Print

Scoliosis(ခါးစောင်းခြင်း)

  12-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

ခါးစောင်းခြင်းသည် ကျောရိုးမကြီးစောင်းသွားသောကြောင့်ဖြစ်လာသည်။ ကြီးကောင်မဝင်ခင်အချိန်နှင့် ကြီးထွားဖွံ့ဖြိုးမှုအမြန်ဆုံးအချိန်တွင် အဖြစ်များသည်။ CP ဟုခေါ်သော ဦးနှောက်ဖွံ့ဖြိုးမှုနောက်ကျသောရောဂါနှင့် ကြွက်သားများကျုံလှီသော ရောဂါများနှင့်လည်းတွဲ၍ တွေ့ရသည်။ ဖြစ်ပွားသည့်အကြောင်းရင်းကို အတ်ိအကျမသိသေးပေ။ မွေးရာပါကျောရိုးမကြီးပုံသဏ္ဍာန်မမှန်သော ကလေးများသည် ကြီးလာသောအခါတွင်ခါးစောင်းခြင်းမှာ ပို၍ဆိုးသွားတတ်ကြသည်။ ခါးစောင်းသည့်ကလေးငယ်များတွင် အဆုတ်ရောဂါများနှင့်တွဲ၍ တွေုရတတ်သည်။


လက္ခဏာများ

၁။ပခုုံးနှစ်ဖက်မညီခြင်း

၂။ပခုံးတစ်ဖက်သည် တစ်ဖက်ထက်ပို၍ နိမ့်နေခြင်း

၃။ခါးနှစ်ဖက်မညီခြင်း

၄။တင်ပါးတစ်ဖက်သည် တစ်ဖက်ထက်ပို၍ မြင့်နေခြင်း

၅။ခါးစောင်းခြင်းဆိုးလာသည့်အခါတွင် ကျောရိုးမကြီးသည် 

၆။ဘေးတိ်ုက်စောင်းခြင်းအပြင် လည်ပြီးလိမ်သွားနိူင်သည်။ထိုအခါ လည်သွားသည့်ဘက်ရှိ အရိုးအဆစ်များတွင် တောင့်တင်းနာကျင်ခြင်းကို ခံစားရနိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

၁။ဖြစ်ပွားရသည့်အကြောင်းရင်းကို အတိအကျ မသိသေးပေ။သို့သော် အတွေ့ရများသောခါးစောင်းခြင်းသည် မျိုးရိုးလိုက်တတ်ကြောင်းတွေ့ရသည်။

၂။အတွေ့ရနည်းသော ခါးစောင်းခြင်းသည် အောက်ပါအကြောင်းအရာများနှင့် တွဲတတ်သည်။

         (၁)CP ဟုခေါ်သော ဦးနှောက်ဖွံ့ုဖြိုးမှုနောက်ကျသောရောဂါနှင့် ကြွက်သားသိမ်လှီသောရောဂါများ

         (၂)မွေးရာပါ ကျောရိုးမကြီးပုံသဏ္ဍာန်မမှန်ခြင်း

         (၃)ကျောရိုးမကြီးထိခိုက်ဒဏ်ရာရခြင်းနှင့် ရောဂါပိုးဝင်ခြင်း


ဖြစ်နိုင်ချေများသူများ

၁။ရောဂါလက္ခဏာများသည် ကြီးထွားဖွုံုဖြိုးမှုအမြန်ဆုံးအချိန်နှင့် ကြီးကောင်မဝင်ခင်အချိန်တွင် စ၍ပေါ်တတ်သည်။

၂။ဖြစ်ပွားမှုနှုန်းမှာ ယောက်ျားလေးနှင့် မိန်းကလေးအတူတူပင်ဖြစ်သည်။

၃။မျိုးရိုးလိုက်တတ်သော်လည်း ခါးစောင်းသည့်ကလေးတော်တော်များတွင် မျိုးရိုးလိုက်တာကို မတွေ့ရတတ်ပေ။


နောက်ဆက်တွဲ ပြဿနာများ

ခါးစောင်းသည့်ကလေးတော်တော်များများတွင် နောက်ဆက်တွဲဆိုးကျိုးများကို မတွေ့ရသော်လည်း ပြင်းထန်လာလျှင် အောက်ပါဆိုးကျိုုးများကို တွေ့နိုင်သည်။

၁။အဆုတ်နှင့်နှလုံးထိခိုက်ခြင်း--ကျောရိုးမကြီးစောင်းခြင်းမှာ ပို၍ပြင်းထန်လာလျှင် အရိုးများလိမ်သွားသောကြောင့် အဆုတ်နှင့် နှလုံး၏နေရာကျဉ်းသွားနိုင်သည်။ ထိုအခါ အသက်ရှူရခက်ခြင်းနှင့်  နှလုံး၏သွေးညှစ်အားလျော့ကျသွားခြင်းတို့ကို တွေ့ရသည်။

၂။ကျောရိုးစောင်းသည့်ကလေးငယ်များတွင် နာတာရှည်ခါးနာရောဂါများနှင့် တွဲတတ်သည်။

၃။သိသာစွာခါးစောင်းလာလျှင် ကလေးငယ်မှာရှက်ရွံ့ခြင်း နှင့် မိမိကိုုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းများကို ရင်ဆိုင်ရနိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင့်ကလေးငယ်ကြီးထွားဖွံ့ဖြိုးမှုအမြင့်မားဆုံးအချိန်တွင် ကိုယ်ခန္ဓာအနေအထားမှန်မမှန် သတိပြုသင့်သည်။

ကလေးတော်တော်များများမှာနာကျင်ခြင်းမရှိသောကြောင့် မိဘများမှာ သတိမပြုမိတတ်ကြပေ။ 

ခါးစောင်းနေခြင်း၊ ခါးအနေအထားမမှန်ခြင်းများကို သတိထားမိလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။


စစ်ဆေးမှုများ

၁။ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း

၂။သင့်ကလေးငယ်၏လမ်းလျှောက်ပုံ၊  ပခုံးအနေအထား၊ခါးအနေအထားများကို ကြည့်ရှုစစ်ဆေးခြင်း။

၃။အာရုံကြောများလုပ်ဆောင်မှုကို စစ်ဆေးခြင်း(ကြွက်သားများအားလျော့ခြင်း၊ ထုံကျင်ခြင်းနှင့် ပုံမမှန်တုံ့ပြန်မှုများရှိမရှိုစစ်ဆေးခြင်း)

၄။ကျောရိုးမကြီးဓါတ်မှန်ရိုက်ခြင်း(ဓါတ်မှန်ရိုက်၍ ကျောရိုးစောင်းခြင်းကို အတိအကျသိနိုင်သည်)

၅။သံလိုက်ဓါတ်မှန်ရိုက်ခြင်း(ရောဂါဖြစ်ပွားစေသည့်အကြောင်းအရင်းကို ရှာဖွေရာတွင် အသုံးပြုသည်။ ဥပမာ -ဆရာဝန်သည် ကျောရိုးစောင်းခြင်းမှာ ကင်ဆာကြောင့်ဖြစ်သည်ဟု သံသယရှိလျှင် သင့်ကလေးကို သံလိုက်ဓါတ်မှန် ရိုက်ခိုင်းပေလိမ့်မည်။)


ကုသခြင်း

၁။ကျောရိုးထိန်းကိရိယာများတပ်ဆင်ခြင်း -ကျောရိုးထိန်းက်ိရိယာများဝတ်ဆင်ခြင်းသည် ကျောရိုးစောင်းခြင်းကို အရှင်းပျောက်ကင်းအောင် မကုနိုင်သော်လည်း ထပ်ပြီးမဆိုးသွားအောင်  ကာကွယ်ပေးနိုင်ပါသည်။

ကျောရိုးထိန်းကိရိယာများသည် ပလတ်စတစ်များဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ကိုယ်ခန္ဓာကို သက်တောင့်သက်သာဖြစ်စေပါသည်။

အကျင်္ိများအောက်တွင် ဝတ်ဆင်ထားရသည် ။နေ့ရောညပါဝတ်ဆင်နိုင်ပါသည်။

လက်မောင်းအောက်မှစ၍ ခါးအောက်ပိုင်းအထိရှည်ပါသည်။

အကျင်္ီဝတ်သည့် အချိန်ကြာလေလေ ပို၍ အကျိုးရှိလေဖြစ်သည်။

ကျောရိုးထိန်းကိရိယာများဝတ်ဆင်ခြင်းကို ကြီးကောင်ဝင်လာသောအချိ်န်နှင့် ကြီးထွားမှုရပ်တန့်သွားသော အချိန်တွင် ရပ်တန့်န်ုိင်သည်။


၂။ခွဲစိတ်ကုသခြင်း-အသက်ငယ်သည့် အချိန်တွင်ကျောရိုးစောင်းခြင်းပြင်းထန်လျှင် ဆရာဝန်များအနေဖြင့် ခွဲစိတ်ကုသခြင်းနည်းကို စဉ်းစားမည်ဖြစ်သည်။

(နည်းလမ်းများတွင် --အရိုးတစ်ခုနှင့် တစ်ခုကို စတီးချောင်းများ၊ ချိတ်များ ၊ဝက်အူများကို အသုံးပြု၍ တွယ်ဆက်ပေးခြင်း၊ ကျောရိုးမတစ်လျှောက်တွင် စတီးချောင်းထည့်၍ ကျောရိုးစောင်းခြင်း မဆိုးအောင်ထိန်းချုပ်ခြင်း)


ကာကွယ်ခြင်း

၁။ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်၍ ကျောရိုးစောင်းခြင်းကို မကုသနိုင်သော်လည်း သင့်တော်သောကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ပြုလုပ်ပေးရန်လိုသည်။

၂။သင့်ကလေးကိုအားပေးပါ။ကိုယ့်ကိုယ်ကို ယုံကြည်မှုရစေရန်သင်ကြားပေးပါ။ကျောင်းမှပြုလုပ်သော ပျော်ပွဲရွှင်ပွဲ နှင့် အားကစားပွဲများတွင် ပါဝင်ခိုင်းပါ။


အခြားသိသင့်သော အချက်များ (ရှိလျှင်)

၁။သိသာစွာခါးစောင်းခြင်းမရှိလျှင် ခါးထိန်းကိရိယာများ၊ကျောရိုးထိန်းကိရိယာများတပ်ဆင်ခြင်းနှင့် ခွဲစိတ်ကုသစရာမလိုသော်လည်း ၄-၆လ တစ်ခါ ကလေးငယ်၏ ကျောရိုးအနေအထားကို စစ်ဆေးပေးရန်လိုသည်။

၂။မိ််န်းကလေးများတွင် ကျောရိုးစောင်းခြင်းမှာ ပို၍ဆိုးရွားစွာ ခံစားရတတ်သည်။

၃။S ပုံသဏ္ဍာန် ကျောရိုးစောင်းခြင်းသည် ပို၍ဆိုးသွားလျှင် C ပုံသဏ္ဍာန်သို့ပြောင်းသွားနိုင်သည်။

၄။ကိုယ်ခန္ဓာအလယ်ပိုင်းနေရာရှိ ကျောရိုးစောင်းခြင်းသည် အပေါ်ပိုင်းနှင့် အောက်ပိုင်းစောင်းခြင်းထက်ပို၍ ဆိုးနိုင်သည်။

၅။ကလေး၏ အရိုးအဆစ်များကြီးထွားမှု ရပ်တန့်သွားလျှင် ကျောရိုးစောင်းခြင်းမှာလည်း ပို၍မဆိုးနိုင်ပေ။ ထို့ကြောင့် အရိုးများကြီးထွားနေသည့်အသက်အရွယ်တွင် ကျောရိုးထိန်းကိရိယာများ တပ်ဆင်ပေးခြင်းသည် ထိရောက်သောကုသမှုဖြစ်သည်။


Translated by:Dr Khin JyuJyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18