Print

Hemorrhoids (လိပ်ခေါင်းရောဂါ)

  09-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

       လိပ်ခေါင်းရောဂါသည် စအိုလမ်းကြောင်း၊ အစာဟောင်းအိမ်တွင် ရှိသော သွေးပြန်ကြောများဖောင်းလာသေကြောင့် ဖြစ်သည်။

       လိပ်ခေါင်းကို ဖြစ်စေသောအကြောင်းရင်းများစွာ ရှိပါသည်။

       လိပ်ခေါင်းသည် အစာဟောင်းအိမ်ထဲတွင် ရှိလျှင် အတွင်းလိပ်ခေါင်းဟု ခေါ်ပြီး  စအိုဘေးနား အရေပြားတွင် ဖြစ်ပါက အပြင်လိပ်ခေါင်းဟုခေါ်သည်။    


လက္ခဏာများ

- ဝမ်းသွားလျှင် မနာမကျင်ဘဲ သွေးစများပါခြင်း၊ အိမ်သာသုံးစက္ကူ၊ အိမ်သာခွက်ထဲတွင် သွေးစများကို သတိထားမိခြင်း

- စအိုဝယားယံခြင်း

- တစ်ခါတစ််ရံ စအိုဝနာကျင်ခြင်း၊ နေရထိုင်ရခက်ခြင်း

- စအိုဝတွင် တစ်ဆို ့တစ်ဆို ့ခံစားရခြင်း

- စအိုဝတွင် အလုံးစမ်းမိခြင်း

     *ရောဂါလက္ခဏာများသည် လိပ်ခေါင်းဖြစ်နေသည့် နေရာပေါ်မူတည်၍ အနည်းငယ်ကွာခြားနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ နှင့် ဖြစ်နိုင်ချေများသူများ

စအိုတစ်ဝိုက်တွင် ရှိသောသွေးပြန်ကြောများသည် ဖိအားများလာသည့် အခါ ဖောင်းလာပြီး လိပ်ခေါင်းဖြစ်လာခြင်းဖြစ်သည်။ဖိအားများလာစေသော အကြောင်းရင်းများမှာ -

- ဝမ်းညှစ်၍ သွားရခြင်း၊ ဝမ်းချုပ်ခြင်း

- အိမ်သာထဲတွင် အချိန်အကြာကြီး ထိုင်၍ သွားသောသူများ

- နာတာရှည် ဝမ်းလျှောနေသူများ၊ သို ့မဟုတ် ဝမ်းချုပ်နေသူများ

- အဝလွန်သူများ

- ကိုယ်ဝန်ဆောင်များ

- စအိုဖြင့် လိင်ဆက်ဆံမှုပြုသူများ

- အသီးအရွက် နှင့် အမျှင်ဓာတ်ပါသောအစားအသောက် စားသုုံးမှုနည်းသူများ

     *အသက်အရွယ်ကြီးသူများတွင် လိပ်ခေါင်းဖြစ်ရန် အခွင့်အလမ်းပိုများပါသည်။အသက်ကြီးလာသည်နှင့့် အမျှ စအိုနှင့်အစာဟောင်းအိမ်ရှိ သွေးပြန်ကြောများကို ထောက်ပံ့ပေးထားသော တစ်သျှူးများ အားလျော့လာသောကြောင့် ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

- သွေးအားနည်းရောဂါဖြစ်ခြင်း

- အတွင်းလိပ်ခေါင်းသို ့ သွေးရောက်ရှိမှု မရှိတော့သည့်အခါတွင် စအိုတစ်ဝိုက် မခံမရပ်နိုင်အောင်နာကျင်ခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဝမ်းသွားရင်း သွေးပါခြင်းသည် လိပ်ခေါင်းရောဂါ၏ အတွေ ့ရအများဆုံး လက္ခဏာဖြစ်သော်လည်း  လိပ်ခေါင်းကို ဖြစ်စေသောအကြောင်းရာများနှင့် ဝမ်းသွားရင်းသွေးပါခြင်းကို ဖြစ်စေသည့် အခြားအကြောင်းရာများကို သိရန်၊ ကုသရန် လိုအပ်သောကြောင့် ဆရာဝန်နှင့် ပြသသင့်ပါသည်။


ဝမ်းသွားရင်းသွေးပမာဏ အများကြီးသွားခြင်း၊ ခေါင်းမူးခြင်း၊မိုက်ခနဲဖြစ်ခြင်းများ ရှိလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပါ။


စစ်ဆေးမှုများ

- လူနာကို ဘေးတစ်စောင်း၊ ခွခေါင်းအုံးဖက်သည့် အနေအထား လှဲနေခိုင်းခြင်းဖြင့် အပြင်လိပ်ခေါင်းကို အလွယ်တကူ တွေ ့နိုင်ပါသည်။

- ဆရာဝန်မှ စအိုတွင်းလက်ချောင်းထည့်၍ စမ်းသပ်စစ်ဆေးခြင်း

- စအိုနှင့် အူမကြီးအောက်ပိုင်းကြည့် မှန်ပြောင်းထည့်ကာ စမ်းသပ်စစ်ဆေးခြင်း

- ရောဂါလက္ခဏာများမှာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အခြားရောဂါများ ဖြစ်နေနိုင်သည်ဟု ဆရာဝန်မှ ယူဆသည့်အခါ၊ အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာဖြစ်စေနိုင်သော အကြောင်းရင်းများရှိသည့် အခါ၊ သက်လတ်ပိုင်းအရွယ်ဖြစ်ခြင်းနှင့်  အရင်က အူမကြီးမှန်ပြောင်း မကြည့်ဘူးသူများတွင် အူမကြီးမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း


ကုသခြင်း

- သောက်ဆေး၊လိမ်းဆေးများဖြင့် ကုသခြင်း

- သေးငယ်သော ရာဘာကြိုးနှစ်ခုဖြင့် အတွင်းလိပ်ခေါင်း၏ အရင်းကိုပိတ်ချည်၍ ကုသခြင်း (Rubber band ligation)

- ဖောင်းနေသော သွေးပြန်ကြောများထဲသို ့ဓာတုပစ္စည်းတစ်မျိုးထိုးထည့်၍ ရှုံ ့သွားအောင်ပြုလုပ်ခြင်း(Injection sclerotherapy)

- လေဆာ၊ အနီအောက်ရောင်ခြည်များသုံး၍ ဖောင်းနေသော သွေးပြန်ကြောများကို အေးခဲစေခြင်း (Coagulation) 

- လိပ်ခေါင်းတစ်ခုလုံးကို ဖြတ်တောက်ဖယ်ရှားခြင်း(Hemorrhoidectomy)

- အဆင့်မြင့် ကိရိယာသုံး၍ လ်ိပ်ခေါင်းတစ်ခုလုံးကို ဖြတ်တောက်ဖယ်ရှားခြင်း(Hemorrhoid stapling)


ကာကွယ်ခြင်း

- အမျှင်ဓာတ်များသော အစားအစာများများစားပါ။

- ရေများများသောက်ပါ။

- ဝမ်းချုပ်မခံပါနှင့်။

- ဝမ်းသွားချင်လျှင် ချက်ချင်းထသွားပါ။

- သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

- အိမ်သာထဲတွင် အချိ်န်အကြာကြီး ထိုင်နေခြင်းကို ရှောင်ကြဉ်ပါ။

- ဆားခါးရည်ထိုင်ပေးပါ။ဇလုံထဲတွင် ဆားခါးနှင့် ရေနွေးကိုဖျော်ပါ။ ထိုကြက်သီးနွေးထရုံရေထဲတွင် တစ်ခါထိုင် ၁၀-၁၅ မိနစ်ခန် ့နှင့် တစ်နေ ့ကို ၃ကြိမ်ခန် ့ထိုင်ပေးပါ။

- စအိုတစ်ဝိုက်ကို သေချာစွာသန် ့ရှင်းရေးလုပ်ပါ၊ရေနွေးဖြင့် လုပ်လျှင်ပိုကောင်းပါသည်။ပြီးလျှင် သန် ့ရှင်းသောအဝတ်ဖြင့် ခြောက်အောင်သုတ်ပါ။လိုအပ်ပါက ဆံပင်အခြောက်ခံစက်လည်း အသုံးပြုနိုင်ပါသည်။

- အိမ်သာတက်ပြီးလျှင် စက္ကူမသုံးပါနှင့်၊ရေဖြင့်သာဆေးကြောသန် ့စင်ပါ။


Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18