Print

သွေးကြောပိတ်၊ သွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တဲ့ အစားအစာများ

  28-Mar-2017
Preview Image

(၁) ကော်ဖီ (Coffee)

ကော်ဖီသောက်ရင် ရင်တုန်စေတယ်။ နှလုံးရောဂါတွေနဲ့ မတည့်ဘူးယူဆခဲ့ကြတယ်။ ဒါပေမဲ့ သုတေသနတွေအရ ကော်ဖီ ၈ မှ ၁၆ အောင်စသော နေ့စဉ်ဖျော်သောက်ရင် နှလုံးရောဂါဖြစ်နိုင်ခြေကို ၂၀% တောင် လျော့ချပေးနိုင်တယ် ဆိုပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားကိုတော့ မမေ့သင့်ဘူး။ နေ့စဉ်ကော်ဖီခွက်ပေါင်းများစွာ သောက်နေရင် ကဖီးဓာတ်ရဲ့ လှုံ့ဆော်မှုကြောင့် နှလုံးတုန်၊ ရင်တုန်လာမယ်။ သွေးဖိအားတွေ တိုးလာစေပြီး ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။ နေ့စဉ်ကော်ဖီ ၂ ခွက်လောက်ကတော့ ကျန်းမာရေးအန္တရာယ် မပေးပါဘူး။

 

(၂) သံလွင်ဆီ (Olive Oil)

ဆီတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်ဆုံးပြောကြတဲ့ သံလွင်ဆီမှာ မရှိမဖြစ်လိုအပ်တဲ့ Essential Fatty Acid တွေ ပါဝင်တဲ့အတွက် ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပြီး လူကိုကျန်းမာစေတယ်။ ဓာတ်တိုးပစ္စည်းတွေရဲ့ အန္တရာယ်ကျရောက်မှုနှင့် သွေးကြောအတွင်း ထိခိုက်ခံရမှုတွေမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကျန်းမာရေးလိုက်စားသူတွေဟာဟင်းချက်ဆီ၊ စားသုံးဆီနဲ့ ဟင်းရွက်သုပ်ရာမှာ သံလွင်ဆီကိုပဲ ရွေးချယ်သုံးကြတယ်။

 

လောလောဆယ် လေ့လာမှုတွေအရ နေ့စဉ်အစားအသောက် ချက်ပြုတ်ရာမှာသံလွင်ဆီကိုသာ ရွေးသုံးမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေတဲ့ နှလုံးနှင့်သွေးကြောပိတ်ရောဂါ တွေကို ၄၁% တောင် လျှော့ချပေးနိုင်တာမို့ နှလုံးနဲ့သွေးတိုးရောဂါ ဖြစ်နိုင်ခြေမြင့်မားသူတိုင်း သံလွင်ဆီကိုသာ အဓိကထား စားသုံးသင့်ပါတယ်။ သံလွင်ဆီကိုသာ အဓိကထား စားသုံးသင့်ပါတယ်။ သံလွင်ဆီဝယ်ရာမှာလည်း ဈေးချိုရာမဝယ်ဘဲ တန်ဖိုးကြီးပြီး အာဟာရမပျက်စေတဲ့ အဆင်မြင့်နည်း ပညာသုံးသဘာဝ အော်ဂဲနစ် သံလွင်ဆီ ၁၀၀% စစ်စစ်ကိုသာ ရွေးချယ်သုံးစွဲပါမှ အာနိသင်အပြည့်အဝရမှာ ဖြစ်တယ်။

 

(၃) လိမ္မော်ရည် (Orange Juice)

သကြားမပါတဲ့ သဘာဝအော်ဂဲနစ် ၁၀၀% လိမ္မော်ရည်စစ်စစ် ၂ ခွက်သာနေ့စဉ်သောက်ပေးရင် သွေးတိုးကျဆင်းစေသလို သွေးကြောတွေအတွင်း ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို လျော့ကျစေတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်ရည်က အင်တီအောက်ဆီဒင့် အာနိသင်ပါလို့ သွေးကြောတွေအတွင်း သန့်ရှင်းစင်ကြယ်စေပြီး သွေးကြောနံရံတွေမှာ ဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်ဒဏ်ရာရခြင်းမှလည်း ကာကွယ်ပေးပါတယ်။ လိမ္မော်သီးကို ကပ်နေတဲ့အမျှင်အဖြူလေးတွေပါအောင် နေ့စဉ် ၂-၃ လုံး စားပေးခြင်းကလည်း ထပ်တူအကျိုးရစေတယ်။ 

 

(၄) ဟင်းနုနယ်ရွက် (Spinach)

အရွက်စိမ်းဟင်းရွက်တွေထဲမှာ ကျန်းမာရေးကောင်းစေတယ်လို့ နာမည်ကျော်တဲ့ဟင်းနုနယ်မှာ အမျှင်ဓာတ်၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ်တွေ ကြွယ်ဝစွာပါတယ်။ အဲဒါတွေက သွေးဖိအားကို ကျစေပြီး သွေးကြောတွေကို သန့်ရှင်းစင်ကြယ်စေတယ်။ နောက်ဆုံးပြုလုပ်တဲ့ သုတေသနတွေအရ ဟင်းနုနယ် တစ်ပန်ကန်ကို နေ့စဉ်စားပေးရင် ပါဝင်တဲ့ဖောလိတ် ပမာဏက သွေးကြောကျဉ်းရောဂါနှင့် နှလုံးရောဂါဖြစ်စေတဲ့ သွေးတွင်းရှိ 
ဟိုမိုစစ်စတင်း Homocysteine တွေ လျော့ကျစေတယ်။ ဒါ့ကြောင့် အဲဒီရောဂါရှိနေရင်ဖြစ်စေ၊ ကာကွယ်ချင်ရင်ဖြစ်စေ၊ ဟင်းနုနယ်ကို နေ့စဉ်ပါအောင် စားသောက်သင့်တယ်။ပြုတ်စား၊ ချက်စား ၊ကြော်စား၊ သုပ်စား ကြိုက်သလို ပြုလုပ်စားနိုင်ပါတယ်။ 

 

(၅) ဖရဲသီ (Watermelon)

ရေငတ်လည်းပြေ၊ အရည်လည်းရွှမ်း၊ စားရတာလည်း အရသာရှိတဲ့ ဖရဲသီးကနှလုံးကျန်းမာရေးကို ကောင်းကောင်းအကျိုးပြုပါတယ်။ ဖရဲသီးမှာပါတဲ့ L-citruslline ဆိုတဲ့ အမိုင်နိုအက်ဆစ်က သွေးလွှတ်ကြောတွေထဲမှာ သန့်ရှင်းစင်ကြယ်နေစေတယ်။ သွေးလွှတ်ကြောတွေထဲမှာ သန့်ရှင်းစင်ကြယ်နေစေတယ်။ ရောင်ရမ်းမှုဖြစ်စဉ်တွေကို ကျဆင်းစေတယ်။ တလည်းသီလိုပဲ ဖရဲသီးက ကိုယ်ခန္ဓာအတွင်းမှာ နိုက်ထရစ်အောက်ဆိုဒ် ဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးနိုင်လို့ သွေးကြောတွေ ကျယ်စေကာ သွေးထောက်ပံ့မှု ပိုကောင်းလာစေတယ်။ သွေးတိုးရှိရင်လည်း သွေးပေါင်ကျစေတယ်။ ဒါကြောင့် ရာသီပေါ်သီးနှံ့တွေထဲက သဘာဝဖရဲသီးကို သေချာရွေးချယ် စားပေးသင့်ပါတယ်။ ဆိုးဆေး (Dye) နီနီ ထိုးထည့်ထားတဲ့ ဓာတ်မြေသြဇာ လှိုင်လှိုင်သုံးထားတဲ့ ဖရဲသီးမဟုတ်ဖို့တော့ လိုပါတယ်။


Credit: ဒေါက်တာမြချယ်
Ziwaka magazine, March 2016, Pg.125 – 130



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18