နှင့် အာဟာရများမရသည်အထိဖြစ်လာနိုင်သည်။

များသောအားဖြင့် အရွယ်အစားကြီးမားသော သွေးကြောကြီးများဖြစ်ပွားလေ့ရှိသည်။အဖြစ်များဆုံးမှာ နားထင်တစ်ဝိုက်သို့ သွေးထောက်ပံ့ပေးသောသွေးကြောတစ်ခုတွင်ပိုမိုဖြစ်ပွားလေ့ရှိသည်။ထို့ကြောင့် နား၏ရှေ့ဘက်မှ ဦးရေပြားထိနာကျင်လေ့ရှိသည်။


ဖြစ်နိုင်ချေများသူများ

ပိုမိုဖြစ်ပွားနိုင်သူများမှာ -

(၁) အသက်အရွယ်အရ အသက် ရ၀ နှင့် ၈၀ ကြားတွင် အဖြစ်များသည်

(၂) အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆ ပိုမိုဖြစ်ပွားနိုင်သည်

(၃) မျိုးရိုးတွင် Giant cell arteritis ရောဂါရှိသူများ

(၄) ဥရောပမြောက်ပိုင်း နိုင်ငံများရှိ လူဖြူများတွင် အဖြစ်များသည်

(၅) Polymyalgia rheumatica ရောဂါရှိပါကလည်း သွေးကြောကြီးများယောင်ခြင်းကို   ပိုမိုဖြစ်ပွားနိုင်သည်


နောက်ဆက်တွဲ ပြဿနာများ

အချိန်မှီ မကုသပါက 

- Permanent blindness - အမြင်အာရုံလုံးဝဆုံးရှုံးခြင်း 

- Aortic aneurysm - ခန္တာကိုယ်တစ်ခုလုံးသို့သွေးပို့ဆောင်ပေးသော သွေးကြောမကြီးဖောင်းခြင်း(ပေါက်သွားပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်)

- Stroke - လေဖြတ်ခြင်း( အဖြစ်နည်းသည် )


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- မျက်စိဝေဝါးလာလျှင်

- ခေါင်းခဏခဏ ကိုက်ခြင်း


စစ်ဆေးမှုများ

- ဆရာဝန်မှ ခံစားနေရသော ရောဂါလက္ခဏာမေးမြန်းခြင်းဖြင့် ရောဂါကို အကြမ်းဖျင်းသိရှိနိုင်ပါသည်။ 

- Physical examination - ဆရာဝန်နှင့်ရောဂါလက္ခဏာများစစ်ဆေးခြင်း

- Blood tests - သွေးစစ်ဆေးခြင်း

- Biosy - အသားစယူပြီး စစ်ဆေးခြင်း

- Magnetic resonance angiography ( MRA ) - သံလိုက်ဓာတ်မှန်ဖြင့် သွေးကြောများ စစ်ဆေးခြင်း

- Doppler ultrasound - အသံလှိုင်းဓာတ်မှန်ဖြင့် သွေးကြောများ စစ်ဆေးခြင်း

- Positron emission tomography  (PET) - ရေဒီယိုသတ္တိကြွစက်ဖြင့် သွေးကြောများ စစ်ဆေးခြင်း


ကုသခြင်း

ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်ဆေးဖြင့် ကုသနိုင်ပါသည်။

အိမ်တွင်းကုသနည်းများအနေဖြင့်

- ကျန်းမာရေးအတွက် သင့်တင့်လျှောက်ပတ်သော အစားအစာများစားခြင်း

- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း

- ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း

- ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် aspirn ဆေး သောက်ပေးခြင်း


ကာကွယ်ခြင်း

- အထက်ပါ အိမ်တွင်းကုသနည်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။


Credit -  Yadanar

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18