Print

အရက်အဆိပ်သင့်ခြင်း (Alcohol Poisoning)

  13-Aug-2018
Preview Image

အရက်အဆိပ်သင့်ခြင်းသည် အသက်ဆုံးရှုံးစေသည်အထိ ကြောက်ဖို့ကောင်းသော အရက်အလွန်အကျွံသောက်ခြင်း၏ ဆိုးကျိုးဖြစ်ပါသည်။ အရက်အများကြီးအချိန်တိုအတွင်းသောက်ပါက အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် ခန္ဓာကိုယ်တုံ့ပြန်မှုများကို ထိခိုက်စေပြီး သတိလစ်ခြင်းနှင့် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါသည်။ အရက်တွင်ပါဝင်သည့် အခြားပစ္စည်းများမှာ အရက်ပါသောဖျော်ရည်များ၊ ပါးစပ်ဆေးရည်များ၊ ဟင်းချက်ပစ္စည်းအချို့၊ ဆေးဝါးများ၊ သန့်ရှင်းရေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် အချို့အိမ်သုံးပစ္စည်းများတို့ဖြစ်သည်။

လက္ခဏာများ

·         စိတ်ရှုပ်ထွေးခြင်း

·         ပျို့အန်ခြင်း

·         တက်ခြင်း

·         အသက်ရှူနှေးခြင်း

·         အသက်ရှူမူမမှန်ခြင်း

·         အသားများပြာနှမ်း သို့ ဖြူဖျော့လာခြင်း

·         ကိုယ်အပူချိန်ကျခြင်း

·         သတိလစ်မေ့မျော၍ခေါ်မရခြင်း

 

အရက်အဆိပ်သင့်ခြင်း ဖြစ်နိုင်၊မဖြစ်နိုင်သည် အောက်ပါအချက်များပေါ်တွင်မူတည်သည်။

·         ကိုယ်ခန္ဓာအချိုဒအစားနှင့် အလေးချိန်

·         ကျန်းမာရေးဓာတ်ခံ

·         လတ်တလောစားထားသည့်အစားအသောက်

·         အရက်နှင့်တွဲ၍မှီဝဲထားသော ဆေးဝါးများ

·         အရက်ပါဝင်မှုရာခိုင်နှုန်း

·         အရက်သောက်နှုန်း

·         သောက်သူ၏ခံနိုင်ရည်စွမ်းအား တို့ဖြစ်သည်။

 

အရက်အလွန်အကျွံသောက်တယ်ဆိုတာ ဘယ်လောက်လည်း။

·         အရက်အလွန်အကျွံသောက်သည်ဟု သတ်မှတ်ရန်မှာ အမျိုးသားဆိုလျှင် ၂နာရီအတွင်း ၅ပက်နဲ့အထက်၊ အမျိုးသမီးဆိုလျှင် ၄ပက်နှင့်အထက် အရက်သေစာသောက်သုံးနှုန်းကို ဆိုလိုပါသည်။

 

အရက်တစ်ပက်ကို ဘယ်လိုသတ်မှတ်လည်း

  • ဘီယာ (၅%အရက်)ဆိုလျှင် ၁၂အောင်စ
  • မုယောအရက် (၇%အရက်)ဆိုလျှင် ၈-၉အောင်စ
  • ဝိုင်အရက် (၁၂%အရက်)ဆိုလျှင် ၅အောင်စ
  • အရက်ပြင်းများ (၄၀%အရက်)ဆိုလျှင် ၁.၅အောင်စ

 

နောက်ဆက်တွဲဆိုးကျိုးများ

·         သီးခြင်း၊ အစာနင်ခြင်း၊ အန်ထွက်ခြင်း၊ အန်ဖတ်ဆို့ခြင်း

·         အသက်ရှူရပ်ခြင်း

·         ရေဓာတ်ခမ်းခြောက်ခြင်း

·         သကြားဓာတ်ကျဆင်းပြီး တုန်တက်ခြင်း

·         အပူချိန်အကျလွန်ပြီး နှလုံးခုန်ရပ်နိုင်ခြင်း

·         နှလုံးခုန်မူမမှန်ခြင်း

·         ဦးနှောက်ထိခိုက်ခြင်း

·         အသက်သေဆုံးခြင်း

 

ဘယ်လိုစောင့်ကြည့်ကုသကြမလည်း။

·         အသက်ရှူနှုန်းထား နှင့် အန်ဖတ်မဆို့စေရန် စောင့်ကြည့်ကာကွယ်ခြင်း

·         အောက်စီဂျင်ပေးခြင်း

·         အကြောထဲသို့ ရေဓာတ်ပြန်ဖြည့်ပေးခြင်း

·         နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ဗီတာမင်နှင့် သတ္တုဓာတ်များ ပြန်ဖြည့်ပေးခြင်း

ပြင်းထန်ပါက ကျောက်ကပ်ဆေးရသည်အထိ ရောက်သွားနိုင်ပါသည်။ အရေးပေါ်အခြေအနေဖြစ်သည့်အတွက် ဆေးမီးတိုများနှင့်ကုခြင်းမှ အထူးရှောင်ကြဉ်ပါ။


မှားယွင်းနေသော အယူအဆများ

·         မူးနေစဉ် အိပ်ပစ်လိုက်ခြင်းသည် မကောင်းပါ။ သတိလစ်သွားစေနိုင်ပါသည်။

·         ကော်ဖီပြင်းပြင်းသောက်ခြင်းသည်လည်း မကယ်စွမ်းနိုင်ပါ။

·         ရေအေးနှင့်လောင်းချိုးခြင်းသည်လည်း ရုတ်တရက်သတိလစ်စေနိုင်သည်။

·         လမ်းမြန်မြန်လျှောက်ခြင်းသည်လည်း အကျိုးမထူးပါ။

 

ကာကွယ်ကုသနည်း

·         အရက်ကို ချင့်ချိန်၍ သောက်ပါ။ ဖြည်းဖြည်းပဲသောက်ပါ။

·         အစာမရှိပဲ အရက်ချည်းသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

·         အချင်းချင်းပညာပေးဆွေးနွေးပါ။

·         ကလေးငယ်များ မတော်တဆသောက်မိခြင်းကင်းရန် အရက်နှင့်ပတ်သတ်သည်များကို သေချာသိမ်းဆည်းထားပါ။

 

Cr: Dr. Su Nay Ni Htay

Reference: NHS choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18