Print

ရေတိမ်အကြောင်းသိကောင်းစရာ

  24-Feb-2017
Preview Image

 

မျက်စိရေတိမ်ဆိုတာ မကုသဘဲ ထားလျှင် မျက်စိကွယ်တတ်တဲ့ aရာဂါဖြစ်တယ်။ ကုသမှုကို ခံယူနေစဉ်မှာ ၁၀% လောက်က မျက်စိအမြင် ဆုံးရှုံးနေရတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ရေတိမ်ရဲ့ရောဂါ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ ရေတိမ်မှာ နှစ်မျိုးနှစ်စား ရှိပါတယ်။ 

 

(၁) Acute angle closure ရေတိမ် 

(၂) Open angle ရေတိမ်

 

(၁) Acute angle closure ရေတိမ်၏ ရောဂါလက္ခဏာများ 

- အလင်းမှိန်သော နေရာတွင် မျက်စိပို ကိုက်တတ်ခြင်း 
- ခေါင်းအရမ်း ကိုက်ခြင်း 
- မျက်လုံး နာခြင်း ( Eye ball tenderness) 
- ပျို့ခြင်း၊ အန်ခြင်း
- အမြင်ဝေ၀ါးခြင်း အလင်းဝိုင်း များမြင်ရခြင်း (ဥပမာ-မီးလုံးကို ကြည့်လျှင် ဘေးတစ်ဝိုက်တွင် အလင်းစက်ဝိုင်း၊ ပုံစံမြင်ရခြင်း)
- မျက်စိနီလာခြင်း
ဒီလက္ခဏာတွေ ခံစားလာရလျှင် မျက်စိအထူးကုဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ 

 

(၂) open angle ရေတိမ်၏ ရောဂါလက္ခဏာများ

- အရာဝတ္ထုများကိုကြည့်လျှင် အကွက်လိုက်ပျောက်နေခြင်း၊
- ဘေးဘက်မှ အရာများကို မမြင်ရခြင်း

 

ဤရေတိမ်အမျိုးအစားသည် ရောဂါလက္ခဏာများ သိသာစွာမပြဘဲ မျက်စိကွယ်ခြင်းကို ဖြစ်စေ၍ အထူးသတိထားရမည်။ ထို့ကြောင့် ရေတိမ်ရောဂါကို စောစီးစွာသိရှိပြီး အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် 

- အသက် ၄၀ ကျော်ပါက လေးနှစ်လျှင်တစ်ကြိမ်

- အသက် ၆၀ ကျော်ပါက နှစ်နှစ်လျှင် တစ်ကြိမ် ပုံမှန် မျက်စိစမ်းသပ် စစ်ဆေးမှုကို ခံယူသင့်ပါသည်။

- မိသားစုတွင် ရေတိမ်ရောဂါ ဖြစ်ဖူးသူများ
- ဆီးချိုနှင့် aသွးတိုးရောဂါ ရှိသူများ
- အဝေးမှုန် သူများ
- မျက်လုံးခွဲစိတ်မှု ခံယူထားသူများ
- အသက် ၄၀ မတိုင်မီ သားဥအိမ် ဖယ်ရှားထားရ၍ “မ” ဟော်မုန်း နည်းနေသူများနှင့် 
- Steroid ပါသော မျက်စဉ်းများကို ကြာရှည် အသုံးပြုသူ များသည် ရေတိမ်ရော ဂါဖြစ်ရန် ဖြစ်နိုင်ခြေ ပိုများသဖြင့် အထူးဂ ရုပြုသင့်ပါသည်။ 

 

Lei 
Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18