Print

မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်မှန်ပါဝါ လျော့သွားတတ်ပါသလား?

  24-Feb-2017
Preview Image

မျက်စိနဲ့ ပတ်သက်တဲ့ အယူအဆတွေက လူတွေကြားထဲမှာ ပျံ့နှံ့နေတာ အမျိုးမျိုး
ရှိပါတယ်။ အဲဒီအထဲက ဆရာတို့ဆီကို ရောက်လာတဲ့ လူနာအများစုမှာ တွေ့ရတဲ့ အယူအဆမှားတွေအကြောင်းကို ပြောပြချင်ပါတယ်။ အများဆုံးတွေ့ရတဲ့ အယူအဆက မျက်မှန်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။ တချို့လူတွေက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်မှန်ပါဝါ လျော့သွားတယ်လို့ ထင်ကြသလို တချို့ကြတော့လည်း မျက်မှန်တပ်တာကြောင့် မျက်မှန်ပါဝါတိုးလာတယ်လို့ ထင်ကြပါတယ်။ 
“ ကျွန်မသားက အခုမျက်မှန်ပါဝါ အနုတ် (-၁) ရှိတယ်။ အဲဒါကို စွဲစွဲမြဲမြဲတပ်လိုက်ရင် အနုတ် (-၂) ဖြစ်သွားမှာပေါ့” လို့ပြန်ဖြေကြတယ်။ တချို့ကျတော့လည်း မျက်မှန်ကို စွဲစွဲမြဲမြဲတပ်ရင် မျက်မှန်ပါဝါ အနုတ်ကနေ - ဝ ဒသမ ၅ ဖြစ်သွားမလားလို့ ထင်ကြတယ်။ မဟုတ်ပါဘူး။ မျက်မှန်ပါဝါက မျက်လုံးရဲ့ Curvature နဲ့ Axial Length ပေါ်မှာ မူတည်ပါတယ်။ ဒါက အရွယ်နဲ့အလိုက် ပြောင်းလဲနေပါတယ်။ ဥပမာအားဖြင့် အဝေးပါဝါ (အနုတ်ပါဝါ) က Axial Langth ရှည်လာရင် အနုတ်ပါဝါက များလာတတ်ပါတယ်။ အသက် ၁၂ နှစ်အရွယ် ကလေး တစ်ယောက်က မျက်မှန်ပါဝါ အနုတ်တစ်ကို တပ်ထားတယ်။ တစ်နှစ်ကြာလို့ ပြန်စမ်းလိုက်တော့ အနုတ်တစ် ဒသမ ငါးဖြစ်သွားတယ်။ နောက်တစ်နှစ်ကျတော့ အနုတ်တစ် ဖြစ်
သွားတယ်။ ဒီတော့ မိခင်ဖြစ်သူက “ ကျွန်မသားလေး မျက်မှန်တပ်လိုက်လို့ ပါဝါတိုးလာတာထင်တယ်။” လို့ ပြောတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်နဲ့ လိုက်တဲ့ပြောင်းလဲမှု ဖြစ်လာတာပဲ ဖြစ်ပါတယ်။ 

ခန္ဓာကိုယ် ဖွံဖြိုးမှုရှိနေသမျှ ပါဝါကလည်းလိုက်တက်နေမှာပါပဲ။ ပုံမှန်ဆိုရင် အသက် ၂၁ နှစ်လောက်အထိ မျက်မှန်ပါဝါ တက်နေနိုင်ပါတယ်။ ၂၁ နှစ်မှာ ခန္ဓာကိုယ်နှင့် အရပ်အမောင်း ဖွံဖြိုးမှုက ရပ်သွားပြီဆိုရင်၊ Eye Ball ရဲ့ Axial Length ရှည်တာ ရပ်သွားရင် ဖြစ်ပါတယ်။ တချို့လူနာတွေကျတော့လည်း မျက်မှန်ကို ငယ်ငယ်ကတည်းက တပ်လာတာ၊ ကြီးလာတော့ ပါဝါလျော့သွားတယ်လို့ ပြောကြတယ်။ ဒါက ဘယ်လိုဖြစ်တာလဲဆိုတော့ ငယ်ငယ်ကတည်းက အနုတ်ပါဝါ တပ်ခဲ့တယ်။ အသက် ၄ဝ အရွယ်ရောက်တော့ မျက်မှန်က အပေါင်းပါဝါ ဝင်လာတယ်။ အနုတ်ပါဝါနဲ့ အပေါင်းပါဝါကျတော့ မျက်မှန်လွတ်သွားတယ်။ အဝေးကိုတော့ မှုန်တယ်၊ အနီးကိုတော့ မြင်ရတော့ မျက်မှန်မတပ်ရတော့ဘူး။ ဒါ ငယ်ငယ်ကတည်းက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လာတဲ့
အကျိုးကျေးဇူးပဲလို့ ပြောကြတယ်။ ဒါလည်း မဟုတ်ပါဘူး။ နောက်တစ်ခုက အတွင်းတိမ်ရောဂါ (Cataract) အမျိုးအစားတစ်ခု ဖြစ်တဲ့ Nuclear Sclerosis ဖြစ်ရင် မျက်မှန်က အနုတ်ဘက်ကို ရောက်သွားတယ်။ အဲဒီတော့ အသက် ၅ဝ အရွယ်မှာ အပေါင်းနှစ်ထပ်ထားတော့ အနုတ်ပါဝါ ဝင်လာတဲ့အခါ ကျေသွားပြီး သုညပါဝါ ဖြစ်သွားတယ်။ ဒါပေမယ့် အဝေးကိုတော့ မှုန်တယ်၊ အနီးကို မြင်တယ်။ (ဒီလို လူနာတွေက မျက်စိအထူးကု ဆရာဝန်တွေဆီ လာပြတဲ့အခါ “ ဆရာကျွန်မ မျက်မှန်ပါဝါလွတ်သွားပြီ” ဆိုပြီး ဝမ်းသာအားရပြောကြတယ်။ ဒါ အတွင်းတိမ်ဖြစ်နေပြီဆိုတာ သိလိုက်ပါတယ်။) သူတို့ကတော့ ငယ်ငယ်က
တည်းက မျက်မှန်ကို ဂရုတစိုက်တပ်ခဲ့လို့ အသက် ၅ဝ အရွယ်မှာ မျက်မှန်ပါဝါ လွတ်သွားတာလို့ ထင်နေကြတယ်။ တချို့ကျတော့လည်း “မျက်လုံးက ကောင်းလာလိုက်တာ၊ အပ်ပေါက်တောင် မြင်ရပြီ” လို့ ပြောကြတယ်။ သားသမီးတွေက “အမေ အပ်ပေါက်တောင် မြင်ရပြီဆိုတော့ ဒါ..ကျွန်မတို့က ဗီတာမင်အားဆေးတွေ အမြဲတိုက်လို့ ထင်တယ်” လို့ပြောတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါက အတွင်းတိမ် ဝင်နေတဲ့ အခြေအနေပါ။ 

Healthcare.com.mm

Ref:
ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, March 2014, No.260, Pg. 37-38
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18