Print

ဆိုဒီယမ်ဓာတ်ပါဝင်မှုများသော အစားအစာများကိုစားသုံးပါက သွေးတိုးရောဂါ ဖြစ...

  12-Sep-2018
Preview Image

ဆိုဒီယမ်ဓာတ် ပါဝင်မှုများသော အစားအစာများကို စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားတတ်သောကြောင့် ဆိုဒီယမ်ဓာတ် ကို လျှော့ချသည့်အနေဖြင့် ဆိုဒီယမ်ပမာဏ လျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် နှင့်အသီးအနှံများကိုသာစားသုံးသင့်ကြောင်း ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး) ကပြောသည်။ဆိုဒီယမ်ဓာတ်များစွာ ပါဝင်နေသောဆား ၊ ဟင်းချိုမှုန့်၊ ပဲပိစပ်ဆော့စ်၊ စားပွဲတင်ဆော့စ်နှင့် ဟင်းချက်ဆော့စ်များကို လွန်ကဲစွာ စားသုံးခြင်း၊ ဆိုဒီယမ်ဓာတ်ကိုပြုပြင်စီမံထားသော စည်သွတ်အစာဘူးများ၊အသင့်စားခေါက်ဆွဲများ၊ဝက်ဆားနယ်ခြောက်များ နှင့် အေးခဲထားသော အစားအစာများကို စားသုံးခြင်းဖြင့်သွေးတိုးရောဂါ ဖြစ်ပွားပြီးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သောနှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် နာတာရှည်ရောဂါများ ဖြစ်ပွားကာ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

လူ၏ခန္ဓာကိုယ်တွင်း ကောင်းစွာအလုပ်လုပ်နိုင်ရန် ဆိုဒီယမ်ဓာတ် တချို့လိုအပ်ပြီး ခန္ဓာကိုယ်အတွက် အရေးပါသည်များလည်းရှိရာ ခန္ဓာကိုယ်ထဲတွင်ရှိသောအရည်ဓာတ်များဟန်ချက်ညီမျှအောင် ပြုလုပ်ပေးခြင်း၊အာရုံကြောများလှုံ့ဆော်မှုကောင်းစေခြင်း နှင့် ကြွက်သားများ ကျုံ့ဆန့်ပြီး အနားရစေခြင်းများကို ကူညီဆောင်ရွက် ပေးလျက်ရှိရာဆိုဒီယမ်ပါဝင်သောအစားအစာများကို လျှော့စားခြင်းဖြင့်ကျောက်ကပ်သည် ဆိုဒီယမ်ပမာဏကို ကောင်းစွာသိုလှောင်ထားနိုင်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှကျန်းမာသောလူတစ်ယောက်သည် နေ့စဉ်ဆားသုံးစွဲမှု ၅ ဂရမ် သို့မဟုတ် လက်ဖက်စားဇွန်း တစ်ဇွန်းထက ်မပိုရဟူ၍ သတ်မှတ်ထားပြီး အသက်ငယ်သောကလေးများသည် ၅ ဂရမ်ထက် လျော့နည်းစွာ စားသုံးသင့်ပြီး ဆိုဒီယမ် ၁ဂရမ်သည် ဆား ၂ ဒသမ ၅ ဂရမ်နှင့် ညီမျှကြောင်းသိရသည်။ထိုသို့ဆိုဒီယမ်ကို လျှော့စားရန်လိုအပ်သောကြောင့် 
ဆိုဒီယမ်ဓာတ်များစွာပါဝင်သောအစားအစာများကိုစားသုံးခြင်းမှရှောင်ကြဉ်ရမည်ဖြစ်ပြီး ဆိုဒီယမ်ပမာဏလျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် များနှင့် အသီးအနှံများကိုသာ စားသုံးရန်နှင့် ကြက်ကင်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆတ်သား ခြောက်ကင်၊ ပီဇာ အမျိုးမျိုးနှင့် ဟော့ဒေါ့မုန့် များတွင် ဆိုဒီယမ်ပါဝင်မှုများတတ် သောကြောင့် သတိပြုစားသုံးသင့်ကြောင်း သိရသည်။

Ref:
နေနေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18