Print

ပိန်းဥအစွမ်း

  11-Sep-2018
Preview Image

 ပိန်းဥ၏ဂုဏ်သတ္တိမှာ သာမန်ဖြစ်၏။ အရသာမှာ ချို၏။ သရက်ရွက်၊ အစာအိမ်၊ အူမကြီးတို့ကို ကောင်းကျိုးများစွာ ပေးနိုင်၏။


စားသုံးသင့်သူများ

 ပိန်းဥကို သာမန်လူတိုင်း စားရန် သင့်လျော်ပါသည်။ အထူးသဖြင့် ပိန်းဥကို ခန္ဓာကိုယ်အားနည်းသူများ စားပေးရန် ပိုသင့်လျော်ပါသည်။ အစာမကြေဖြစ်တတ်သူများလည်း စားပေးရန် သင့်လျော်ပါသည်။ 


မစားသုံးသင့်သူများ

 ပိန်းဥကို အလာဂျီဖြစ်တတ်သူ၊ ခန္ဓာကိုယ် ရောင်ရမ်းတတ်သူ၊ ပန်းနာရောဂါသည်များ မစားသင့်ပါ။ အစာအိမ်အောင့်တတ်သူ၊ ဆီးချိုရောဂါသည်များ လျှော့စားပေးသင့်ပါသည်။ 


ကောင်းကျိုး

 ပိန်းဥကို စားပေးပါက ခန္ဓာကိုယ်အတွင်း ရောဂါပြီးဓာတ်ကို တိုးပွားစေမည်။ ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ သွားများကို ကာကွယ်ပေးနိုင်သည်။ ခွဲစိတ်ပြီး လူနာများကိုလည်း အမြန်ဆုံးကောင်းမွန်သက်သာစေနိုင်မည်။ ပိန်းဥကို မကြာခဏစားပေးပါက လှပစေ၍ ဆံကေသာကိုလည်း နက်မှောင်သန်စွမ်းစေနိုင်သည်။ အစာအိမ် အချဉ်ပေါက်ခြင်း မဖြစ်စေရန် ကာကွယ်ကုသပေးနိုင်သည်။ သွေးလေကို ကောင်းစေမည်။ ခန္ဓာကိုယ်ကိုယ်ကို အားဖြည့်ပေးနိုင်မည်။

ပိန်းဥထဲတွင် အပူပမာဏပါဝင်မှု အတော်လေးနည်းသောကြောင့် အဆီချပေးသော အစားအစာအဖြစ် စားသုံးပေးနိုင်သည်။ ပိန်းဥထဲတွင် အာဟာရဓာတ်ပါဝင်မှု တန်ဖိုးအလွန်မြင့်မားပါသည်။ ဝမ်းပျက်ခြင်းကို ကောင်းမွန်စေရန် ကုသနိုင်သည်။ ပိန်းဥထဲတွင် ဆယ်လူလို့စ်ဓာတ်ပါဝင်မှုများသောကြောင့် အူမကြီးကို စိုစွတ်စေ၍ ဝမ်းကို မှန်စေနိုင်သည်။ ဝမ်းချုပ်ခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ 

ပိန်းဥထဲတွင် ပိုတက်ဆီယမ်ဓာတ်ပါဝင်မှု ဖြင့်မားသောကြောင့် ဖိအားကို ကျစေနိုင်သည်။ နေ့စဉ်စားပေးပါက သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်သည်။ ပိန်းဥစားပေးခြင်းဖြင့် သရက်ရွက်ကို ကျန်းမာစေနိုင်သည်။ ရေငတ်ပြေစေနိုင်သည်။ အဆိပ်မိခြင်း၊ ကြက်မျက်သင့်ရောဂါတို့အတွက် ကောင်းစေနိုင်သည်။ အသည်းနှင့်ကျော်ကပ်ကိုလည်း ကောင်းမျိုးများ ပေးနိုင်မည်။ အူမကြီးကိုလည်း ကျယ်စေနိုင်သည်။ ပိန်းဥကို အသက်ကြီးသူများ များများစားပေးသင့်သည်။


သတိပေးချက်

 ပိန်းဥကို အစိမ်းမစားသင့်ပါ။ 


Credit: ယမုံအေး (စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18