Print

ဝအောင် ဘယ်လိုလုပ်မလဲ

  01-Nov-2018
Preview Image


ဝလာဖို့အတွက်လို့ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ဝလာဖို့လိုအပ်ပါတယ်။ လူဝလာတာနဲ့အမျှ သွေးတိုး၊ ဆီးချို၊ လေးဘက်နာတွေကလည်း ဖြစ်နိုင်ချေ ပိုများလာမှာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ ဘေးဥပဒ်ကင်းစွာ ဝဖို့ကြိုးစားရအောင်။

၁။ အစားပုံမှန်စားခြင်း
အစားကို အချိန်မှန် စားတာဟာ ကျန်းကျန်းမာမာနဲ့ ဝလာစေဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါ။ ဆိုလိုတာကတော့ ဆာတဲ့ အချိန်မှာ လှိမ့်ပိမ့်စား၊ အသားကုန်စားပြီး မဆာတဲ့ အချိန်မှာတော့ ဘာမှမစားဘဲ နေတာမျိုးဟာ မကောင်းပါဘူး။ ကျန်းမာစွာ ဝလာစေဖို့အတွက် အစာကို အချိန်နဲ့ အချိန် စားဖို့ကလည်း အရေးကြီးပါတယ်။

၂။ ပုံမှန်အိပ်ခြင်း
အိပ်ရေးပျက်တဲ့လူတွေက အဝလွန်ရောဂါ ဖြစ်နိုင်ချေများပါတယ်။ ထို့အတူပဲ အလွန်အကျွံ အိပ်တဲ့လူအတွက်လည်း အစာစားချင်စိတ်လျော့နည်းပြီး ပိန်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာဖို့အတွက်ဆိုရင် အချိန်နဲ့ အချိန်ပုံမှန်အိပ်ဖို့လည်း လိုအပ်ပါတယ်။

၃။ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုပြုခြင်း
လူကတော့ ဝလာပါရဲ့ အဆီတွေချည်းသာဆိုရင် ရောဂါများမယ်။ လေးလံထိုင်းမှိုင်းမယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါ။ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် လမ်းလျှောက်ပေးခြင်းအားဖြင့် လှပဝဖြိုးလာပါလိမ့်မယ်။

ဝစေသော အစားအစာများ
၁။ အဆီ
တိရစ္ဆာန်ဆီ၊ ဆားအုန်းဆီ၊ အုန်းဆီ၊ ပြည့်ဝဆီတွေဟာ ဝစေတဲ့ အဆီတွေပါ။ ဒါပေမယ့် ဒါတွေကိုစားရင် ကိုလက်စထရော တက်မယ်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆီဖုံး၊ အသည်း အဆီဖုံးရောဂါတွေဖြစ်မယ်။ ဒါ့ကြောင့် မစားသင့်ပါဘူး။ ပဲ ဆီစစ်စစ်၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ ၊ ဟင်းသီးဟင်းရွက်ဆီ စတာတွေကတော့ မပြည့်ဝဆီတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ခြွင်းချက်အနေနဲ့ ပင်လယ်ငါးကြီးဆီ၊ အဆီပါတဲ့ ငါး၊ ငါးဆီကတော့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်ပြီး ဥၤီးနှောက်ကို အထောက်အကူ ပြုတဲ့အတွက် စားသုံးသင့်ပါတယ်။

၂။ အသား

အသားအမျိုးမျိုး၊ ငါးအမျိုးမျိုးတို့မှာ ပရိုတိန်းလို့ခေါ်တဲ့ အသားဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပါတယ်။

၃။ ဥ
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ လိပ်ဥ စတဲ့ ဥအမျိုးမျိုးကလည်း ဝစေပါတယ်

၄။ နို့
နွားနို့၊ ကျွဲနို့ ၊ ဆိတ်နို့၊ ပဲနို့

၅။ ပျားရည်
ပျားရည်ဟာ စွယ်စုံသုံးလို့ရတဲ့ ပစ္စည်းပါ။ ပိန်ချင်ရင် ထမင်းမစားခင် ပျားရည်ကို သောက်ပြီး ဝချင်ရင်တော့ ထမင်းစားပြီး ပျားရည်ကို သောက်ရပါတယ်။

၆။ Pollen ပန်းဝတ်မှုန်
ပိုလန်ဆိုတာ ပန်းတွေရဲ့ ဝတ်မှုန်ပါ။ ပျားရည်ထဲမှာ ပိုလန်ပါ ပါတယ်။ ပိုလန်ကို Capsule တောင့် ပုံစံလေးနဲ့ ရနိုင်ပါတယ်။ ပိုလန်ဟာလည်း ပျားရည်လိုပဲ အစွမ်းထက်ပါတယ်။ စနစ်တကျ ထုတ်လုပ်ထားတဲ့အတွက် ဘေးဥပါဒ်လည်း မဖြစ်နိုင်ပါဘူး။ ဓာတ်မတည့်လို့ Allergy ထတာမျိုး မရှိနိုင်ပါ။ ပိုလန်ကို အလုံး ၁၅ဝ ပါ ဘူးကြီး တစ်ဘူးလျှင် ၂၄ဝဝဝ ကျပ်နှုန်းနဲ့ ဝယ်နိုင်ပါတယ်။

Ref: ဖိုးသူတော် 


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18