Print

Xerostomia (ခံတွင်းခြောက်သွေ့ခြင်း)

  21-Nov-2016
Preview Image

ပုံမှန်အားဖြင့် အလွန်အမင်းကြောက်ရွံ့ချိန်နှင့် ရေဓာတ်ခမ်းခြောက်ချိန် တို့တွင် အာခံတွင်း ခြောက်သွေ့တတ်ကြသည်။ သို့သော် အမြဲတစေ ခံတွင်းခြောက်သွေ့တတ်ခြင်းမှာ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်နှင့် ပြသ၍ အကြောင်းရင်းကို ရှာဖွေရန်လိုအပ်သည်။ 




ဖြစ်ပွားရသော အကြောင်းရင်းများ

တံတွေး အထွက်နည်းခြင်းကြောင့် ခံတွင်းခြောက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ရေဓာတ်ခမ်းခြောက်ချိန်နှင့် စိတ်ရှုပ်ထွေးချိန်၊ ကြောက်ရွံ့ချိန်တို့တွင့် ခံတွင်းခြောက်လေ့ရှိသည်။

ရောဂါအနေဖြင့် 

- စိတ်ကျရောဂါပျောက်ဆေးများ၊ ဆီးဆေးများနှင့် ယားယံမှုကိုသက်သာစေသောဆေးများ (antihistamine) သောက်ခြင်း

- နှာခေါင်းပိတ်၍ အသက်ရှူမရခြင်းကြောင့် ပါးစပ်ဖြင့် အသက်ရှူရခြင်း

- ဆီးချိုသွေးချို မထိန်းနိုင်ခြင်း

- ရောဂါတစ်ခုခုကြောင့် ဦးခေါင်းနှင့် လည်ပင်းကို ဓာတ်ရောင်ခြည်ပြနေရခြင်း

- မိမိ၏ကိုယ်ခံအားစနစ်က တံတွေးဂလင်းကို ပြန်လည်တိုက်ခိုက်ခြင်း (Sjögren’s syndrome) တို့ကြောင့် ခံတွင်းခြောက်သွေ့နိုင်သည်။




နောက်ဆက်တွဲပြဿနာများ

တံတွေးသည် ခံတွင်းကျန်းမာရေးတွင် အဓိကဖြစ်ရာ တံတွေးမထွက်ခြင်း၊ သို့မဟုတ် တံတွေးထွက်နည်းခြင်းတို့ဖြစ်ပါက 

- ပါးစပ်အတွင်း ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ 

- နှုတ်ခမ်းများ ခြောက်သွေ့ခြင်း

- ခံတွင်းနံ့ဆိုးများထွက်ခြင်း

- အရသာကို မသိခြင်း၊ သို့မဟုတ် ပါးစပ်ခါးခြင်း

- မကြာခဏဆိုသလို ပါးစပ်တွင်း အနာပေါက်ခြင်း (Oral thrush)

- သွားနှင့် သွားဖုံးများပျက်ဆီးခြင်း

- စကားပြောရာ၊ အစာစားရာ နှင့် မျိုချရာတွင် ခက်ခဲခြင်းများ ဖြစ်နိုင်သည်။




ကုသခြင်း

ခံတွင်းခြောက်သွေ့ခြင်း ဖြစ်စေသော အကြောင်းရင်းကို ဦးစွာ ရှာဖွေရမည်။

- ဆေးများသောက်သုံံးနေခြင်းကြောင့် ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးပမာဏကို လျှော့ချခြင်း၊ အလားတူဆေးများကို ပြောင်းလဲခြင်းတို့ ြ့ပုလုပ်သင့်သည်။

- နှာခေါင်းပိတ်ခြင်းကြောင့် ဖြစ်ပါက နှာခေါင်းပိတ်သက်သာစေသော normal saline များထည့်ခြင်း၊ decongestants များထည့်ခြင်းတို့ကို ပြုလုပ်သင့်သည်။

- ဆီးချိုသွေးချို မထိန်းခြင်းကြောင့် ဖြစ်ပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆီးချိုသွေးချိုထိန်းခြင်း တို့ကို ပြုလုပ်ရမည်။




ခံတွင်းခြောက်သွေ့ခြင်းကို သက်သာစေရန်

- ရေအေးနှင့် အချိုရည်မဟုတ်သော အရည်များကို မကြာခဏ သောက်ပေးခြင်း

- တံတွေးထွက်များစေရန် သကြားမပါသော ပီကေဝါးပေးခြင်းနှင့်

- ရေခဲတုံးလေးများ ငုံခြင်းတို့ ပြုလုပ်နိုင်သည်။

- အရက်နှင့်အရက်ပါဝင်သော အစာများ၊ ကော်ဖီနှင့် ဆေးလိပ်တို့ကို ရှောင်ကျဉ်ရမည်။

အထက်ပါနည်းများဖြင့် မသက်သာပါက ဆရာဝန်နှင့်တိုင်ပင်ပြီး တံတွေးအစားထိုး spray, gel နှင့် ငုံဆေးများကို ထမင်းမစားမီနှင့် စားနေချိန်အပါအဝင် လိုအပ်လျှင် လိုအပ်သလို သုံးစွဲနိုင်ပါသည်။

ခံတွင်းခြောက်သူများမှာ ခံတွင်းရောဂါပိုးများ အဝင်လွယ်သောကြောင့် ခံတွင်းသန့်ရှင်းရေးကို အထူးဂရုပြုရန်လိုအပ်ပါသည်။




Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18