Print

Graves’ Disease ခေါ် သိုင်းရိုက်ဟော်မုန်းတက်သော ရောဂါတစ်မျိုး

  16-Aug-2018
Preview Image


Graves’ Disease ခေါ် သိုင်းရိုက်ဟော်မုန်းတက်သော ရောဂါတစ်မျိုးသည် ခန္ဓာကိုယ်ခုခံအားမှ အလိုအလျှောက်တုန့်ပြန်မှုကြောင့် သိုင်းရွိုက်ဟော်မုန်းများပိုထွက်လာသော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဇစ်မြစ် တိတိပပမသိသော်ငြား ဆက်စပ်နေသော အကြောင်းရင်းများမှာ

·         မိသားစုရောဂါရာဇဝင်

·         အသက်၄၀အောက် အမျိုးသမီးများ

·         အခြား ခန္ဓာကိုယ်ခုခံအားမှ အလိုအလျှောက်တုန့်ပြန်မှုကြောင့် ဖြစ်သောရောဂါများ (ဥပမာ အမျိုးအစား(၁)ဆီးချို၊ သွေးလေးဘက်နာ)

·         စိတ်ဖိစီးမှု

·         မျိုးရိုးရှိသော ကိုယ်ဝန်သည်မိခင်များ

·         ဆေးလိပ်သောက်ခြင်း တို့ဖြစ်သည်။

ရောဂါလက္ခဏာများ

·         စိုးရိမ်ကြောင့်ကျခြင်းနှင့် စိတ်မရှည်ခြင်း

·         လက်တုန်ခြင်း

·         အပူဒဏ်မခံနိုင်ခြင်း၊ အသားအရေစိုစွတ်/ချွေးထွက်လွယ်ခြင်း

·         အစားအသောက်စားဝင်နေလျှက်နှင့် ပိန်ကျသွားခြင်း

·         လည်ပင်းကြီးလာခြင်း

·         ရာသီစက်ဝန်းအပြောင်းအလဲ

·         လိင်တံမတောင့်တင်းနိုင်ခြင်းနှင့် လိင်စိတ်လျော့နည်းသွားခြင်း

·         ဝမ်းခဏခဏသွားခြင်း

·         နှလုံးခုန်နှုန်းမြန်ခြင်း၊မူမမှန်ခြင်း

·         Graves’ Opthalmopathy

·         Graves’ Dermopathy

Graves' Ophthalmopathy

Graves' ရောဂါရှိသူ ၃၀%သည် မျက်လုံးထိတတ်ပါသည်။

·         မျက်လုံးပြူးလာခြင်း

·         မျက်လုံးခိုးလိုးခုလုဖြစ်ခြင်း

·         မျက်လုံးအောင့်ခြင်း၊နာခြင်း

·         မျက်ခွံကျုံ့ဝင်နေခြင်း

·         မျက်လုံးနီရဲနေခြင်း

·         အလင်းဒဏ်မခံနိုင်ခြင်း

·         ပုံရိပ်၂ထပ်မြင်ခြင်း

·         မျက်စိကွယ်ခြင်း

Graves' Dermopathy

အတွေ့ရနည်းသော်လည်း ဒူးခေါင်းနှင့်ခြေထောက်ပေါ်တွင် နီရဲရဲခပ်ထူထူအကွက်များ ပေါ်တတ်ပါသည်။

နောက်ဆက်တွဲဆိုးကျိုးများ

·         ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်ဝန်လျှောတတ်ခြင်း၊ နေ့မစေ့ပဲမွေးခြင်း၊ ကလေးသိုင်းရွိုက်ထိခိုက်ခြင်း၊ ကလေးထွားနှုန်းနှေးခြင်း၊ မိခင်နှလုံးထိနိုင်ခြင်း နှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ ဖြစ်နိုင်ပါသည်။

·         နှလုံးရောဂါ

·         အရိုးများကျွတ်ဆတ်ခြင်း

·         သိုင်းရွိုက်အရေးပေါ်အခြေအနေ (Thyroid Storm) ဟုခေါ်သော ရုတ်တရက် သိုင်းရွိုက်ဟော်မုန်း အရမ်းများလာသောကြောင့် အဖျားတက်ခြင်း၊ ချွေးပြန်ခြင်း၊ အထက်လန်အောက်လျှောဖြစ်ခြင်း၊ အားပြတ်ခြင်း၊ နှလုံးခုန်မူမမှန်၊ရင်တုန်ခြင်း၊ အသားဝါခြင်း၊ သွေးပေါင်ထိုးကျခြင်းနှင့် သတိလစ်ခြင်းတို့အထိ ဖြစ်နိုင်ပါသည်။

စစ်ဆေးနည်းများ

·         လည်ပင်း၊ မျက်လုံး၊ ကိုယ်ခန္ဓာတို့ကို စမ်းသပ်ခြင်း

·         သွေးတွင်း T3 T4 TSH ဓာတ်များစစ်ဆေးခြင်း

·         ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း စုပ်ယူနိုင်မှုဖြင့် စစ်ဆေးခြင်း

·         Ultrasoundရိုက်ခြင်း

ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး ကုသနည်းများ

·         ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနှင့် ကုသခြင်း

·         Anti-thyroidဆေးများ

·         Beta-blockerဆေးများ

·         ခွဲစိတ်ကုသခြင်း

 

သက်သာအောင်နေထိုင်နည်းများ

  • အစားအသောက် လျော်ညီစွာစားသုံးခြင်းနှင့် အားကစားပုံမှန်ပြုလုပ်ပေးခြင်း
  • စိတ်ဖိစီးမှုလျော့ကျအောင်နေထိုင်ခြင်း
  • မျက်လုံးထိပါက အအေးဝတ်ကပ်ပေးခြင်း၊ မျက်မှန်တပ်ခြင်း၊ မျက်စဉ်းခပ်ပေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း

Ref: NHS Choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18