Print

H1N1 - Swine Flu (ဝက် တုပ်ကွေး)

  16-Aug-2018
Preview Image

H1N1 ဗိုင်းရပ်စ်ပိုးသည် ဝက်များတွင် ဖြစ်လေ့ရှိသော တုပ်ကွေးဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ များသောဖြင့် ဝက်မှတဆင့် လူကို ကူးစက်သော တုပ်ကွေးရောဂါဖြစ်သည်။ လေမှ တဆင့် ဗိုင်းရပ်စ်ပိုးပြန့်နှံ့ကာ အသက်ရျူလမ်းကြောင်းမှ တဆင့်ကူးဆက်ပါသည်။


ရောဂါလက္ခဏာများ

H1N1 တုပ်ကွေးလက္ခဏာများ သည် ရိုးရိုးတုပ်ကွေးများကဲ့သို့ပင်

၁။ ကိုယ်အပူချိန်တက်ခြင်း

၂။ ချောင်းဆိုးခြင်း

၃။ လည်ချောင်းနာခြင်း

၄။ နှာစေးခြင်း၊ နှာရည်ယိုခြင်း

၅။ မျက်စိနီခြင်း၊မျက်ရည်ကျခြင်း

၆။ ကိုယ်လက်ကိုက်ခဲခြင်း

၇။ ခေါင်းကိုက်ခြင်း

၈။ ပင်ပန်း နွမ်းနယ်ခြင်း

၉။ ဝမ်းလျှောခြင်း

၁၀။ ပျို့ခြင်း၊ အန်ခြင်း

H1N1 တုပ်ကွေး ဗိုင်းရပ်စ်ပိုးများသည် လေထုထဲမှတဆင့် ကျွနု်ပ်တို့၏ နှာခေါင်း၊ လည်ချောင်း၊ ထိုမှ တဆင့်အဆုတ်လမ်းကြောင်းထဲသို့ ရောက်ရှိပြီး ရောဂါလက္ခဏာ များ စတင်ဖြစ်ပွါးပါသည်။

ထို့ကြောင့် ကူးစက်နိုင်သော နည်းလမ်များမှာ-

၁။ ဗိုင်းရပ်စ်ပိုးရှိသော လေမှုန်များကို ရှူရှိုက်မိခြင်း

၂။ ဗိုင်းရပ်စ်ပိုးရှိသော အရာဝတ္ထုများကို ကိုင်တွယ်မိခြင်းမှ မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ် တို့နှင့် ထိတွေ့ရာမှ ရောဂါပိုးကူးစက်ခြင်း တို့ဖြစ်သည်။

* ဝက်သားစားခြင်းဖြင့် H1N1 ပိုး မကူးစက်နိုင်ပါ *


ဖြစ်နိုင်ခြေများသူများ

၁။ H1N1 ပိုးရှိသူများနှင့် ထိတွေ့နေရသူများ၊ ကျန်းမာရေးဝန်ထမ်းများ

၂။ ဝက်နှင့် ထိတွေ့မှုများသော ဝက်မွေးမြူရေး သမားများ

၃။ တိရိစ္ဆာန်ဆရာဝန်များ


ရောဂါဖြစ်ပွါးလျှင် စိုးရိမ်ရသူများ

၁။ နာတာရှည်ရောဂါသည်များ

၂။ ခုခံအားနည်းနေသူများ (ဥပမာ- HIV ဗိုင်းရပ်စ်ပိုးရှိနေသူများ၊ ဆီးချိုရောဂါ ရှိနေသူများ)

၃။ ၂နှစ်အောက်ကလေးငယ်များနှင့် ၆၅နှစ်အထက် အသက်ကြီးသူများ

၄။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မီးဖွားပြီး ၂ ပတ် အတွင်း ရှိသော မိခင်များ

၅။ အဝလွန်ရောဂါရှိသူများ


နောက်ဆက်တွဲ ပြဿနာများ

- နာတာရှည်နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ ရှိသူများတွင် ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ခြင်း

- နျူမိုနီးယား (Pneumonia) ခေါ် အဆုတ်ရောင်ရောဂါဖြစ်ပွါးခြင်း

- အာရုံကြောထိခိုက်သည့် လက္ခဏာများဖြစ်သော စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းနှင့် တက်ခြင်း

- အသက်ရှူကြပ်ခြင်း၊ အသက်ရှူရပ်ခြင်း ဖြင့် အသက်အန္တရာယ်ဆုံးရှုံးခြင်းအထိ ဖြစ်ပေါ်နိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ဖြစ်နိုင်ခြေများသူများနှင့် စိုရိမ်ရသူများတွင် အထက်ပါ တုပ်ကွေးလက္ခဏာများပေါ်ပေါက်လာပါက ဆရာဝန်နှင့် ဆွေးနွေးပြသ၍ ကုသသင့်ပါသည်။


ကုသနိုင်သောနည်းလမ်းများ

ပုံမှန်အားဖြင့် နာတာရှည်နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ ရှိနေသူမဟုတ်ပါက H1N1 အပါအဝင်တုပ်ကွေး အများစုသည် ရောဂါလက္ခဏာများကို ကုသခြင်းမျှသာ လိုအပ်သည်။ ရောဂါ လက္ခဏာ အခြေအနေဆိုးရွားမှုပေါ် မူတည်၍ လိုအပ်မှသာ ဆရာဝန်ဆုံးဖြတ်ချက်ဖြင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ သောက်သုံးရတတ်သည်။


ကာကွယ်နိုင်သောနည်းလမ်းများ

- H1N1 တုပ်ကွေး ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားပါ။

- လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် ပိုးသတ်လက်သန့်ဆေးရည် (Hand sterilizer) ဖြင့်  မကြာခဏ ဆေးကြောပေးပါ။

- လူထူထပ်သောနေရာများသို့ မသွားပါနှင့်၊ မဖြစ်မနေသွားရပါက နှာခေါင်းစည်းတပ်ပါ။

- ဖြစ်နိုင်လျှင် တစ်ယောက် နှင့် တစ်ယောက် ပွေ့ဖက်ခြင်း၊ နမ်းခြင်း နှင့် လက်ဆွဲ နှုတ်ဆက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။

-  ခုခံအားကောင်း မွန်အောင်နေပါ၊ (ဥပမာ-အစားများများစားပါ၊ အိပ်ရေးဝဝအိပ်ပါ။ ဗီတာမင်စီဓါတ်ပါသော အားဆေးများ၊ အသီးများ များများစားပေးပါ။)


သင်သည် တုပ်ကွေးလက္ခဏာများရှိလျှင်

- အိမ်မှာ အနားယူပါ။

- ရေများများသောက်ပါ။

- ဆရာဝန်နှင့်ဆွေးနွေးပြသကာ ရောဂါလက္ခဏာသက်သာစေရန် လိုအပ်သော အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးများသောက်ပါ။

-ဆေးသောက်ပြီး ၂ ရက်ကြာသည် အထိ ရောဂါလက္ခဏာ မသက်သာဘဲ ပိုမိုဆိုးရွားလာပါက နီးစပ်ရာဆေးရုံသို့ အမြန်းဆုံးပြသပါ။

- ချောင်းဆိုး နှာချေလျှင် လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးများ အသုံးပြုပါ၊ သုံးပြီးသားတစ်ရှူးများ၊ နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ပါ။

- ရောဂါပိုးကူးစက်မှုနည်းပါးအောင် လူထူထပ်သောနေရာများသို့ သွားခြင်းမှရှောင်ကြဉ်ပါ။

                       စာဖတ်သူတို့အားလုံး H1N1 တုပ်ကွေးရောဂါဖြစ်ပွားဖြစ်ခြင်းမှ ကာကွယ်နိုင်ကြပြီး ဖြစ်ပွားပါကလည်း ထိရောက်မှန်ကန်သော ဆေးကုသမှုကို အချိန်မှီရရှိနိုင်ကြပါစေ။


Ref: Mayo's Clinic

Dr. Pearl, Dr. Phyo (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18