Print

သွားတိုက်ဆေး၏ အသုံးဝင်ပုံများ

  02-Nov-2018
Preview Image


သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကို သိပ်သည်းကျစ်လစ်စေပြီး၊ ရောင်ရမ်းမှုတွေကိုပါ သက်သာစေလို ့ အောက်ပါအတိုင်း သုံးပေးနိုင်ပါတယ်။

 

 (၁) နီရဲရောင်ကိုင်းနေတဲ့ ဝက်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ သွားတိုက်ဆေးလေး အသာတို့ပြီး အိပ်လိုက်ပါ။ တစ်ညလုံး အိပ်စက်ပြီးနောက် နံက်အိပ်ယာထ ရေအေးဖြင့် မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်ကဝက်ခြံဖု သိသိသာသာ သေးကျုံ့သွားတာကို ဒိဌမြင်တွေ ့ရပါလိမ့်မယ်။

 

(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ဖုံးအုပ်ဖွဲ့စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို့သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။ လက်သည်းခွံအရောင် လှပလိုသူများ၊ လက်သည်းခွံ မာလိုသူများနဲ့ လက်သည်းချေးညှော် ကင်းစင်လိုသူများ သွားတိုက်ဆေးလေးနဲ့အယာအယာပွတ်တိုက်ပေးလိုက်ပါ။

 

(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး (gel toothpaste) တွေမှာ ထည့်သုံးထားတဲ့ ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ ပစ္စည်းတွေနဲ့အတူတူပါဘဲ။ ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ ့ဂျယ်လီသွားတိုက်ဆေး အနည်းငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။ (ဆေးမြီးတိုအတွက်) သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့အသုံးဝင်တာမို့၊ အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက် ဆောင်ထားပေးလိုက်ပါ။

 

(၄) အရေပြားကွဲရှနာအမျိုးမျိုး၊ ပုရွက်ဆိတ်၊ ခြင်ကိုက်ခံရခြင်း၊ ပျားတုပ်ခံရခြင်းတို့ကြောင့် အရေပြားများ ယားယံရောင်ရမ်းခြင်း တို့အတွက် သွားတိုက်ဆေးအုံထားနိုင်ပါတယ်။ သွားတိုက်ဆေးခြောက်သွားတာနဲ့တပြိုင်နက်၊ ထိခိုက်ဒဏ်ရာတွေလဲ ယူပစ်သလို သက်သာလာစေပါတယ်။

 

 (၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့် ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့အတွက် သွားတိုက်ဆေး ပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊ နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။

 

(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့် အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ် စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့် သွေးခဲများကိုချေပေးနိုင်ပါတယ်။ (ဖက်ရှင်အတွက်) လက်ဝတ်ရတနာများ၊ အဝတ်အစားများနဲ့ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ သစ်လွင်တောက်ပလာစေဖို့အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။

 

 (၇) ငွေထည်ပစ္စည်းများ ဝင်းလက်တောက်ပြောင်စေရန်၊ သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တစ်ညသိပ်ပြီး၊ နောက်နေ့မှာ အဝတ်ပါး ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို ့သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေးလိုက်ပါ။ (ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့)

 

(၈) ရှူးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့ ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။

 

 (၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး (bleaching) တွေက သွားများကိုဖြူစင်စေသလို၊ အဝတ်ထည် အစွန်းအထင်းများအတွက်လည်း အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအဝတ်ကို သွားတိုက်ဆေးသုံး၍ အစွန်းများပျောက်သွားသည်အထိ ပွတ်ပေးပြီးနောက်၊ ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။ (လူသုံးကုန်းပစ္စည်း အတွက်) ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန့်စင်ပေးနိုင်ပါတယ်။

 

(၁ဝ) ဆော်ဒါကိုထည့်သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း ကွန်ပြူတာပေါ်ရှိ အစွန်းအထင်းတွေကို သန့်စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊ သန့်ရှင်းနူးညံ့တဲ့ အဝတ်စအပေါ် သွားတိုက်ဆေးတို့၍ ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေးလိုက်ပါ။

 

 (၁၁) အဝတ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့၊ ချက်ချင်းသွားတိုက်ဆေးနဲ့ အဝတ်ကိုပွတ်ပေးပြီးနောက် ရေလျှော်ချလိုက်ပါ (နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ အဝတ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝပြောင်စင်ဖို့တော့ လိုတယ်နော်)

 

(၁၂) ကလေးနို ့ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ချဉ်နံ့စွဲနေသေးတယ်ဆိုရင်တော့ နို့ဗူးထဲကို သွားတိုက်ဆေးနဲ့ရေနဲနဲထဲ့၊ အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။

 

(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ စန္ဒရားလက်ကွက်ခလုတ်တွေ ပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ၊ အဆီတွေ၊ ချေး ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ရပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အဝတ်ခြောက်တစ်ခုနဲ့ပြန်ပွတ်တိုက် ပေးလိုက်ရုံပါဘဲ။

 

 (၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့လက်ဆော့ထားတဲ့ အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့။ အဝတ်ပေါ် သွားတိုက်ဆေးသုတ်ပြီး အဲဒီအစွန်းအထင်းတွေကို ဘေးသို့မပြန့်အောင် စက်ဝိုင်းသဏ္ဍာန် နာနာဖိပွတ်သန့်စင်ပေးနိုင်ပါတယ်။

 

(၁၅) ကြက်သွန်ဖြူ၊နီ၊ ပြည်ကြီးငါး (ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ့များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ဆိုးတွေ အလွယ်တကူ ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး ရေလောင်းချပေးလိုက်ပါ။

 

Credit: American Daily Health Tips



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18