Print

Autonomic Neuropathy (အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်း)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းသည် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များဖြစ်သော သွေးပေါင်ထိန်းညှိခြင်း ၊ ကိုယ်ခန္ဓာအပူချိန်ထိန်းပေးခြင်း  ၊ အစာချေဖျက်ခြင်း ၊ ဆီးသွားခြင်း ၊ ကာမဆက်ဆံခြင်းတို့တွင် သက်ရောက်မှုရှိသည်။ ထိခိုက်ပျက်စီးသွားသော အာရုံကြောသည် ဦးနှောက်နှင့် ကိုယ်တွင်းကလီစာများကြားဆက်သွယ်မှုကို နှောင့်အယှက်ပြုသည်။


လက္ခဏာများ

ထိခိုက်သွားသော အာရုံကြောပေါ်မူတည်၍ လက္ခဏာများကွဲပြားနိုင်သည်။

- မူးဝေခြင်း ၊ သတိမေ့ခြင်း

- ဆီးလမ်းကြောင်း ဆိုင်ရာ လက္ခဏာများ - ဆီးသွားရခက်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း ၊ ဆီးအိမ်တင်းခြင်းကို မသိခြင်း ၊ ဆီးကျန်ခြင်းတို့သည် ဆီးလမ်းကြောင်းပိုးဝင်နိုင်သည်။

- မျိုးပွားခြင်းဆိုင်ရာ လက္ခဏာများ - အမျိးသားများ သုက်လွှတ်ခြင်း ပြဿနာများ ၊ အမျိုးသမီးများတွင် မိန်းမကိုယ်ခြောက်သွေ့ခြင်း ၊ ကာမစိတ်လျော့နည်းခြင်း ၊ ကာမဆန္ဒမပြီးမြောက်ခြင်း 

- အစာချေဖျက်ခြင်းဆိုင်ရာ လက္ခဏာများ - ရင်ပြည့်လွယ်ခြင်း ၊ အစာစားချင်စိတ်လျော့နည်းခြင်း ၊ အစာမကြေဖြစ်ခြင်း ၊ ဝမ်းလျှောခြင်း ၊ ပျို့အန်ခြင်း ၊ အစာမျိုရခက်ခြင်း

- ချွေးထွက်များခြင်း ၊ နည်းခြင်းများသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်ချုပ်ရာတွင် သက်ရောက်မှုဖြစ်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- ဆီးချိုရောဂါရှိခြင်း

- အာရုံကြောများကို ထိခိုက်ခြင်း

- ကိုယ်ခန္ဓာမှ ပုံမမှန်တိုက်ထုတ်တတ်သော ရောဂါများ (autoimmune disease)

- မျိုးရိုးလိုက်ခြင်း

- နာတာရှည်ရောဂါများ - Parkinson ရောဂါ ၊ အတိတ်မေ့ရောဂါ

- ကင်ဆာရောဂါကုဆေးများ


ဖြစ်နိုင်ချေများသူများ

- ဆီးချိုရောဂါရှိသူများ

- သိုင်းရွိုက်ဟော်မုန်းနည်းသည့်သူများ 

- ကင်ဆာရောဂါကုသမှုခံယူနေသူများ



ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါ လက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ ၊ ဆီးချိုမထိန်းနိုင်သူများတွင် ပို၍အရေးကြီးပါသည်။


စစ်ဆေးမှုများ

- breathing test - အသက်ရှူခြင်းဆိုင်ရာစစ်ဆေးခြင်း

- Tilt-Table Teat - ခန္ဓာကိုယ် အနေအထားပြောင်းလဲချိန်တွင် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းပြောင်းသွားခြင်းကို တိုင်းတာစစ်ဆေးခြင်း

- Gastrointestinal Test - အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခြင်း

-  Thermoregulatory sweat test - ကိုယ်အပူချိန်နှင့်ချွေးထွက်ခြင်းဆိုင်ရာစစ်ဆေးခြင်း

- Ultrasound ( အာထရာဆောင်း ) ရိုက်ခြင်း


ကုသခြင်း

- အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းကို ဖြစ်စေသည့် ရောဂါကို ကုသခြင်း (ဥပမာ - ဆီးချိုရောဂါကြောင့် ဖြစ်လျှင် ဆီးချိုထိန်းခြင်း)

- ထိခိုက်ပျက်စီးသွားသော အာရုံကြောနေရာပေါ်မူတည်၍ လက္ခဏာသက်သာအောင် ကုသခြင်း

- သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန် မှန်အောင် ထိန်းညှိပေးခြင်း

- အစာချေ စနစ် ကောင်းမွန်အောင် ပြုလုပ်ပေးခြင်း -  ဝမ်းချုပ်ခြင်းမဖြစ်အောင် အမျှင်ဓာတ်ဝင်ပါသော အစားအစာများ စားခြင်း ၊ ဝမ်းသွားလျှင် ဆေးဖြင့်ကုသခြင်း  

- ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများမဖြစ်အောင် ကုသပေးခြင်း - ဆီးသွားရမည့်အချိန်တွင် သွားနိုင်အောင် ဆီးအိမ်ကို လေ့ကျင့်ပေးခြင်း ၊ ဆီးပိုက်ထည့်ခြင်း

- ကာမဆက်ဆံခြင်းတွင် အခက်အခဲမဖြစ်အောင် ကုသပေးခြင်း - အမျိုးသား လိင်အင်္ဂါတောင့်တင်းစေရန် ဆေးများ သုံးစွဲခြင်း ၊ အမျိုးသမီးများ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက် ဆေးများလိမ်းခြင်း 

- သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိုပေးခြင်း

- ချွေးထွက်များခြင်းများအတွက် ချွေးထွက်နည်းအောင် ဆေးများသုံးခြင်း


ကာကွယ်ခြင်း

- ဆီးချိုရောဂါရှိလျှင် ဆီးချိုပမာဏထိန်းပေးခြင်း

- အရက်စွဲရောဂါရှိလျှင် ဆေးကုသမှုခံယူခြင်း

- သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

- ကျန်းမာသည့် ကိုယ်ခန္ဓာရအောင် ပြုလုပ်ခြင်း

- ဆေးလိပ်ဖြတ်ခြင်း

- ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း


အခြားသိသင့်သော အချက်များ (ရှိလျှင်)

- အပ်စိုက်ကုသခြင်း

- Electrical Nerve stimulation - လျှပ်စစ်ဓာတ်ဖြင့် အာရုံကြော နှိုးဆွခြင်း


Ref: Mayo Clinic

By Dr. May Hnin Phyu (7887 Healthcare Call Center) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18