Print

ခေါင်းခဏခဏ မူးနေတာ ဘာကြောင့်လဲ

  24-Feb-2017
Preview Image

 

ခေါင်းထဲမှာ မကြည်မလင်ဖြစ်တယ်၊  ခေါင်းမူးတယ်၊ မိုက်ခနဲမိုက်ခနဲ ဖြစ်တယ်၊ လှိုင်းစီးသလိုပဲ မူးနေတာ စသည်ဖြင့် ခေါင်း မူးတာကို အမျိုးမျိုးပုံစံနဲ့ ခံစားရတတ်ပါတယ်။ အထူး သဖြင့် ခရီးသွားရင် ခေါင်းမူးတတ်တဲ့လူတွေဆိုလည်း သူတို့ဘာသာ တော်တော်စိတ်ညစ်ရပါတယ်။ တချို့ ဆိုရင် ဒဏ်မခံနိုင်လို့ ခရီးဝေးဝေးလံလံကားစီးရမယ် ဆိုရင် ခေါင်းမူးမှာ၊ အန်မှာစိုးပြီး မသွားဘဲနေရတာမျိုး တောင် ရှိတတ်ပါတယ်။ ဒီတော့ ခေါင်းမူးတာဟာ လူ တော်တော်များများကိုစိတ်ဒုက္ခဖြစ်စေတဲ့လက္ခဏတစ်ခု လို့ ဆိုရမှာပါ။

 

ဒါပေမယ့် လူတော်တော်များများကြောက်တာ ကတော့ ခေါင်း ဘာကြောင့် မူးမူးနေလဲဆိုတဲ့အချက် ပါ။ ရံဖန်ရံခါမူးတဲ့လူဆိုရင်တော့ သိပ်သတိမထားမိပေမယ့် မကြာခဏမူးလာပြီဆိုရင်တော့ ကိုယ့်ဦးခေါင်းထဲ မှာ ရောဂါတွေ ကြီးကြီးမားမားဆိုးဆိုးရွားရွားဖြစ်နေ ပြီလားဆိုတဲ့ခံစားချက်ကြောင့် စိုးရိမ်ထိတ်လန့်ရတာမျိုး ဖြစ်ကြတာပါပဲ။ ဒါပေမယ့်လည်း ခေါင်းမူးရတာဟာ အကြောင်းရင်းများစွာရှိနိုင်ပါတယ်။  အားလုံးဟာ လူတော် တော်များများထင်သလို ကြီးကြီးမားမားရောဂါဇာစ်ဖြစ်ကြောင့်တော့ အချိန်တိုင်း မဟုတ်နိုင်ပါဘူး။ 

 

ဒါကြောင့် လေ့လာကြည့်ကြရမယ်ဆိုရင်တော့ -
၁) ခန္ဓာကိုယ်ရဲ့လှုပ်ရှားသွားလာမှုမှာ ဟန်ချက်ညီတဲ့ Balance ဆိုတာဟာ အင်မတန်အရေးပါပါတယ်။ ဒီလို ဟန်ချက်ညီညီသွားလာနေထိုင်နိုင်ဖို့အတွက် ဦးနှောက် Brain Stem ကနေ ထိန်းချုပ်ပေးထားလေ့ရှိပါတယ်။ ဒါ့အပြင် အရေးပါတာကတော့ နားတစ်ဖက်စီရဲ့အတွင်း မှာရှိတဲ့ Labyrinth ခေါ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ Labyrinth ဆိုတဲ့ နားအတွင်းပိုင်းမှာရှိတဲ့နေရာမှာ အရည်တွေစီး ဆင်းဖို့ လမ်းကြောင်းလေးတွေရှိပြီး ခေါင်းလှည့်တာ၊ စောင်းတာစတဲ့ ခေါင်းလှုပ်ရှားမှုတွေနဲ့အတူ အဲဒီအ ရည်တွေဟာ လိုက်ရွေ့လျားတတ်ပါတယ်။ အဲဒီအရည် လေးတွေ ဘယ်လိုစီးဆင်းတယ်ဆိုတဲ့ ပုံစံအနေအထား ပေါ်လိုက်ပြီးမှ ဦးနှောက် Brain နောက်က လိုအပ်သလို ဟန်ချက်ပြန်ထိန်းပေးရတာပါ။ ဒါကြောင့် ချာချာ လည်အောင်ခေါင်းမူးတယ်ဆိုတာဟာ အဲဒီလို နားအ တွင်းပိုင်းနဲ့ ဦးနှောက်ဟန်ချက်ညီညီ လှုပ်ရှားမှုအချိတ် အဆက် တစ်ခါတစ်ခါမှာ ပုံစံမဝင်တာ၊ တစ်နည်းအား ဖြင့် Balalance အောက်နေတာဆိုတဲ့အကြောင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ လှုပ်ရှားမှုလုပ် ရင် ပိုမူးလာတတ်ပြီး အထူးသဖြင့် အိပ်ရာထဲမှာ ဟိုဘက် စောင်း၊ ဒီဘက်စောင်းလုပ်လိုက်လို့ ချာချာလည်သလို မူးတတ်တာမျိုးဖြစ်ပါတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ 

 

၂) သွေးအားနည်းနေတဲ့သူတွေ တစ်ခါတလေ မူးခနဲ မိုက်ခနဲဖြစ်တတ်တာမျိုးရှိပါတယ်။ ဒါပေမယ့် ခေါင်းမူး တယ်ဆိုပြီး တစ်မျိုးတည်းဖြစ်တာထက် ရင်တုန်တာ၊ မောတာဆိုတဲ့လက္ခဏာတွေနဲ့ပါ တွဲဖြစ်တတ်ပါတယ်။

 

၃) ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်မှုဖြစ်တဲ့အခါမျိုး၊ သွေးပေါင်ချိန်အရမ်းကျနေတဲ့အခါမျိုးမှာလည်း ခေါင်း မူးတာဖြစ်တတ်ပါတယ်။ ချွေးထွက်အရမ်းများသူတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆားဓာတ်၊ ရေဓာတ်ကို လုံလောက်အောင် ပြန်မဖြည့်သူတွေမှာ အထူးသဖြင့် တွေ့ ရတတ်ပါတယ်။

 

၄) နှလုံးခုန်တာ စည်းချက်မမှန်တဲ့သူတွေ၊ နှလုံးရောဂါရှိသူတွေမှာ တစ်ခါတစ်ရံ ခေါင်းမူးတယ်ဆိုတဲ့လက္ခဏာ ပြတတ်ပါတယ်။ နှလုံးခုန်နှေးလွန်းတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေဆိုရင်တော့ နှလုံးဟာ လူငယ်တွေလို ကြ့ံခိုင်မှုသိပ်မရှိတော့တဲ့ အတွက် ဦးနှောက်ဆီကို နှလုံးကနေပို့လိုက်တဲ့သွေးနည်းသွားတဲ့အချိန်မျိုးမှာ ခေါင်းတွေမူးပြီး၊ မေ့လဲချင် သလို ဖြစ်တတ်ပါတယ်။ 

 

၅) တစ်ခါတစ်ရံမှာ ရောဂါမဟုတ်ပေမယ့် တစ်နေရာ ကနေ အထိုင်အထဝုန်းခနဲလုပ်လိုက်တဲ့အခါမျိုးမှာ ခေါင်းမူးတယ်ဆိုတာဖြစ်တတ်ပါတယ်။ မတ်တတ်ရပ်လိုက် တဲ့အခါမှာ ခြေထောက်တွေ၊ လက်တွေရဲ့သွေးကြော လေးတွေဟာ ပုံမှန်လိုညှစ်အားမကောင်းတော့ဘဲ ခဏတာဖြစ်ဖြစ် နှလုံးကိုသွေးရောက်နည်းသွားတာ၊ ဦးနှောက်ဆီကို သွေးရောက်နည်းသွားတာဖြစ်တတ်တာကြောင့်ပါ။ Postural hypotensionလို့ခေါ်ပြီး အသက်ကြီး သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

 

၆) ခေါင်းမူးတယ်၊ တုန်တုန်ယင်ယင်ဖြစ်တယ်၊ ချွေးစီး တွေပြန်လာတယ်ဆိုတာဟာ တစ်ခါတစ်ရံမှာ သွေးထဲ မှာ အချိုဓာတ်နည်းသွားတဲ့အတွက် ဖြစ်တတ်ပါတယ်။ ပုံမှန်ကျန်းမာသူတွေဆိုရင်တော့ အစားစားရမယ့် အ ချိန်မှာ အဆာခံလွန်းရင်ဖြစ်တတ်ပြီး ဆီးချိုရှိသူတွေ မှာဆိုရင်တော့ ဆီးချိုဆေးတွေစားထားပေမယ့် အစာ ကို ဂရုတစိုက်အချိန်မှန်မစားတာကြောင့် သွေးအချို ဓာတ်ကျဆင်းတာဖြစ်တတ်တာကြောင့် ခေါင်းမူးလာ တာဖြစ်ပါတယ်။ ဒီထက်ဆိုးပြီး ရှိသင့်တဲ့ အချိုပမာဏ ထက် အရမ်းနည်းသွားရင်တော့ မေ့လဲတာအထိဖြစ် တတ်ပါတယ်။ 

 

၇) အသက်ကလေးနည်းနည်းရလာတဲ့သူတွေမှာ အရိုး ကျီးပေါင်းရောဂါဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုမျိုး အရိုးကျီးပေါင်းကြောင့်လည်းမကြာခဏခေါင်းမူးတယ် ဆိုတာ ဖြစ်တတ်ပါတယ်။ နည်းနည်းပါးပါး ခေါင်းမူး တာကနေ အခန်းတစ်ခန်းလုံး ချာချာလည်နေအောင် မူးတယ်ဆိုတာမျိုး ဖြစ်တတ်ပါတယ်။

 

၈) တစ်ခါတစ်ရံမှာတော့ သုံးစွဲနေရတဲ့ ဆေးဝါးတွေကြောင့် ခေါင်းမူးတယ်ဆိုတာဖြစ်တတ်ပါတယ်။ ဆေးတော်တော်များများမှာ ခေါင်းမူးစေတယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုး ပါတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာဖြစ်မှာတော့ မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလိုက်ပြီးတော့ ဆေးကိုတုံ့ပြန်ပုံခြင်းတူမှာမဟုတ် တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဆိုပေမယ့် အင်္ဂလိပ်ဆေးတွေကြောင့်သာလျှင် ခေါင်းမူးတာ ဖြစ်ချင်မှဖြစ်ပါမယ်။ တိုင်းရင်းဆေးတွေ စားနေတဲ့သူတွေမှာ လည်း ဆေးထဲမှာပါဝင်တဲ့ အမည်မသိဓာတ်သတ္တိတစ် မျိုးမျိုးကြောင့် ခေါင်းမူးတတ်တာကို သတိထားသင့်ပါ တယ်။

 

၉) တစ်ခါတစ်ရံမှာတော့ ခေါင်းမူးရတဲ့အကြောင်းရင်းဟာ Anxiety ခေါ်တဲ့ စိုး ရိမ်စရာ၊ ထိတ်လန့်စရာ စိတ် ပူစရာတွေများနေတဲ့သူတွေ မှာ ပိုဖြစ်တတ်တာနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ်။ဒါကြောင့် အခုလောက်ဆိုရင်တော့ စာဖတ် သူတို့အနေနဲ့ ခေါင်းဘာကြောင့် မူးလေ့ရှိတတ်သလဲ ဆိုတာကို နည်းနည်းတော့ နားလည်သွားလောက်ပြီ ထင်ပါတယ်။ ဒါပေမယ့် ခေါင်းမူးရခြင်းဟာ အထက်မှာ ဖော်ပြထားတဲ့ကိုးချက်လောက်နဲ့တင် ရပ်သွားမှာမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေအများကြီး ရှိတတ်ပါသေးတယ်။ သို့သော်လည်း အားလုံးကိုဖော်ပြမယ်ဆိုရင် စာအုပ်တစ်အုပ်စာလောက်ဖြစ်သွားနိုင်တာမို့ အရေးကြီးတာလောက်ကိုပဲ အနှစ်ချုပ်ဖော်ပြလိုက်တာပါ။ ဒီတော့ ခေါင်းမမူးအောင် ဆောင်ရန်၊ ရှောင် ရန်လေးတွေကရောလို့ မေးချင်တဲ့စာဖတ်သူတွေလည်း ရှိလောက်မယ် ထင်ပါတယ်။ 

 

ဒါကြောင့် ခေါင်းမကြာခဏမူးတတ်သူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကတော့ -
၁) လဲလျောင်းနေရာကနေ၊ ထိုင်နေတာကနေ ရုတ် တရက် မတ်တတ်ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ ဦးနှောက် ကိုသွေးရောက်တာနည်းပြီး မူးရုံမကဘဲ မေ့လဲတာအထိ ဖြစ်တတ်ပါတယ်။


၂) အလုပ်ရှပ်နေတာမို့ အဆာခံတော့မယ်ဆိုရင် အ နည်းဆုံးတော့ သကြားလုံးဖြစ်ဖြစ်၊ အချိုရည်ဖြစ်ဖြစ် ဆောင်ထားပါ။ ထမင်းစားလိုက်မှမဟုတ်ပါဘူး။ သကြားလုံးငုံလိုက်တာဖြစ်ဖြစ်၊ အချိုရည်သောက်လိုက်တာ ဖြစ်ဖြစ်လုပ်လိုက်တာဟာ သွေးအချိုဓာတ်ကိုပြန် ထိန်းလိုက်နိုင်စေတဲ့အတွက် ခေါင်းမူးတာကို ကြိုကာ ကွယ်နိုင်ပါတယ်။


၃) ရေဓာတ်ကို လုံလောက်စွာရရှိစေဖို့ တစ်နေ့ကို ရေ နှစ်လီတာ၊ နှစ်လီတာခွဲခန့် သောက်သုံးပေးပါ။ ဝမ်းပျက်ဝမ်းလျှောထားသူတွေဆိုရင်တော့ ဝမ်းသွားထားတဲ့ပမာဏပေါ်မူတည်ပြီး ဓာတ်ဆားရည်ပြန်လည်သောက် သုံးပေးရပါမယ်။


၄) သွေးအားနည်းတတ်တဲ့သူတွေဟာ ဓမ္မတာများလေ့ ရှိတဲ့ မိန်းကလေးတွေဖြစ်တတ်တာကြောင့် သွေးအား ကောင်းစေဖို့အတွက် အားဆေးဖြည့်တင်းပေးတာ၊ အ သား၊ ပဲနဲ့အသီးအရွက်တွေကို မျှတအောင်စားသုံးပေး ဖို့ လိုအပ်ပါတယ်။


၅) ကျီးပေါင်းရောဂါရှိသူတွေအတွက်ကတော့ လိုအပ်တဲ့ အကြောအဆစ်လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးတာဟာ ရေရှည်မှာခေါင်းမူးတာကို သက်သာစေ ပါတယ်။ 


၆) မျက်လုံးအားနည်းတဲ့သူတွေဟာလည်း လိုအပ်တဲ့ မျက်လုံးစမ်းသပ်မှုလုပ်ပေးတာ၊ လိုအပ်သလို ပုံမှန် မျက်မှန်တပ်ပေးတာမျိုး လုပ်သင့်ပါကြောင်း ပြန်လည်မျှဝေရင်း ခေါင်းမူးရခြင်းနဲ့ပတ်သက်ပြီး ဒီတစ်ပတ် ဆောင်းပါးကို သည်နေရာမှာပဲ နိဂုံးချုပ်လိုက်ပါတော့ မယ်။

 

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
နေခြည်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18