Print

igital ပစ္စည်းများ၏ အန္တရာယ်မှ သင့်မျက်လုံးကို ကာကွယ်နိုင်သော လွယ်ကူသည...

  25-Feb-2017
Preview Image

 

လူအများစုသည် မျက်စိကို ကာကွယ်သည့် မျက်မှန်များတပ်ဆင်ခြင်းမရှိဘဲ Laptop, Tablet နှင့် Smart Phone အစရှိသော digital ပစ္စည်းများရှေ့တွင် အချိန်တော်တော်များများ သုံးကြပါသည်။ ဝမ်းနည်းစရာ ကောင်းတာကတော့ ထိုသူများသည် ၎င်းပစ္စည်းများက မျက်စိကို ဒုက္ခပေးသည်ကို မသိရှိခြင်းပဲ ဖြစ်ပါသည်။ ၎င်းတို့က ဒုက္ခပေးတာကို သိကြသူများကလည်း မျက်စိများကို ကာကွယ်ပေးနိုင်သော လွယ်ကူသည့်နည်းလမ်းများ ရှိကြောင်းကို မသိကြပါ။ မျက်စိ များကို ကာကွယ်လိုပါက သင့်ဒီဂျစ်တယ်ပစ္စည်းများကို လွှင့်မပစ်ရပါဘဲနှင့် သင့် နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေထဲသို့ ထည့်သွင်း နိုင်သော လွယ်ကူသည့် အကြံပြုချက်များကို ဖော်ပြလိုက်ပါတယ်။

 

၁။ မျက်လုံးများကို လေ့ကျင့်ခန်းလုပ်ပေးပါ။

မျက်လုံးများကို နည်းနည်းလေးမှ မျက်တောင်မခတ်ဘဲ၊ လျှော့မထားဘဲနှင့် digital ပစ္စည်းတစ်ခုရှေ့မှ မခွာဘဲ ကပ်ထားပါက မျက်လုံးများသည် ၎င်းနှင့် ထို digital ပစ္စည်းကြားရှိ အကွာအဝေးကို ကျင့်သားရသွားမှာ ဖြစ်ပါသည်။ ထိုအကွာအဝေးထက် ပိုနီးသော (သို့) ပိုဝေးသောနေရာသို့ အာရုံစိုက်ကြည့်ရတဲ့အခါ ပြဿနာရှိနိုင်ပါသည်။ ထို့ကြောင့် မျက်လုံးများကို ဟိုဟိုသည်သည်များများ ရွေ့လျားစေပြီး မိနစ် (၂ဝ) (သို့) မိနစ်(၂ဝ)မပြည့်ခင်တစ်ကြိမ် ၎င်းတို့၏ အနေအထားကို ပြောင်းလဲပေးခြင်း၊တောင့်တင်းမှုတို့ကို လျော့ချပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

 

၂။ digital ပစ္စည်းမှ လက်မအနည်းငယ်ခွာ၍ ထိုင်ပါ။

မျက်မှန်ကျွမ်းကျင်သူများက digital ပစ္စည်းမှ အနည်းဆုံး လက်တစ်ကမ်းအကွာအဝေး၌ ထိုင်ရန် အကြံပြုကြပါသည်။ စားပွဲတင် ကွန်ပျူတာနှင့် အလုပ်လုပ်နေတာဖြစ်ပါက သင့်လက်ကို အပြည့်အဝ ဆန့်ထုတ်လိုက်သောအခါ သင့် လက်ချောင်းများ၏ ပထမအဆစ်များထိနိုင်သော နေရာတွင် ကွန်ပျူတာကို ထားရမှာဖြစ်ပါသည်။

 

၃။ မျက်လုံးများကို သဘာဝနေ့အလင်းရောင်နှင့် ထိတွေ့ပါစေ။

ကွန်ပျူတာ၏ မော်နီတာဖန်သားပြင်ရှေ့၌ တော်တော်ကြာကြာ ထိုင်ပြီးသောအခါ အပြင်ထွက်ပြီး သဘာဝရှုခင်းများရှိသည့် ပတ်ဝန်းကျင်၌ လမ်းလျှောက်ပါ။နေရောင်ခြည်က၂၄ နာရီလျှင် တစ်ကြိမ်ဖြစ်ပေါ်တတ်သော ဇီဝကမ္မနှင့် အပြုအမူဆိုင်ရာ သဘာဝပုံစံပြောင်းလဲမှုများ (natural circadian rythms) ကို ပြန်ညှိပေးမှာဖြစ်ပြီး မျက်စိများကို သဘာဝတရားနှင့် ပြန်၍ ဆက်သွယ်ပေးတဲ့အတွက် သင့်ရဲ့စိတ်အခြေအနေများနှင့် အိပ်စက်ခြင်းတို့ကို တိုးတက်စေမှာဖြစ်ပါတယ်။

 

၄။ ကွန်ပျူတာ မော်နီတာ (သို့) မိုဘိုင်းဖုန်း၏ ဖန်သားပြင်၏ အလင်းရောင်ကို ညှိပေးပါ။

သင့်ရဲ့ပတ်ဝန်းကျင်ကို လိုက်၍ မော်နီတာဖန်သားပြင်၏ အလင်းရောင်ကို ညှိပေးသင့်ပါသည်။ သင်က မီးရောင်လင်းတဲ့ အခန်းထဲမှာ ရှိပါက screen ၏ တောက်ပမှု နောက်ခံကို တိုးမြှင့်ရန် လိုပါသည်။ မီးရောင်မှိန်တဲ့အခန်းထဲမှာဖြစ်ပါက screen ၏ တောက်ပမှု နောက်ခံကို လျှော့ချရန် လိုပါသည်။

 

၅။ digital ပစ္စည်းများ၏ မျက်နှာပြင်ဖန်သားပြင်မှ စူးရှသော တောက်ပမှုကို လျှော့ချပါ။ 

ဤသို့ပြုလုပ်ရန် နည်းအချို့ရှိပါတယ်။ မျက်နှာပြင်ဖန်သားပြင်ကို သန့်ရှင်းစွာထားခြင်း၊ ပြတင်းပေါက်များနှင့် ဝေးဝေးထိုင် ခြင်း၊ ဗို့အားနည်းသော မီးသီးများအသုံးပြုခြင်းနှင့် ဝင်လာသော ရောင်ခြည်များနှင့် ဖြိုးဖြိုးပြက်ပြက် အလင်းရောင်တို့ကို ပိတ်ဆို့ခြင်းတို့ဖြစ်ပါသည်။

 

၆။ ဆရာဝန်ထံမှ အထူးမျက်မှန်များနှင့် သက်ဆိုင်သော အကြံပြုချက်ကို တောင်းဆိုပါ။

Digital ပစ္စည်းကြောင့် ဖြစ်ပေါ်သော စူးရှသော တောက်ပြောင်မှုနှင့် မျက်စိညောင်းခြင်းတို့ လျော့နည်းစေရန် အထူးမျက်မှန် များတပ်ရန် သင့်ဆရာဝန်က အကြံပြုနိုင်ပါသည်။ Digital ပစ္စည်းများကို အသုံးပြုတိုင်း ဤမျက်မှန်များက မျက်စိများကို ထိခိုက်စေသော စူးရှသော တောက်ပမှုမှ ကာကွယ်မှာ ဖြစ်ပါသည်။ ရိုးရိုး စာကြည့်မျက်မှန် များက သင့်မျက်လုံးများကို ဤစူးရှ တောက်ပြောင်မှု အန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းမရှိတာကို မှတ်သားထားပါ။

 

၇။ အစားအစာဖြင့် သင့်မျက်လုံးကို ကာကွယ်ပါ။

သင့်တော်သော အစားအစာများကို စားခြင်းက သင့်မျက်လုံးကို မထိခိုက်စေရန် ကာကွယ်ပေးနိုင် ပါသည်။ ဒီဂျစ်တယ်ပစ္စည်း၏ အန္တရာယ်ကြောင့် ရရှိထားသော ထိခိုက်မှုကိုလည်း ကုသပေးနိုင်ပါသည်။ Vitamin C, Vitamin A, Zinc နှင့် Omega-3, Fatty acid များ ပါဝင်သည့် အစားအစာများက မျက်စိအမြင်နှင့် အာရုံကြောများ၏ လုပ်ဆောင်မှုများကို တိုးတက်စေပါသည်။

 

၈။ Screen ကို မျက်စိနှင့် တစ်တန်းတည်း မကျစေဘဲ မျက်စေ့အောက် (၅)လက်မ အကွာ၌ ထားပါ။

ဤသို့ပြုလုပ်ခြင်းကြောင့် သင့်မျက်ဆံ၏ ရာခိုင်နှုန်းအတော်များများကို မျက်ခွံများ၏ ကာကွယ်မှုကို ရရှိစေပါတယ်။ အကြောင်းမှာ မျက်လုံးများက ကျဉ်းကျဉ်းပဲ ဖွင့်ကြည့်ရလို့ဖြစ်ပါတယ်။

 

၉။ မှန်မှန် အနားယူပါ။

မျက်စိကျွမ်းကျင်သူများက ဒီဂျစ်တယ် ပစ္စည်းကို (၂) နာရီကြည့်ပြီးတိုင်း (၁၅) မိနစ် သို့မဟုတ် (၂ဝ)မိနစ်ခန့် နားသင့်ကြောင်း အကြံပြုပါသည်။ ထိုသို့ နားနေစဉ် မျက်လုံးများကို မျက်တောင်ခတ်ခြင်း၊ အနားပေးခြင်းနှင့် (မျက်ရည်ထွက်ကာ) ချောမွေ့စွာ ရွေ့လျားနိုင်အောင် ပြုလုပ်ပေးခြင်း (relubricate) တို့ကို ပြုလုပ်ပေးရပါမည်။ မှန်မှန်အနားယူခြင်းသည် သင့်မျက်လုံးများကိုသာမက သင်၏ အထွေထွေကျန်းမာရေးကိုပါ ကာကွယ်ပေးပါသည်။

 

၁ဝ။ ဒီဂျစ်တယ် ပစ္စည်းအသုံးပြုမှုကို ကန့်သတ်ပါ။

တကယ်တော့ ဒီဂျစ်တယ် ဖန်သားပြင် များကြောင့် ရရှိစေသော ထိခိုက်မှုများကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ရာတွင် ကာကွယ်မှုပေးသော မျက်မှန်များ တပ်ဆင်ခြင်းနှင့် ဒီဂျစ်တယ်ပစ္စည်းကို အသုံးပြုသော အချိန်ကို ကန့်သတ်ခြင်းတို့သည် အထိရောက်ဆုံးသော နည်းလမ်းများဖြစ်ကြပါသည်။ အသုံးပြုမှုကို မလျှော့ချနိုင်ပါက အနည်းဆုံးတော့ မအိပ်ခင် အချိန်လေးကိုတော့ လျှော့ချပါ။ သင်သည် ဒီဂျစ်တယ်ပစ္စည်းများကို ပုံမှန်သုံးစွဲသူဖြစ်ပါက မျက်လုံးပြဿနာကြောင့် သင့်ရဲ့အလုပ်နှင့် ပျော်ရွှင်မှုကို အဟန့်အတားမဖြစ်ပါစေနှင့်။ ဖော်ပြခဲ့သော နည်းလမ်းများကို လိုက်နာပါက ဒီဂျစ်တယ်ပစ္စည်းများကြောင့် ရရှိနိုင်မည့် မျက်လုံးပြဿနာများကို ကာကွယ်နိုင်မှာ ဖြစ်ပါသည်။

 

Healthcare.com.mm
Ref:
Myanmar-Network



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18