Print

ခြေနံ့မနံအောင် ဘယ်လို ဖြေရှင်းမလဲ

  24-Feb-2017
Preview Image

ယနေ့ခေတ်မှာ လူတွေ အတော် များများက ခြေအိတ်နဲ့ ရှူးဖိနပ်တွေ ဝတ်ဆင်လာ ကြပါတယ်။ အဲဒီအခါမှာ ချွေးတွေအောင်းပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားကာ ခြေနံ့ ထွက်ပါတယ်။ ခြေနံ့နံတာက အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပါတယ်။ ခြေနံ့ကို အမွှေးရနံ့တွေ သုံးပြီး လွယ်လွယ်နဲ့ ဖျောက်ဖျက် မရနိုင်ပါဘူး။ ဒါဆို ဒီနည်းတွေနဲ့ ခြေထောက် အနံ့ဆိုးတွေကို တိုက်ထုတ် လိုက်ကြရအောင်။

 

၁။ ခြေဖဝါးတွေကို နေ့တိုင်း ပွတ်တိုက် ချေးချွတ်ပေးပါ။

ခြေနံ့ ထွက်တယ်ဆိုတာ ဆဲလ် အသေတွေ အရမ်းများနေလို့ပါ။ ဆဲလ် အသေတွေများရင် ဘက်တီးရီးယားတွေ ပိုပွားတတ်ပါတယ်။ ဒါကြောင့် ပိုးမွှားသေစေတဲ့ ဆပ်ပြာ (Antibacterial soap) ကိုသုံးပါ။ ရေချိုးတဲ့ အခါမှာလည်း အဝတ်စပဲ ဖြစ်ဖြစ် ချေးတွန်းကျောက်နဲ့ပဲ ဖြစ်ဖြစ် ချေးချွတ်ပါ။ ခြေချောင်းကြား နေရာတွေလည်း မကျန်ပါစေနဲ့။

 

၂။ ခြေဖဝါး ခြောက်သွေ့နေပါစေ။

ချွေးကြောင့်ပဲ ဖြစ်ဖြစ်၊ ရေကြောင့်ပဲ ဖြစ်ဖြစ် ခြေဖဝါး စိုစွတ်နေရင် ဘက်တီးရီးယားတွေပေါက်ဖွား လာတတ်ပါတယ်။ ဒါကြောင့် ခြေဖဝါးကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

 

၃။ ချိုင်းနံ့ ပျောက်ဆေးကိုလည်း ခြေနံ့ မနံအောင် သုံးနိုင်ပါတယ်။

ချိုင်းနံ့ ပျောက်ဆေးကိုသန့်ရှင်း ခြောက်သွေ့သော ခြေဖဝါးကို လိမ်းပါ။ ခြေဖဝါး ချွေးမထွက်အောင် ထိန်းပေးပြီး တစ်နေ့လုံး လန်းဆန်း နေပါလိမ့်မယ်။

 

၄။ ကိုယ်လိမ်း ပေါင်ဒါ (သို့) မုန့်ဖုတ်ဆော်ဒါ။

ခြေဖဝါးကို ကိုယ်လိမ်း ပေါင်ဒါ လိမ်းပေးပါ။ ခြေဖဝါး ခြောက်သွေ့ သန့်ရှင်း နေပါလိမ့်မယ်။မုန့်ဖုတ် ဆော်ဒါကလည်း ဘတ်တီးရီးယား ပိုးတွေကို ဖယ်ရှားပေးတဲ့ အတွက် အနံ့ဆိုးကို တားဆီးပေးပါတယ်။ ရေလေးပုံ တစ်ပုံနဲ့ မုန့်ဖုတ် ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကို ရောပြီး လိမ်းပေးပါ။

 

၅။ နေ့စဉ် ခြေအိတ်လဲပါ။

သန့်ရှင်း ခြောက်သွေ့သော ခြေအိတ်ကိုသာ ဝတ်ဆင်ပါ။ သင့်ခြေထောက် ချွေးထွက်တဲ့ အချိန်မှာ ခြေအိတ်က ချွေးစုပ် ထားပါတယ်။ ထိုခြေအိတ်ကို နောက်တစ်ရက် ပြန်ဝတ်တဲ့ အခါမှာ စုပ်ယူထားတဲ့ ချွေးကို အပူပြန်ပေးသလို ဖြစ်ကာ အနံ့ဆိုး ထုတ်လွှတ်တတ်ပါတယ်။

 

(၁) ဒါကြောင့် ခြေအိတ်ကို နေ့စဉ်လဲပေးပါ။

(၂) ခြေအိတ်လျှော်လျှင် အတွင်းအပြင် ပြောင်းပြန်လှန်ပြီး လျှော်ပါ။

(၃) ချည်၊ သိုးမွေးတို့နှင့် လုပ်ထားသော ခြေအိတ်ကိုသာ ရွေးချယ် ဝတ်ဆင်ပါ။

 

၆။ ခြေညှပ် ဖိနပ်များကိုလည်း စီးပါ။

ခြေညှပ် ဖိနပ်တွေက ခြေထောက်ကို လေဝင် လေထွက် ကောင်းစေပါတယ်။ ဒါကြောင့်ခြေဖဝါး ချွေးထွက် နည်းစေပြီး အေးမြ နေစေပါတယ်။ အေးတဲ့ ရာသီမှာ ရှူးဖိနပ် ဝတ်ဆင်မည် ဆိုပါက သားရေ၊ ကင်းဗတ် ရှူးဖိနပ်များကို ရွေးချယ်ပါ။ ရော်ဘာ (သို့) ပလတ်စတစ် ရှူးများကို လုံးဝ မဝယ်ပါနှင့်။

 

၇။ ရှူးဖိနပ်များကို တစ်လှည့်စီ စီးပါ။

ရှူးဖိနပ် တစ်ရံတည်းကိုပဲ နှစ်ရက် ဆက်တိုက် မစီးပါနဲ့။ ရှူးဖိနပ်တွေ ခြောက်သွေ့ဖို့ အချိန်ပေးပါ။ သူတို့တွေ ခြောက်သွေ့ဖို့က (၂၄) နာရီလောက် ကြာပါတယ်။ ဒါ့အပြင် ရှူးဖိနပ်တွေကို မကြာခဏ ဆေးကြောပါ။ ရှူးဖိနပ်တွေကို ဘယ်တော့မှ ဗီရိုထဲ မထည့်ထားပါနဲ့။


Healthcare.com.mm

Ref:
Messenger



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18