Print

မူးလဲတော့မည်ဆိုလျှင်

  01-Nov-2018
Preview Image


- ထိုင်ချလိုက်ပါ။ မူးလဲတော့မည့်အချိန် ထိုင်ချရန် ဝန်လေးနေလျှင်လဲ ကျ၍ဦးခေါင်းထိခိုက်မိသည့်အန္တရာယ် ကြုံရတတ်သည်။

- အသက်ပြင်းပြင်းနှင့်ရှည်ရှည်ဆွဲရှူပါ။ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်လွန်ကဲခြင်းများမဖြစ်အောင် အသက်ရှည်ရှည်ရှူခြင်းဖြင့် ကာကွယ်နိုင်သည်။

- အကူအညီတောင်းပါ။ တတ်နိုင်သလောက် ကျယ်ကျယ်အော်ပါ။ မူးလဲခါနီးလျှင် နားအူနေသည့်အတွက် မိမိအော်သံကို တိုးတိုးသာ ကြားရတတ်ပါသည်။ စိတ်မပျက်ဘဲ ဆက်၍အကူအညီတောင်းခံပါ။

- ခြေထောက်ပိုင်းကို ဦးခေါင်းပိုင်းထက် အမြင့်တစ်နေရာတွင်ထား၍ ပက်လက်အိပ်နိုင်မည့်နေရာသို့ လိုက်ပို့ခိုင်းပါ။ အချိုဓါတ်ရနိုင်မည့်သကြားလုံး၊ အချိုရည်တစ်ခုခုကူညီရှာဖွေခိုင်းပါ။

- ရံဖန်ရံခါသတိမေ့သွားသည့်အခါ သတိပြန်ရလာချိန်တွင် အလန့်တကြားဖြစ်သွားတတ်တယ်။ မိမိဘာဖြစ်ခဲ့သည်ကိုလည်း မေ့နေနိုင်သည်။ အချို့လူများ၌ သတိမေ့နေစဉ်တွင် ဆီးထွက်ကျသည်အထိ ဖြစ်တတ်သည်။ ဘာပဲဖြစ်ဖြစ် သတိပြန်ရလာချိန်တွင် တတ်နိုင်သလောက် စိတ်အေးအေးထားပါ။

- သတိပြန်ရလာချိန်တွင် တန်းမထပါနှင့်။ ခဏထိုင်၍ ခေါင်းမူးခြင်းရှိ၊ မရှိစောင့်ကြည့်ပါ။

- သင့်လျော်သည့်အချိန်၌ ဆေးခန်း ပြ၍ မူးလဲသည့်ပြဿနာနောက်ထပ်ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်ပါ။

- မူးလဲခါနီးဖြစ်ပေါ်တတ်သည့် အောက်ပါလက္ခဏာများကိုမှတ်သား၍ နောက်တစ်ကြိမ်ဖြစ်ပေါ်လာလျှင် အကာအကွယ် ချက်ချင်းရယူပါ။

- အဖြူစက်၊ အနက်စက်များ တွေ့လာရခြင်း။

- ခေါင်းတစ်ခုလုံးပေါ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး လည်နေခြင်း။

- ချွေးစေးများထွက်ခြင်း။

- ဖြူဖျော့လာခြင်း။

- မျက်စေ့အမြင်ဝေဝါးလာခြင်း။

Ref: သီဟ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18