Print

ကိုယ်ပူကြီး၍ တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

  16-Jul-2018
Preview Image


ကိုယ်ပူကြီးလျှင် တက်ရုံဖြင့် မည်သည့်နောက်ဆက်တွဲဆိုးကျိုးမျှ ဖြစ်နိုင်ဖွယ်ရာမရှိပေ။ မကြာခဏတက်ခြင်း၊ အချိန်ကြာကြာတက်ခြင်းတို့ ဖြစ်လျှင်မူကား ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါသည်။ အကြောင်းမှာ ကလေးအသက်နှစ်နှစ် အတွင်း ဦးနှောက်ဖွံ့ဖြိုးမှုသည် လွန်စွာမြန်ဆန်နေသဖြင့် ထိုအသက်အတောအတွင်း ဦးနှောက်တစ်စုံတစ်ခုကြောင့် ထိခိုက်လျှင် ထိခိုက်မှုပမာဏပေါ်တွင် မူတည်၍ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး မမိခြင်းတို့ဖြင့် ဘဝတစ်လျှောက် ကြီးမားသော ဝဋ်ကြွေးဖြင့် နေသွားရရှာပေမည်။ သို့မဟုတ်ပါကလည်း ကလေးသေဆုံးသွားနိုင်ပါသည်။

 

 ဖြစ်နိုင်သည့် ဆိုးကျိုးနောက်တစ်ခုမှာ ကလေးတက်နေစဉ် ဦးနှောက်အစိတ်အပိုင်းတစ်ခုသို့ ပံ့ပိုးပေးသော သွေးလွှတ်ကြောကြီးတစ်ခုသည် ပိတ်ဆို့သွားတတ်ပါသည် သို့ဖြစ်၍ ဦးနှောက်အစိတ်အပိုင်းသည် ဆက်လက်ရှင်သန်ခြင်း မရှိတော့ဘဲ ပျက်စီးသွားတတ်ပါသည်။ အမာရွတ်ဖြစ်သွားပြီး ထိုအမာရွတ်ကြောင့် ကလေးသည် မကြာခဏ ဆက်တိုက်တက်တတ်ပြီး ဝက်ရူးပြန်ရောဂါတစ်မျိုး ဖြစ်သွားကာ ကလေးဘဝတစ်လျှောက်လုံး ဒုက္ခပေးတတ်ပါတော့သည်။ အထူးသဖြင့် -

 

• အသက်တစ်နှစ်အောက် ကလေးကိုယ်ပူကြီး၍ တက်လျှင်

• ကိုယ်ပူလွန်စွာမကြီးဘဲ တက်လျှင်

• စ ၍ ဖျားသည်နှင့်တက်လျှင် သို့မဟုတ် တက်မှဖျားမှန်းသိလျှင်

• ကလေး၏ မိဘများ၊ ကလေး၏ ညီအစ်ကို မောင်နှမများတွင်လည်း ကိုယ်ပူကြီးလျှင် တက်တတ်သော ရာဇဝင်ရှိလျှင်

• တက်သည့်ကာလ ကြာလျှင် သို့မဟုတ် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာတက်လျှင်

• ထိုသို့သော ဆိုးကျိုးများဖြစ်ရန် အလားအလာ ပို၍ရှိပါတော့သည်။

 

Credit: ဒေါက်တာယုဇနစောမြင့်

(ကလေးအထူးကုဆရာဝန်ကြီး)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18