Print

အဖြစ်များတဲ့နားလေးရောဂါတွေ

  24-Feb-2017
Preview Image

 

နားလေးတဲ့ ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ နားလေးသွားရင်  တစ်ဦးနဲ့ တစ်ဦးဆက်သွယ် ပြောဆိုတဲ့နေရာမှာ အဆင်မပြေတာ၊ လုပ်ငန်းခွင်မှာ အဆင် မပြေတာတွေ ဖြစ်တတ်ပါတယ်။နားအရမ်းလေးရင် အော်ပြောရင် တောင်မကြားရတော့ဘူး။ မိုးခြိမ်းသံ၊ ကားဟွန်းသံ၊ တူထုသံ လိုမိုျးကို တအားကျယ်ရင် တစ်ချက်တစ်ချက်ကြား ရတယ်။ ကိုယ့်ကိုယ် အန္တရာယ်ပြုနိုင်တဲ့အသံ ဘယ်မှာ ရှိသလဲဆိုတာ သိဖို့အရေးကြီးပါ တယ်။ မသိရင် ယာဉ်အန္တရာယ်ကြုံတတ်ပါတယ် ” ဟု နား၊ နှာခေါင်း၊ လည် ချောင်း အထူးကု ဆရာဝန် ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။ နားလေးခြင်း အမျိုးမျိုးရှိသည်။ နားတစ် ဖက်တည်း လေးခြင်း ၊ နားနှစ်ဖက်လေးခြင်း၊ နား အတော်အသင့်လေးခြင်း၊ နားအရမ်းလေးခြင်း တို့ ဖြစ်သည်။

 

ကလေးတွေဘာလို့ နားလေးတာလဲ

နားလေးရောဂါဖြစ်ပွားရသည့် အကြောင်း အရင်းအမျိုးမျိုးရှိသည်။ မျိုးရိုးကြောင့်မွေးရာပါနား လေးခြင်း၊ မျိုးရိုးကြောင့် မဟုတ်ဘဲ Gene မျိုးဗီဇ ပြောင်းလဲခြင်းကြောင့် နားလေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မိခင်ဖျားသဖြင့် နားလေးခြင်း၊ မွေး ဖွားရခက်ခဲပြီး ရေမွန်း ရာမှ နားလေးခြင်း၊ မွေးပြီး အသားဝါရောဂါဖြစ်ကာ နားလေးခြင်း၊ရောဂါပြင်း ပြင်းထန်ထန်ဖြစ်ပြီး ဆေးရုံတက်ကုရသော ကလေးများတွင် နားလေးနိုင်
ကြောင်း သိရသည်။ စာသင်အရွယ်မှာ နားလေးလာမျိုးရိုးဗီဇကြောင့်နားလေးခြင်းသည်မွေးခါစ အချိန်တွင် မပေါ်ပါက စာသင်ချိန် အရွယ်ရောက်လျှင် မသိမသာ နားလေးလာကြောင်း၊ ကလေးတော်တော်ကြီးမှ သိသာလာကြောင်း၊ စာသင် အရွယ်နား လေးခြင်းသည် ကလေးအသက် ဆယ်နှစ်မတိုင်မီ တွင်ဖြစ်ပွားတတ် ကြောင်း သိရသည်။”စာသင်အရွယ်မှာနားလေးရင် ကလေးက စာဖတ်ရဲ့သားနဲ့ အဆင့်ကျတတ်တယ်။ ဆရာမက ကလေးကို စာမလိုက်နိုင်လေ၊ စာဖိသင်လေ အဆင့်ကျလေပဲ။ ကလေးက တလွဲကြားနေတယ်။ မရေးရလို့ ပြောတာကို ရေးရလို့ကြားတယ်။

 

အင်္ဂလိပ်စာအသံ ထွက်ဆို ပိုအရေးကြီး တယ်။ ကလေးက တလွဲတွေပဲ အသံထွက်တယ်။ အဲဒီအခါမှ စသိကြတာများတယ်။ ဒါကြောင့် ကလေးစာ မလိုက်နိုင်ရင်၊ တော်ရာကနေ ညံ့သွားရင် နားမကောင်း လို့ဖြစ်တာလား စစ်သင့်တယ် ”ဟု နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။ ထို့ပြင် စကားနည်းသော ကလေးများ ကိုလည်း အေးအေးဆေးဆေးနေတတ်ခြင်း ကြောင့် စကားနည်းခြင်းလား၊ ဉာဏ်ရည်နိမ့်ခြင်း ကြောင့် စကားနည်းခြင်းလား၊ တဖြည်းဖြည်း နားလေးလာသည့် အတွက် စကားနည်းခြင်းလားဆို သည်ကို စစ်ဆေးသင့်ကြောင်း သိရသည်။ စာသင်အရွယ် ကလေးများသည် နားပြည် ယိုရောဂါ ၊ နားစည်ပေါက်ခြင်း တို့ကြောင့် နားအတွင်းရှိ အရိုးသေးလေးများ ပျက်စီးသွားခြင်း၊ နားအာရုံကြော များ အားနည်းသွားခြင်း တို့ကြောင့် နားလေးနိုင်ကြောင်း သိရသည်။

 

အလုပ်လုပ်သည့်အရွယ်မှာ နားလေးတာ

အလုပ်လုပ်သည့်အရွယ်တွင် ထိခိုက် ဒဏ်ရာရခြင်း၊ နားပြည်ယိုခြင်း၊ အာရုံကြော အား နည်းခြင်းတို့ကြောင့် နားလေးခြင်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။ ယခုနောက်ပိုင်းတွင် mp3 mp၄ များကို အကျယ်ကြီးနားထောင်သဖြင့် နားလေးခြင်း၊ လုပ်ငန်း ခွင်တွင် အသံဆူညံ ခြင်းကြောင့် နားလေးလာကြောင်း သိရသည်။

 

သက်ကြီးပိုင်းမှာ နားလေးတာ

အသက်အရွယ်ကြီး လာသောအခါ နား အာရုံကြောများ အားနည်းလာသည်။ အသက် အရွယ် ကြီးသူများကို နားလေးခြင်းမဖြစ်စေရန် ကြိုတင်ကာ ကွယ်နိုင်သော်လည်း နားလုံးဝ မလေးအောင်ပြုလုပ် ၍ မရနိုင်ပေ။ နားလေးခြင်းအဆင့်ကို လျော့နည်း အောင်သာပြလုပ်နိုင် ကြောင်း သိရသည်။ သောက်ဆေး၊ ထိုးဆေးများကြောင့် နားလေးနိုင် အကိုက်အခဲပျောက်ဆေး၊ ငှက်ဖျားဆေး၊ တီဘီဆေးနှင့် ကင်ဆာရောဂါကုသသောဆေး၊ ပိုးသတ်သော ထိုးဆေးအချို့တို့ကြောင့် နားလေးရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ နားလေးရောဂါသည် အက်စ်ပရင်အုပ်စု အကိုက်အခဲ ပျောက်ဆေး၊ quinine အုပ်စုငှက်ဖျား ဆေး၊ ပိုးသတ်သည့် genta mycin ထိုးဆေး၊ ကင်ဆာ ရောဂါထိုးဆေး၊ သောက်ဆေး အချို့တိို့ကြောင့်ဖြစ် ပွားနိုင်သည်။

 

Healthcare.com.mm

Ref:
နယူးဟောင်ကောင် New Hong Kong



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18