Print

Diabetic neuropathy (ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

Diabetic neuropathy ဆိုသည်မှာ ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းဖြစ်သည်။သွေးအချို ဓာတ်များခြင်းသည်ခန္ဓာကိုယ်တွင်းရှိအာရုံကြောမျှင်များကိုထိခိုက်စေသည်။အဓိကအားဖြင့်ခြေဖဝါးနှင့်ခြေချောင်းများ၇ှိအာရုံကြောများကိုထိခိုက်စေ သည်ထိခိုက်သည့်အာရုံကြောပေါ်မူတည်၍ခြေလက်များထုံခြင်းနာခြင်းမှအစာချေအဖွဲ့အစည်း၊ဆီးလမ်းကြောင်းရောဂါ၊သွေးကြောများနှင့်နှလုံးကိုပါထိခိုက်စေနိုင်ပါသည်၊တချို့လူများတွင်ရောဂါ လက္ခဏာအနည်းငယ်သာပြသော်လည်းတချို့တွင်နာကျင်ခြင်း၊ဒုက္ခိတဖြစ်ခြင်းမှသေဆုံးသည်ထိဖြစ်နိုင်ပါသည်ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းသည်ဆီးချို၏ဆိုးရွားသောနောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။သို့သော်ထိုဆိုးကျိုးကိုကာကွယ်၇န်၊ဖြစ်ပွားခြင်းကိုနှောင့်နှေးစေ၇န်သွေးအချိုဓာတ်ကိုသေချာထိန်းသိမ်းခြင်း၊ကျန်းမာသောလူနေမှုပုံစံအလိုက်နေထိုင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။


လက္ခဏာများ

ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်း ၄ မျိုးရှိသည့်အနက် တချို့သည်ရောဂါလက္ခဏာကိုဖြည်းဖြည်းချင်းပြသော်လည်း တချို့မှာ တော်တော်ထိခိုက်သည်ထိလက္ခဏာများမပြပဲနေတတ်သည်အာရုံကြောထိခိုက်သည့်နေရာနှင့်အမျိုးအစားပေါ်မူတည်ပြီးအာရုံကြောထိခိုက်ခြင်း ဧ။်ရောဂါလက္ခဏာသည်ပြောင်းလဲနိုင်သည်။


အရံ (ပင်မမဟုတ်သော) အာရုံကြောအားနည်းရောဂါ

အရံ(ပင်မမဟုတ်သောအာရုံကြောအားနည်းရောဂါ သည် ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းဧ။် အဖြစ်အများဆုံးပုံစံတစ်မျိုးဖြစ်သည်။ သင်ဧ။်ခြေချောင်း၊ လက်ချောင်းများသည် အရင်ထိခိုက်နိုင်ပါသည်။ လက္ခဏာများသည် ညဘက်တွင်ပိုဆိုးရွားတတ်ပါသည်။ လက္ခဏာများမှာ

- ထုံကျဉ်ခြင်း

- မီးလောင်သကဲ့သို့ပူလောင်ခြင်း

- စူးစူးပြီးနာခြင်း၊ကြွက်တက်ခြင်း

- ကြွက်သားအားနည်းခြင်း

- ဟန်ချက်ပျက်ခြင်း

-ခြေထောက်တွင်အနာဖြစ်ခြင်း၊ပိုးဝင်ခြင်းကိုယ်လက်အဂါၤချို့ယွင်းခြင်း၊ အရိုးနှင့်အဆစ်များနာကျဉ်ခြင်း တို့ဖြစ်နိုင်ပါသည်။


အလိုအလျောက်တုံ့ပြန်သောအာရုံကြောစနစ်အားနည်းခြင်း

အလိုအလျောက်တုံ့ပြန်သောအာရုံကြောစနစ်သည် သင်၏ကိုယ်တွင်းအဂါၤများကို ထိန်းချုပ်ပါသည်။ဆီးချိုသည် ထိုအဂါၤများရှိအာရုံကြောများကိုထိခိုက်စေပြီး

-သွေးထဲရှိအချိုဓာတ်များ ကျခြင်းကိုမသိရှိနိုင်ခြင်း

-ဆီးမထိန်းနိုင်ခြင်း၊ဆီးပိုးဝင်ခြင်း

-ဝမ်းချုပ်ခြင်း၊ဝမ်းလျောခြင်း၊နှစ်မျိုးလုံးပြိုင်တူဖြစ်ခြင်း

-အစာမျိုရခက်ခြင်း

-ယောက်ျားများတွင်ပန်းသေပန်းညှိုးဖြစ်ခြင်း

-မိန်းမများတွင်မိန်းမကိုယ်ခြောက်သွေ့ခြင်း

-ချွေးထွက်နည်းခြင်း၊များခြင်း

-သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်း ကိုမထိန်းနိုင်တော့ခြင်းကြောင့် သွေးပေါင်ရုတ်တရက်ထိုးကျခြင်း  တို့ဖြစ်နိုင်ပါသည်။


ကြွက်သားများရှိအာရုံကြောစနစ်အားနည်းခြင်း

ကြွက်သားများရှိအာရုံကြောစနစ်အားနည်းခြင်းသည် ပေါင်၊ခြေသလုံး နှင့် ခြေထောက်ရှိကြွက်သားများကိုထိခိုက်စေနိုင်သည်၊ထိုရောဂါမျိုးသည် ဆီးချိုအမှတ် ၂ရှိသူနှင့် အသက်ကြီးသူများတွင် ပိုအဖြစ်များသည်။ရောဂါလက္ခဏာများသည်ခြေတစ်ဖက်တည်းတွင်အဖြစ်များသော်လည်း တခါတရံတွင်အခြားတစ်ဖက်သို့ကူးသွားတတ်သည်။လက္ခဏာများသည်အချိန်ကြာသည်နှင့်အမျှအနည်းနှင့်အများပြန်ကောင်းလာတတ်သည်

- ပေါင်၊ခြေသလုံး နှင့် ခြေထောက်ရှိကြွက်သားရုတ်တရက် နာကျဉ်ခြင်း

-ပေါင်ကြွက်သားများအားနည်းပြီးသိမ်သွားခြင်း

-အထိုင် အထခက်ခြင်း

-ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်နိုင်ပါသည်။


အာရုံကြောတစ်ချောင်းတည်းထိခိုက်အားနည်းခြင်း

အာရုံကြောတစ်ချောင်းတည်းထိခိုက်အားနည်းခြင်းသည်မျက်နှာ သို့ ခြေထောက်ရှိ အာရုံကြောကို ထိခိုက်ခြင်းဖြစ်သည်။ များသောအားဖြင့်ရုတ်တရက် ဖြစ်လေ့ရှိပြီး လူကြီးများတွင်အဖြစ်များသည်။ပြင်းထန်စွာနာကျဉ်တတ်သော်လည်း များသောအားဖြင့် နာတာရှည်ရောဂါ မဖြစ်တတ်ပါ။ရောဂါလက္ခဏာများသည်လအနည်းငယ်ကြာ လျှင် သူ့အလိုလို သက်သာသွားလေ့ရှိသည်၊၊မည်သည့် အာရုံကြောထိသည်ကိုမူတည်ပြီးရောဂါလက္ခဏာများကွဲပြားသွားလေ့ရှိသည်။


ရောဂါလက္ခဏာများမှာ

-အမြင်နှစ်ထပ်မြင်ခြင်း၊အမြင်ဝါးခြင်း

-မျက်နှာတခြမ်းရွဲ့သွားခြင်း

-ခြေထောက်အစိတ်အပိုင်းများနာကျဉ်ခြင်း

-ခါးနှင့်တင်ပဆုံများနာကျဉ်ခြင်း

-ရင်ဘက်နှင့်ဗိုက်များနာကျဉ်ခြင်း

  အာရုံကြောတစ်ချောင်းတည်းထိခိုက်အားနည်းခြင်းသည်အာရုံကြော တစ်ချောင်းတည်းအဖိခံရသောအခါဖြစ်လေ့ရှိသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

သွေးကြောနှင့်အာရုံကြောများကိုထိခိုက်ခြင်း

      သွေးထဲတွင်အချိုဓာတ်များခြင်းကအာရုံကြောကိုထိခိုက်စေနိုင်သည်။ သွေးထဲတွင်အချိုဓာတ်များခြင်းသည်အာရုံကြောများကိုအောက်ဆီဂျင်နှင့် အစာအာဟာရများထောက်ပံ့ပေးသော သွေးကြောများ၏နံရံများကိုလျော့ရဲစေသည်။

အခြားအကြောင်းအရာများ

-အာရုံကြောများရောင်ရမ်းခြင်း

-မျိုးရိုးဗီဇ

-ဆေးလိပ်နှင့်အရက်အလွန်အကျွံသုံးစွဲခြင်း တို့ကြောင့်ဖြစ်နိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

-ဆီးချိုကိုသေချာမထိန်းသူများ

-ဆီးချိုရောဂါအကြာကြီးရှိသူများ

-ကျောက်ကပ်ရောဂါရှိသူများ

-အဝလွန်သူများ

-ဆေးလိပ်သောက်သူများ


နောက်ဆက်တွဲ ပြဿနာများ

-ကိုယ်အဂါၤဆုံးရှုံးခြင်း

-အဆစ်ပုံပျက်ခြင်း

-ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ဆီးမထိန်းနိုင်ခြင်း

-သွေးအချိုဓာတ်ကျခြင်းကိုမသိနိုင်တော့ခြင်း

-သွေးပေါင်ကျခြင်း

-အစာခြေလုပ်ငန်းနှင့်ပက်သက်သောပြဿနာများ

-လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်း

-ချွေးထွက်များခြင်း၊နည်းခြင်း။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

-ခြေထောက်တွင်ဖြစ်သော အနာများမကျက်ခြင်း၊ပိုးဝင်ခြင်း၊ပိုဆိုးလာခြင်း

-ခြေနှင့်လက်များတွင် အပူလောင်သလိုခံစားမှုဖြစ်ခြင်း၊ထုံကျဉ်ခြင်း၊အားနည်းခြင်း၊နာကျဉ်ခြင်း

-မူးဝေခြင်း

- အစာခြေခြင်းလုပ်ငန်း၊ဆီးပေါက်ခြင်းနှင့်လိင်မှုကိစ္စများ လုပ်ဆောင်ရာတွင် အနှောက်အယှက်ဖြစ်ခြင်း

အထက်ပါရောဂါလက္ခဏာများသည်အာရုံကြောထိခိုက်ခြင်းဟုအတပ်မပြောနိုင်သော်လည်း ကုသမှုလိုအပ်သည့်လက္ခဏာများဖြစ်သည်။ေ ရာဂါကိုစောစောသိပြီးစောစောကုသခြင်းသည်ဆိုးရွားသည့်နောက်ဆက်တွဲ လက္ခဏာများကိုကာကွယ်ရာရောက်သည်။ဆိုးရွားသောအနာများသည် ပုပ်သွားသည်အထိဆိုးရွားသွားနိုင်သည်။ထိုအခါခြေထောက်ကိုဖြတ်ပစ်ရသည်အထိဆိုးရွားသွားနိုင်သည်။ေ စာစောစီးစီးကုသခြင်းသည်ထိုနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်ရာ ရောက်သည်။


စစ်ဆေးမှုများ

ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းသည်ဆေးခန်းတွင် ရောဂါရာဇဝင်မေးခြင်း၊စမ်းသပ်ခြင်းဖြင့်အဓိကသိနိုင်ပါသည်။ဆရာဝန်သည် ကြွက်သားများအားအင်ရှိမရှိ၊အလိုအလျောက်တုံ့ပြန်သော အာရုံကြောစနစ်များ၊အာရုံခံစနစ်များကိုစမ်းသပ်ပါလိမ့်မည်။အမေရိကန် ဆီးချိုအဖွဲ့အစည်းကဆီးချိုရှိသူတိုင်းသည် မိမိခြေထောက်ကို သေချာဂရုစိုက်သင့်သည်။ဆရာဝန် သို့မဟုတ် ခြေဖဝါးအထူးကုနှင့် အနည်းဆုံးတစ်နှစ်တကြိမ် ပြသသင့်သည်။


ကုသခြင်း

ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းကိုပျောက်ကင်းအောင်ကုသခြင်းမရှိပါ။ကုသခြင်းတွင်

-ရောဂါဆိုးရွားလာခြင်းကိုနှေးကွေးအောင်လုပ်ခြင်း

-နာကျဉ်မှုသက်သာအောင်ပြုလုပ်ခြင်း

-နောက်ဆက်တွဲဆိုးကျိုးများမဖြစ်အောင်ကာကွယ်ခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်ရန် ပြုလုပ်ခြင်း တို့ပါဝင်သည်။

ရောဂါဆိုးရွားလာခြင်းကိုနှေးကွေးအောင်လုပ်ခြင်း

          သွေးထဲရှိအချိုဓာတ်ကိုထိန်းခြင်းသည်ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းကို၇ပ်တံ့နှေးကွေးစေပြီး ရှိပြီးသားရောဂါလက္ခဏာများကိုပင်သက်သာစေသည်။ သင်၏ဆရာဝန်သည်သင့်ရောဂါခြေအနေပေါ်မူတည်၍သင့်သွေးထဲတွင် အချိုဓာတ်မည်မျှရှိသင့်သည်ကို ဆုံးဖြတ်ပေးပါလိမ့်မည်။

   အကြမ်းပျဉ်းအားဖြင့် 

-ရောဂါအခံမရှိပဲ အသက် ၅၉ နှစ် အောက် လူများတွင် ၈၀ မှ ၁၂၀ mg/dl

- နှလုံး၊အဆုတ်နှင့်ကျောက်ကပ် ရောဂါအခံရှိသူများ (သို့) အသက် ၆၀ ကျော်သူများ တွင် ၁ဝ၀ မှ ၁၄၀ mg/dl အတွင်းရှိသင့်ပါသည်။

အာရုံကြောထိခိုက်မှုကိုနှေးကွေးစေရန်

-သင်၏ဆရာဝန်ပြောသည့်အတိုင်း ခြေထောက်ကိုသေချာစွာ ဂရုစိုက်သင့်သည်

-သွေးပေါင်ကိုသေချာထိန်းရမည်

-ကျန်းမာသောစားသောက်မှုအတိုင်းစားရမည်

-လေ့ကျင့်ခန်းမှန်မှန်လုပ်ရမည်

-ကိုယ်အလေးချိန်ထိန်းရမည်

-ဆေးလိပ်ဖြတ်ရမည်

-အရက်ဖြတ်ရမည်


နာကျဉ်မှုသက်သာအောင်ပြုလုပ်ခြင်း

အနာသက်သာရန်သုံးသည့်ဆေးအများကြီးရှိသည့်အနက် တချို့မှာဘေးထွက်ဆိုးကျိုးများခြင်း၊တချို့မှာ လူတိုင်းအတွက်အသုံးပြု၍မရခြင်းတို့ကြောင့် အကျိုးနှင့်ဆိုးကျိုးကိုချိန်ပြီးမှ သုံးသင့်သည်။


နောက်ဆက်တွဲဆိုးကျိုးများမဖြစ်အောင်ကာကွယ်ခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်ရန် ပြုလုပ်ခြင်း

-အာရုံကြောထိခိုက်မှုအတွက်ကုသနည်းများမှာ

      -ဆီးလမ်းကြောင်းပြဿနာများအတွက်ဆီးအောင့်မထားပဲ ပုံမှန်ပေါက်အောင်အလေ့အကျင့်ပြုလုပ်ခြင်း၊ကြွက်သားများညှစ်ခြင်းကိုသက်သာအောင်ပြုလုပ်ပေးသည့်ဆေးများပေးခြင်း

      အစာခြေလုပ်ငန်းနှင့်ပက်သက်သော ပြဿနာများဖြစ်သည့်အစာအကြေခြင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊လေတက်ခြင်း၊မူးခြင်း၊အော့အန်ခြင်းများအတွက် အစာကိုနည်းနည်းနှင့်ခဏခဏစားခြင်း၊အစာထဲတွင်အမျှင်ဓာတ်နှင့် အဆီဓာတ်များလျော့စားခြင်း နှင့် ဟင်းချိုများ များများသောက်ခြင်းတို့ပြုလုပ်နိုင်ပါသည်။ ကိုယ်အနေအထားအရသွေးပေါင်ကျခြင်းတို့အတွက် အရက်လျော့သောက်ခြင်း၊ရေများများသောက်ခြင်း၊အထိုင်အထလုပ်လျှင်ဖြည်းညှင်းစွာလုပ်ခြင်းတို့လုပ်ရပါမည်။ လိင်ကိစ္စပြဿနာများအတွက် အမျိုးသားများအတွက်ဆေးရှိသော်လည်း ထိုဆေးများသည်လူတိုင်းအတွက်အကျိုးမရှိခြင်း၊ဘေးဖြစ်ခြင်းတို့ရှိပါသည်။ ယောက်ျားအဂါၤအတွက် လေစုပ်ကိရိယာများ ဖြင့်သွေးစီးများအောင်ပြုလုပ်နိုင်ပါသည်။ မိန်းမများတွင်မိန်းမကိုယ်ခြောက်သွေ့မှုအတွက် ချောဆီများသုံးနိုင်ပါသည်။ 


ကာကွယ်ခြင်း

-ဆီးချိုရှိသူသည်မိမိသွေးထဲရှိအချိုဓာတ်ကိုသေချာထိန်းရပါမည်

-ဆီးချိုရှိသူသည်မိမိခြေထောက်ကိုအနာမဖြစ်စေရန်အထူးဂရုစိုက်ရပါမည်

         ခြေထောက်တွင်အနာရှိမရှိနေ့တိုင်းကြည့်ပါ

         ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့စွာထားပါ

         ခြေသည်းများကိုဂရုတစိုက်ညှပ်ပါ

         သန့်ရှင်းခြောက်သွေ့သောခြေအိတ်များကိုသာဝတ်ဆင်ပါ

         ပျော့ပြောင်းပြီးတော်သောဖိနပ်များသာဝတ်ပါ


အခြားသိသင့်သော အချက်များ (ရှိလျှင်)

Ref: 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18