Print

အသည်းကို သန့်ရှင်းဖို့တွက် Detox Water

  29-Oct-2016
Preview Image

ကျွန်မတို့တွေဟာ တချိန်လုံးစားချင်တာတွေစားကြ သောက်ချင်တာ တွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထားမိကြပါဘူး။ စားသောက်သမျှတွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။ အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာတွေကိုပါ သန့်ရှင်းပေးသင့်ပါတယ်။ လောလောဆယ်တော့  အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။ ဒီနည်းတွေဟာ  ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ စျေးကြီးပေးပြီး Detox တွေ ဝယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water  သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို  စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water  သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon  ပါးပါးလှီးထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water  သောက်ရေထဲကို စတော်ဘယ်ရီသီးလေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water  ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water သောက်ရေထဲကို ACV(ဗီနီဂါ) အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water  Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး  နည်းနည်းရယ် ထည့်ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက်၊ တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြတယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာအစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှမစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေး သောက်တော့ ကျန်းမာရေးအတွက် ကောင်းတာပေါ့။

Ref: မြဝတီ Tuesday, June 30, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18