Print

ကြာစေ့လေးတွေစားရင်း ရရှိမယ့်ကျန်းမာရေး အကျိုးကျေးဇူးများ

  31-Oct-2018
Preview Image


မိုးတွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေ ရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကို ပေးနိုင်သလို ကြာပင်က ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။ ကြာပင်ရဲ့ ကြာရိုး၊ ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။ အခုတစ်ခေါက်ကတော့ ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ ကြာစွယ်၊ ကြာရိုးနဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ် စားသုံးကြပါတယ်။

ကြာစေ့မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ

ကြာစေ့ဆိုတာက ကြာပန်းအလယ်ပိုင်းက ဝတ်ဆံလေးတွေ ရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေးနဲ့ အတွင်းက အဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကိုစားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက အဆံဖြူဖြူလေးကို စားရတာပါ။ နုလေချိုလေအရသာရှိလေပါပဲ။

ကြာစေ့မှာ phosphorus၊ ပရိုတင်း၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါတယ်။ ဒါတွေတင်မကပါဘူး။ ကြာစေ့လေးတွေမှာ ဇင့်နဲ့သံဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကြာစေ့လေးတွေမှာ အချိုဓာတ်၊ အငန်ဓာတ်၊ ကိုလက်စထရောနဲ့ ပြည့်ဝဆီတွေက မပါသလောက်ကို နည်းပါတယ်။ ကြာစေ့ တစ်အောင်စမှာ ကယ်လိုရီပမာဏက ၉၄.၃ ရာခိုင်နှုန်းလောက်ပဲ ပါဝင်တာပါ။

ကြာစေ့စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ကြာစေ့လေးတွေထဲမှာ  L-isoaspartyl methyltransferase လို့ခေါ်တဲ့ အရွယ်တင်ေစနိုင်တဲ့ အင်ဇိုင်းပါဝင်တာကြောင့် အသားအရေလှပစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝအစားအစာတစ်မျိုးပေါ့။ အသားအရေကိုတင်းရင်းလှပနေစေမယ့်အပြင်  ဖလေဗာနွိုက်ပါဝင်မှုကြောင့် အရေပြားမှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကတော့ အသားအရေအတွက် ကြာစေ့လေးကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါ။

စားသုံးလို့အရသာရှိတဲ့ ကြာစေ့လေးတွေက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ ကျောက်ကပ်ကိုလည်း ကျန်းမာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေနိုင်ပါတယ်။ သရက်ရွက်ကျန်းမာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဝမ်းလျှောနေသူတွေအနေနဲ့ ကြာစေ့လေးတွေကို ဆန်ပြုတ်ထဲထည့်ပြုတ်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အားပြည့်စေမယ့်အပြင် ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။

ကြာစေ့ကို စားသုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကြာစေ့က သဘာဝအိပ်ဆေးတစ်မျိုးပါ။ အာရုံကြောတွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။  သွေးတိုးရောဂါရှိသူတွေအနေနဲ့ ကြာစေ့ကို အထဲကအဆံစိမ်းလေးမဖယ်ဘဲ စားသုံးပေးမယ်ဆိုရင် သွေးတိုးကျစေမှာဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ သွေးကြောတွေနဲ့နှလုံးကိုပါ ကျန်းမာစေမှာ အသေအချာပါ။

ဆီးအောင့်တာ၊ ဆီးကျဉ်တာလိုမျိုး ဆီးနဲ့ဆိုင်တဲ့ဝေဒနာတွေ သက်သာစေဖို့အတွက် ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ သွားနဲ့သွားဖုံးတွေမှာ အနာဖြစ်နေခဲ့ရင်လည်း ကြာစေ့လေးတွေကို စားသုံးပေးပါက တစ်သျှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အနာတွေကို သက်သာစေမှာပါ။

ကြာစေ့လေးတွေမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ်အတွက်လည်း ပြည့်ဝတဲ့ အာဟာရကိုရရှိစေမှာပါ။ နှလုံးကိုကျန်းမာစေနိုင်တဲ့ folate ပါဝင်တာကြောင့် နှလုံးရောဂါကင်းဝေးချင်သူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကိုယ်အလေးချိန် ကျချင်သူတွေအနေနဲ့လည်း အဆီနဲ့ ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ ကြာစေ့လေးတွေကို သရေစာအစားစားသုံးပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးလို့ရပါတယ်။

အရေပြားမှာဖြစ်တဲ့ အနာတွေကိုသက်သာစေဖို့၊ အနာကျက်စေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ မျက်နှာမှာဖြစ်တတ်တဲ့ ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း  ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ အပျင်းပြေစားလို့ရသလို အရသာလည်းရှိတဲ့ ကြာစေ့လေးတွေစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

Credit: Hello Health Group 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18