Print

စီးကရက်အစားထိုး နည်းပညာ

  24-Feb-2017
Preview Image

အီလက် ထရွန်နစ် စနစ်ကို အခြေခံပြီး ပြုလုပ် ထားသည့် အီး-စီးကရက် (e-Cigarette) များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဆေး လိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းအဖြစ် တူညီစွာ သတ်မှတ်နိုင် သည်ဟု ပြောဆို ခဲ့ခြင် ကြောင့် ဆေး လိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်လျှော့ချရေးဆိုင်ရာ ထုတ်ကုန်များ၏ တွင်ကျယ် ထိရောက်စေမှု ကို နှောင့်နှေးစေကြောင်း ဗြိတိသျှ၊ အမေရိ ကန် ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုင်ရာ အဖွဲ့အ စည်း (British American Tobacoo - BAT) က ပြောကြားလိုက်သည်။

 

ပြည်တွင်းစျေးကွက် ၌လည်း ဝယ်ယူရရှိနိုင်နေသည့် နီကိုတင်း အန္တရာယ်ကို လျှော့ချပေးသော အီး-စီးကရက် ထုတ်ကုန်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းက ယခုကဲ့သို့ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ကုန် ပစ္စည်းများနှင့် တူညီသည်ဟု သတ်မှတ်ခဲ့ခြင်းကြောင့် ဆေးလိပ်သောက်သုံးသူများသည် ၎င်းတို့အတွက် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖြစ်စေမှုကို လျှော့ချပေးသည့် အီလက်ထရွန်နစ် ထုတ်ကုန် စီးကရက် များကို ရွေးချယ်သုံးစွဲနိုင်ရန် အခက်အခဲဖြစ်လာစေမည်ဟု BAT မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Mr. Kingsley Wheaton ကဆိုသည်။

 

အီး-စီးကရက်ဆိုသည်မှာ ဘက်ထရီပါဝါကို အဓိကအသုံးပြုပြီး သုံးစွဲရသော ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းအစားထိုး အီလက်ထရွန်နစ်ထုတ်ကုန်တစ်ခုဖြစ်ပြီး သုံးစွဲသူများသည် ထိုပစ္စည်းတွင် ပါဝင် သည့် အရည်များကို အငွေ့အဖြစ် ပြန်လည်မှုတ်ထုတ်နိုင်ခြင်းကို ပြုလုပ်နိုင်သည့် စီးကရက်အစားထိုး နည်းပညာ အခြေခံပစ္စည်းတစ်ခုဖြစ်သည်။

 

“တကယ်လို့ အီး-စီးကရက်တွေကို ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေနဲ့ အတူတူပဲလို့ သတ်မှတ် လိုက်ရင် ဆေးလိပ်သောက်သုံးတဲ့သူတွေထဲက အချို့ဟာ သူတို့အတွက အန္တရာယ်ဖြစ်စေမှုကို နည်းစေတဲ့ အခုလို အီလက်ရွန်နစ်ထုတ်ကုန်တွေကို ရွေးချယ်ဖို့အခွင့်အရေးတွေ နည်းသွားစေပါလိမ့်မယ်” ဟု အထက် ပါပုဂ္ဂိုလ်က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။

 

ထို့အပြင် နိုင်ငံအသီးသီး၏ အစိုးရဖွဲ့များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း နီကိုတင်း အန္တရာယ်ကို လျှော့ချပေးသည့် အထောက်အကူပြု အီး-စီးကရက်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများနှင့် တူညီသည်ဟု တန်းတူသတ်မှတ်ချက်များကို အလေးအနက်စဉ်းစားရန် လိုအပ်ကြောင်း အကြံပြုပြောကြားသည်။

 

“ဒီလိုအန္တရာယ်ဖြစ်စေမှုကို လျှော့ချပေးတဲ့ အီလက်ထရွန်နစ် စီးကရက်တွေကို သောက်သုံးတာတွေ အခုထက်ပိုနည်းသွားမယ်ဆိုရင် ပြည်သူ့ကျန်းမာရေးအတွက်လည်း ဆိုးဝါးသွားစေပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

အဆိုပါ အီး-စီးကရက်များကို ပြည်တွင်းရှိ အချို့သောစတိုးဆိုင်များ၊ ကုန်တိုက်များတွင် ဝယ်ယူရ ရှိနိုင်သော်လည်း အခြားနိုင်ငံများကဲ့သို့ စီးကရက်အစားထိုး အီလက်ထရွန်နစ်ထုတ်ကုန်များကို သုံးစွဲမှု မှာ မြန်မာနိုင်ငံတွင်မူ တွင်ကျယ်မှုမရှိသေးကြောင်း စုံစမ်းသိရသည်။

 

“ဒီကစျေးကွက်မှာတော့ အီး-စီးကရက်ကို သိတဲ့သူတောင် အများကြီးမရှိသေးပါဘူး။ ဒါပေမဲ့ သူကနီကို တင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖြစ်စေမှုကို လျှော့ချပေးတဲ့ အီလက်ထရွန်နစ်စီးကရက်ဆိုတော့ သူ့ကို ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေလို သတ်မှတ်လို့မရဘူးလို့ထင်ပါတယ်” ဟု ရန်ကုန်မြို့တွင်နေထိုင် သည့် အီး-စီးကရက်သုံးစွဲဖူးသူ အမျိုးသားတစ်ဦးက ပြောသည်။

 

BAT သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အစားထိုးသုံးစွဲနိုင်မည့် အီး-စီးကရက်များကို သုတေသနစမ်းသပ်မှုများပြုလုပ်ပြီး ထုတ်လုပ်နိုင်ရန်အတွက် ပံ့ပိုးနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကမ္ဘာတဝန်းတွင် ဆေးလိပ်သောက်သုံးနေသူ သန်းပေါင်း တစ်ဘီလီယံခန့်ရှိနေပြီး ၂၀၅၀ ခုနှစ်တွင် ၂.၂ ဘီလီယံအထိ တိုးတက်လာနိုင်သည်ဟု အဆိုပါအဖွဲ့အစည်းက ခန့်မှန်းထားပြီး ယင်းကြောင့် အီး-စီးက ရက်များကို သုံးစွဲပြီး ဆေးလိပ်သောက်သုံးမှုနှင့် အန္တရာယ်ဖြစ်စေမှုကို လျှော့ချနိုင်ရန် နိုင်ငံတိုင်း၏ အစိုးရ အဖွဲ့များက လုပ်ဆောင်သင့်ကြောင်း ၎င်းတို့၏ကြေညာစာတမ်းတွင် ပြောကြားထားသည်။

 

Healthcare.com.mm

Ref: ယုဇနကိုကို
Source: Internet Journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18