Print

ငါးအဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများ

  24-Sep-2018
Preview Image

ငါးမှရသော အဆီများတွင် နှလုံးကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိသည့် ဖက်တီးအက်စစ်များ ပါဝင်သည့်အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ကျစိတ်ကြွရောဂါနှင့် စိတ်ကယောင်ချောက်ချားဖြစ်ခြင်းတို့ ကုသရေးအတွက်လည်း အထူးသင့်တော်သည်။မက်ကရယ် ငါး၊ ဆာဒင်းငါး၊ ဓားရှည်နှုတ်သီးငါး၊ ခရုကမာ၊ ဆော်လမွန်ငါးနှင့် တူနာငါးများမှရသော အဆီမှာ အထူးကောင်းမွန်သည်။

ငါးအဆီက နှလုံးရောဂါများကို ကာကွယ်ရန် အထောက်အကူ ပြုသည်။ငါးအဆီကို စားပေးခြင်းဖြင့် သွေးကြောများတင်းမာခြင်းနှင့် သွေးထဲရှိ ကိုလက်စထရော ပါဝင်မှုတို့ကို လျော့ကျစေနိုင်သည့်အပြင် နှလုံးခုန်နှုန်း မူမမှန်မှု အချို့ကိုလည်း ကာကွယ်ပေးသည်။

ထို့အပြင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သုက်လွှတ် ဂလင်းကင်ဆာရောဂါစသော အဖြစ်များသည့် ကင်ဆာရောဂါများကို တိုက်ဖျက်ရာတွင် ငါးအဆီမှာ အစွမ်းထက်သော အဆီဓာတ်ဖြစ်သည်။ အိုမီဂါ-၃ ဖက်တီးအက်စစ်ကသာမန်ကျန်းမာသန်စွမ်းသောဆဲလ်များ၊ ကင်ဆာအကျိတ်များအဖြစ်သို့ရောက်မသွားစေရန် ထိန်းသိမ်းပေးပြီး မလိုလားအပ်သော ဆဲလ်များ ကြီးထွားမှုကို ထိန်းချုပ်ပေးသည်။

ငါးအဆီ၏ အဓိက အကျိုးကျေးဇူးများအနက် တစ်ခုမှာ သွေးထဲရှိ ကိုလက်စထရောပါဝင်မှုကို ထိန်းညှိရန် ကူညီပေးခြင်းပင်ဖြစ်သည်။သွေးတိုးရောဂါနှင့်အဝလွန်ခြင်းတို့အတွက်လည်း ငါးအဆီကို စားပေးသင့်သည်။ ထို့အပြင် ငါးအဆီက အဆစ်အမြစ် ရောင်ရမ်းခြင်းကို ကုသရာတွင် အထောက်အကူပြုသည်။ ငါးအဆီကို အချိန်ကြာကြာ အသုံးပြုပါက အဆစ်အမြစ်ရောင်ရမ်းမှုကြောင့် နာကျင်မှုကို ကာကွယ်နိုင်ပြီး လျှော့ချပေးနိုင်သည်။

ငါးအဆီတွင် ပါဝင်သော အိုမီဂါ-၃ အက်စစ်က အသက်အရွယ်နှင့်ဆိုင်သော အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်ပေးပြီး မျက်စိမွဲခြောက်သော ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချပေးသည်။ ထို့အပြင် ဇရာကြိုရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ်များကို လျှော့ချပေးနိုင်သည်။ အိုမီဂါ-၃ က အသားအရေကို စိုပြည် တောက်ပစေနိုင်ပြီးငယ်ရွယ်နုပျိုစေနိုင်သည်။ ထို့ပြင်ဆံပင်များသန်စွမ်းစေနိုင်သည်။

ပန်းနာရင်ကျပ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ငါးအဆီမှာ အလွန်အစွမ်းထက်သည်။ ထို့ပြင် AIDS ရောဂါကို ကုသရာတွင် ငါးအဆီက အထောက်အကူပြု ကြောင်း သုတေသနပြုချက်အရ သိရသည်။လက်သည်း၊ ခြေသည်းများ ကျန်းမာရေးအတွက်လည်း ငါးအဆီကို စားပေးသင့်သည်။

ငါးအဆီတွင် ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်က အရိုးများနှင့် အနီးတစ်ဝိုက် တစ်သျှူးများရှိ သတ္တုဓာတ်များကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီး စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးနိုင်သည်။

ကိုယ်ဝန်ဆောင်များအတွက် အထူးသင့်တော်ပြီး လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် မွေးဖွားချိန် ကလေးကိုယ်အလေးချိန် လျော့နည်းခြင်းတို့ကို ငါးအဆီစားပေးခြင်းဖြင့် ကာကွယ်နိုင်သည်။

သွေးကြောများနှင့် တစ်သျှူးများ ရောင်ရမ်းမှုအတွက် ငါးအဆီကို စားပေးသင့်ပြီး မှတ်ဉာဏ်တိုးစေရန် အာရုံစူးစိုက်မှုအားကောင်းစေရန် စားပေးသင့်သည်။အမျိုးအစား (၂) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး ဝက်ခြံထွက်ခြင်းအတွက် အစွမ်းထက်သည်။

Ref:TOI
7daydaily

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18