Print

အမျိုးသားများတွင် အဖြစ်များသော ဟောက်ခြင်း

  25-Feb-2017
Preview Image

ဟောက်သံထွက်တာဟာ မိမိနဲ့အတူ အိပ်စက်သူကို အိပ်ရေးပျက်အောင် အနှောင့်အယှက် ပေးနိုင်တဲ့အတွက် စိတ် ကသိကအောက်ဖြစ်စရာ ပြဿနာ တစ်ရပ်ပါ။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဟောက်ခြင်းအကြောင်း လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။

 

ဘာကြောင့်ဖြစ်ရတာလဲ

ဟောက်ခြင်းဟာ ပါးစပ်ထဲက တစ်သျှူး ပျော့တွေ တုန်ခါမှုကြောင့် ဖြစ်ရတာပါ။ အာခေါင်ပျော့၊ အာသီးနဲ့ လျှာအခြေအားလုံးဟာ တုန်ခါမှုမှာ ပါဝင်နေပါတယ်။


တစ်သျှူးပျော့ဟာ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားစေပြီး
ဟောက်ခြင်း ဖြစ်စေပါတယ်။ တချို့လူတွေမှာတော့ အသက်ရှူရတာ ခက်ခဲမှုကြောင့် ဟောက်ရတာပါ” လို့ အိပ်စက်ခြင်းအကြောင်းအထူးကု Dr Kenny Pang က ဆိုပါတယ်။

 

ကိုယ်အလေးချိန်များတဲ့သူတွေဟာ အသက်ရှူရခက်ခဲတဲ့ ပြဿနာပိုမို ဖြစ်ပေါ်တတ် ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းဟာ တစ်သျှူးပျော့တွေနဲ့ ပိတ်ဆို့မှု ပိုမိုရှိနိုင်တာကြောင့်ပါ။ ဒါပေမဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆိုမှုပိုများတာကြောင့်တော့ ဟောက်သံ ကျယ်ကျယ် ထွက်ရတာ မဟုတ်ပါဘူး။ အသက်ရှူလမ်းကြောင်း လုံးဝပိတ်ဆို့သွားရင် အသံမထွက် တော့သလိုဟောက်ခြင်းလည်း မရှိတော့ပါဘူး။ဒါကြောင့် ဇနီးသည် တွေအနေနဲ့ ကိုယ့်ရဲ့ အမျိုးသားဟာ ဟောက်သံထွက်နေရာကနေ ရုတ်တရက်ရပ်သွားတဲ့အခါ စိတ်ပူပန်တတ်ကြပါတယ်။ ဟောက်သံ မှန်မှန်ထွက်နေတာက သူအသက်ရှင်နေတယ်ဆိုတာ သိနေတာကြောင့်ပါ။

 

ဟောက်သံလျော့သွားအောင် ဘာလုပ်ပေးနိုင်သလဲ
- ကိုယ်အလေးချိန်များတာဟာ ဟောက်ခြင်းကို ဖြစ်စေတယ်ဆိုရင် ကိုယ်အလေးချိန် လျှော့ချပေးတာက ဟောက်သံလျော့ပါးအောင် ကူညီနိုင်ပါတယ်။

- အိပ်တဲ့အခါ ဘေးတစောင်းအိပ်တာဟာလည်း လျှာနဲ့ အာခေါင်ပျော့ကို နောက်ပြန် မကျအောင် ကာကွယ်ပေးထားနိုင်တဲ့အတွက် ဟောက်သံလျော့ပါးစေပါတယ်။

- အရက်ကို အလွန်အကျွံမသောက်သင့်ပါဘူး။

 

ဆရာဝန်နှင့် ပြသသင့်သလား

လူအများစုဟာ ဟောက်ခြင်းကို ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်ထက် စိတ်ကသိကအောက်ဖြစ်စရာ အနှောင့်အယှက်တစ်ခုအဖြစ်ပဲ သဘောထားကြပါတယ်။ တကယ်တော့ ဟောက်ခြင်းဟာ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးကို ရရှိစေနိုင်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်ရပ်ပါ။ အိပ်စက်နေစဉ်အတွင်းခေတ္တအသက်ရှူရပ်သွားတာကို Sleep Apnoea လို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် အိပ်စက်နေစဉ်အတွင်း အောက်ဆီဂျင် ပမာဏလျော့ကျ သွားတာကြောင့် နှလုံးနဲ့ ဦးနှောက်ကို ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးဖိအား မြင့်တက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါထခြင်း (Heart Attack) နဲ့ ရုတ်တရက် သေဆုံးခြင်း အထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ နေ့ဘက်မှာ ထုံးစံမဟုတ်ဘဲ အိပ်ငိုက်နေရင်၊ အလုပ်ကိစ္စတွေမှာ အာရုံစိုက်နိုင်စွမ်းနည်းနေရင်၊ သန်းခေါင်ယံအချိန်လောက်မှာ အသက်ရှူကျပ်သလို ခံစားနေရရင်နဲ့ အသက်ရှူမဝရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

Healthcare.com.mm

Ref : Good Health
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18