Print

Brain Tumor ဦးနှောက်အတွင်း အလုံးအကျိတ်

  24-Feb-2017
Preview Image

 

အလုံးအကျိတ်ဟု ဆိုရာတွင် အလုံးအကျိတ်တိုင်းသည် ကင်ဆာ (Cancer) မဟုတ်ပါ။ ရိုးရိုး (Benign) အလုံးအကျိတ်နှင့် ကင်ဆာ အကျိတ်ဟူု၍ နှစ်မျိုးခွဲနိုင်သည်။ ကင်ဆာအကြောင်းကို ဆက်၍တင်ပြသွားပါမည်။ အလုံးအကျိတ်သည် ကြီးထွားမှု မြန်ဆန်ပြီး အခြားနေရာများသို့ လျင်မြန်စွာ ပျံ့နှံ့ကာ ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက ကင်ဆာဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ ဦးနှောက်အကျိတ်ဖြစ်ပေါ်ခြင်းကို နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါသည်။ 


- Primary (Brain အတွင်းမှ စတင်၍ အလုံးအကျိတ်ဖြစ်ပေါ်မှု)
- Secondary (အခြားခန္ဓာကိုယ်အတွင်း ကင်ဆာတစ်ခုခုမှ ပျံ့နှံ့လာခြင်း) ဟူ၍ ဖြစ်သည်။

 

ဘယ်အသက်တွေမှာဖြစ်နိုင်သလဲ?

မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါသည်။ ခံစားရမည့် ရောဂါလက္ခဏာများမှာ-
- ခေါင်းကိုက်ခြင်း
- တက်ခြင်း
- ပျို့အန်ခြင်း
- အကြား၊ အမြင် ချို့တဲ့ခြင်း
- ဝူးဝူးဝါးဝါးနှင့် ပြောချင်ရာစကားပြောခြင်း
- Memory (အသိဉာဏ်ချို့တဲ့ခြင်း)
- ပုံမှန်ပြုလုပ်နေကျ အပြုအမူများ ပြောင်းလဲသွားခြင်း
- ဒယိမ်းဒယိုင်လမ်းလျှောက်ခြင်း (သို့) လုံးဝ လမ်းမလျှောက်နိုင်တို့ခြင်းများ ပါဝင်သည်။ 

 

ဘယ်လိုလူမျိုးတွေမှာ ရောဂါပိုဖြစ်နိုင်သလဲ?

- မိဘမျိုးရိုးထဲတွင် ဖြစ်ဖူးသည့်လူများ
- ယခင်က ခေါင်းကို ဓာတ်မှန်မကြာခဏရိုက်ဖူးသူများ
- အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ Chemicals ဓာတုပစ္စည်းများနှင့် အချိန်ကြာကြာ ထိတွေ့နေရသူများ
- ဦးနှောက်ထိခိုက်နိုင်သည့် ရောဂါပိုးဝင်ခံထားရသူများ (ဥပမာ ခုခံအားကျဆင်းနေသူများတွင် အများဆုံးတွေ့ရတတ်သည့် Ebstein-Barr Virus ဝင်သည့် ရောဂါ)
- ဓာတ်ရောင်ခြည်ထိတွေ့မှု (နားကြပ်မသုံးဘဲ ဖုန်းကြာကြာပြောခြင်း၊ အိပ်ယာဝင်သည့်အခါ ဖုန်းကိုဦးခေါင်းနားထားကာ အမြဲအိပ်ခြင်း)

 

သေချာသိနိုင်အောင် ဘယ်လိုစစ်ဆေးနိုင်လဲ?
 

- MRI - သံလိုက်ဓာတ်မှန်
- CT - ကွန်ပြူတာဓာတ်မှန်
- Biopsy -အသားစထုတ်ယူ၍ စစ်ဆေးစမ်းသပ်ခြင်း။

 

ဘယ်လိုကုသမှုမျိုးခံယူနိုင်လဲ?
 

***မည်သည့်ရောဂါ၊ မည်သည့်ကုသမှုမျိုးမဆို စောစောသိ၊ စောစောကုလေ ကောင်းလေဖြစ်သည်။ 
- Surgery (ခွဲစိတ်ကုသခြင်း)
- Radiation (ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း)
- Chemotherapy (ဆေးသွင်းကုသခြင်း)
- Electric field therapy (ဦးနှောက်အပြင်ဘက်မှ လျှပ်စစ်ဓာတ်ပေး၍ ကုသခြင်း)
အထက်တွင် ဖော်ပြခဲ့သော ကုသမှုများသည် ကင်ဆာအလုံး၏ အရွယ်အစား၊ အမျိုးအစား၊ ရောဂါရှိမှန်း စပြီးသိရှိချိန်တွင် ရှိနေသည့် အဆင့် (Stage, grade) ပေါ်မူတည်သည်။

 

ဘယ်လိုကာကွယ်ရမလဲ? ကာကွယ်လို့ရပါသလား?
 

အချို့ ရှောင်လွှဲ၍ရနိုင်သည့် ရောဂါဖြစ်စေနိုင်သော နည်းလမ်းများကို ရှောင်ကြဉ်၍ ကာကွယ်နိုင်ပါသည်။ ဥပမာ ဓာတုဗေဒ ပစ္စည်းများနှင့် မထိတွေ့အောင် နေထိုင်ခြင်း၊ ဖုန်းကြာကြာပြောလျှင် နားကြပ်ဖြင့်ပြောခြင်း) စသဖြင့် ကာကွယ်နိုင်ပါသည်။

 

ကျန်းမာပျော်ရွှင်ကြပါစေ။
Dr. hp
Healthcare.com.mm

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18