Print

သာမန်အရေပြားအတွက် ဆောင်ရန်၊ ရှောင်ရန်များ

  16-Jul-2018
Preview Image

ရှောင်ရန်

၁။ ဆေးလိပ် လုံးဝ မသောက်ပါနှင့်

ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားရှိ တစ်သျှူးများပါးလွှာလာတာ အရေးအကြောင်းများကို ထင်ရှားလာစေနိုင်ပါသည်။ အကယ်၍ မိမိသည် ဆေးလိပ်သောက်သူဖြစ်ပါမူ ချက်ချင်းရပ်ပစ်ပါ။

 

၂။ နေလောင်မခံပါနှင့်

နေရောင်ခြည်၏ UV အလင်းတန်းများကြောင့် အရေပြားတွန့်ခြင်း၊ အရေပြားပျက်စီးခြင်းတို့သာမက အရေပြားကင်ဆာထိတိုင်အောင် ဖြစ်ပွားစေနိုင်သည့်အတွက် နေရောင်အောက်တွင် ကြာရှည်စွာနေခြင်းကို အထူးရှောင်ကြဉ်ပါ။

 

၃။ မျက်နှာကို ပွတ်တိုက်ခြင်း သို့မဟုတ် တို့ထိခြင်း မပြုပါနှင့်

မျက်နှာပြင်ကို လက်ဖြင့် မကြာခဏ ကိုင်တွယ်ခြင်း သို့မဟုတ် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပစ်ခြင်းကြောင့် အရေပြားတွင် အဆီများကို ပိုမိုများပြားလာစေပြီး အဖုအပိမ့်များ ဖြစ်လာစေနိုင်ပါသည်။

 

၄။ အာနိသင်ပြင်းသော ဆပ်ပြာဖြင့် မျက်နှာသန့်စင်ခြင်းမပြုပါနှင့်

ထိုကဲ့သို့သော ဆပ်ပြာမျိုးသည် အရေပြားအား ပူလောင်စေနိုင်သည့်အတွက် အမွှေးနံ့ သို့မဟုတ် အရောင်မပါသော အပျော့စားဆပ်ပြာ အမျိုးအစားများကိုသာ ရွေးချယ်အသုံးပြုပါ။

 

ဆောင်ရန်

၁။ နံနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်မီတစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ် မျက်နှာသစ်ပါ။

 

၂။ မိတ်ကပ်များကို မျက်နှာပြင်တွင် ကြာရှည်စွာထားပါက ချွေးပေါက်ပိတ်ပြီး ဝက်ခြံစသည့် အဖုအပိမ့်များ ဖြစ်ပေါ်စေနိုင်သောကြောင့် မည်မျှပင် နောက်ကျပြီး မည်မျှပင် ပင်ပန်းနေစေကာမူ ညအိပ်ရာမဝင်မီ မျက်နှာပြင်ရှိ မိတ်ကပ်များကို မဖြစ်မနေ ဖယ်ရှားပေးါ။

 

၃။ အရေပြားတွင် အစိုဓာတ်မရှိပါက အရေပြားခြောက်သွေ့လာကာ အရေးအကြောင်းများ ထင်ရှားလာစေနိုင်သည့်အတွက် Moisturizer ကို မဖြစ်မနေ အသုံးပြုပေးပါ။

 

၄။ အရေပြား ပေါင်းတင်ခြင်းဖြင့် မလိုတော့သော ဆဲလ်အသေများကို ဖယ်ရှားပစ်နိုင်ပြီး အရေပြားတွင် ဆဲလ်အသစ်ဖြစ်စေခြင်းနှင့် နူးညံ့ချောမွေ့ခြင်းတို့ ဖြစ်လာစေနိုင်သည့်အတွက် တစ်ပတ်လျှင် တစ်ကြိမ် ပေါင်းတင်ပေးပါ။

 

၅။ ကျွန်ုပ်တို့၏ မျက်နှာပြင်သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အားလုံးတို့ အနက်အနေနှင့် တိုက်ရိုက်ထိတွေ့မှုအများဆုံးသော နေရာဖြစ်သည့်အတွက် နေအိမ်မှ ပြင်ပသို့ သွားမည်ဆိုလျှင် အနည်းဆုံး SPF 15 ပါဝင်သည့် Moisturizer ကို ပုံမှန်အသုံးပြုပေးပါ။

 

Credit: ဧကမ္ဘာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18