Print

Uterine Polyp(သားအိမ်တွင်း အသားလုံးတည်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

    သားအိမ်နံရံတွင် ပုံမှန်မဟုတ်ပဲ ဆဲလ်များပွားလာသည့်အတွက်ကြောင့် သားအိမ်တွင်း အသားလုံးတည်ခြင်း ဖြစ်လာပါသည်။ ထိုအသားလုံးသည် သားအိမ်နံရံကို အညှာဖြင့်  တွယ်ထားသည်၊ 

လက္ခဏာများ

- ပုံမမှန် သွေးဆင်းခြင်း ( ခဏခဏသွေးဆင်းခြင်း ၊ ရက်ရှည် သွေးဆင်းခြင်း၊ သွေးဆင်းသည့် ပမာဏများခြင်း)

- ဓမ္မတာ တစ်ခါနှင့် တစ်ခါကြား သွေးဆင်းခြင်း

- ဓမ္မတာပေါ်သည့်အခါ ပုံမှန်ထက် သွေးဆင်းများခြင်း

- သွေးဆုံးပြီးနောက် သွေးပြန်ပေါ်ခြင်း

- မျိုးမအောင်ခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

- အီစထရိုဂျင်ဟု ခေါ်သော  "မ" ဟော်မုန်းများခြင်းကြောင့် ဖြစ်ပါသည်။

ဖြစ်နိုင်ချေများသူများ

- သွေးဆုံးခါနီးဝန်းကျင် နှင့်သွေးဆုံးပြီးသော အမျိုးသမီးများ

- သွေးတိုးရှိသောအမျိုးသမီးများ

- အဝလွန်သည့်အမျိုးသမီးများ

- ရင်သားကင်ဆာအတွက် tamoxifen ဆေးသောက်နေရသည့်အမျိုးသမီးများ

နောက်ဆက်တွဲ ပြဿနာများ

- ကလေးရရန် ခက်ခဲခြင်း

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- သွေးဆုံးပြီးနောက် သွေးပြန်ပေါ်ခြင်း၊  ဓမ္မတာ တစ်ခါနှင့် တစ်ခါကြား သွေးဆင်းခြင်း ၊ ပုံမမှန် သွေးဆင်းခြင်းများရှိလျှင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

စစ်ဆေးမှုများ

- မိန်းမကိုယ်မှတစ်ဆင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း

- သားအိမ်တွင်းသို့ မှန်ပြောင်းကြည့်ခြင်း

- သားအိမ်အတွင်းနံရံမှ အသားစယူခြင်း

ကုသခြင်း

- စောင့်ကြည့်ခြင်း

- ဟော်မုန်းဖြင့် ကုသခြင်း

- မှန်ပြောင်းကိုအသုံးပြု၍ အသားလုံးကို ဖယ်ရှားခြင်း

ကာကွယ်ခြင်း

- ကာကွယ်ရန် နည်းလမ်းမရှိပါ။

Ref: Mayo Clinic

By Dr May Hnin Phyu/ May Thu Hein (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18