Print

ဘင်ထွက်ခြင်း (Chancroid)

  02-Nov-2018
Preview Image

Chancroid ရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်သော STD ဖြစ်သည်။ စောစီးစွာ ဆေးဝါးဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည်။

လက္ခဏာများ
• နာကျင်၍ သွေးထွက်လွယ်သော၊ ပျော့သော အနာတစ်လုံး (သို့) တစ်လုံးမက၊ လိင်အင်္ဂါ (သို့) စအို တွင်ပေါက်တတ်သည်။
• ပေါင်ခြံတွင် နာကျင်သော အကြိတ်များပေါ် လာတတ်သည်။
• အဖျားအနည်းငယ် ရှိတတ်သည်။

သင်ကိုယ်ဝန်ဆောင်နေ ပါက Syphilis အတွက်သွေးစစ်ကြည့်ပါ။ 

လိင်အင်္ဂါအနာများအား သန့်ရှင်းစွာထားရမည်။ နေ့စဉ်ဆပ်ပြာဖြင့် ဆေးကြောပြီးခြောက်သွေ့အောင် သေချာစွာသုတ်ရမည်။ သုတ်သည့်အဝတ်ကို မည်သူနှင့်မျှရောမသုံးပါနှင့်။

အရေးကြီးမှတ်ချက်များ
လိင်ဆက်ဆံရာတွင် AIDS ပိုးသည် အနာများမှတဆင့် လွယ်ကူစွာ ကူးစက်နိုင်သည် HIV/ AIDS အားပြန့်ပွားခြင်းမှ ကာကွယ်ရန် သင် (သို့မဟုတ်)သင့်အဖော့် အနာပေါက်နေပါက လိင်ဆက်ဆံခြင်းမပြုပါနှင့်။

လိင်အင်္ဂါရေယုန်

လိင်အင်္ဂါရေယုန်များသည် လိင်မှတဆင့် ကူးစက်တတ်သော Virus ပိုးကြောင့်ဖြစ်သည်။ ၎င်းတို့သည် လိင်အင်္ဂါနှင့် ပါးစပ်တွင်ဖြစ်တတ်သည်။ လပေါင်းများစွာ(သို့)နှစ်ပေါင်းများစွာ အနာများဖြစ်လိုက် ပျောက်လို ရှိတတ်သည်။ ရေယုန်အပျောက် ကုသရန် ဆေးမရှိသော်လည်း သက်သာရန် ကုသမှုပေးနိုင်သည်။ ပါးစိပ်၌ဖြစ်သောရေယုန် အားလုံးသည် လိင်ဆက်ဆံမှုကြောင့်မဟုတ်ပါ။ ကလေးငယ်များနှင့် လူကြီးများ အအေးမိလျှင် (သို့) အဖျားရှိလျှင်ပါးစပ်များ၌ ရေယုန်ပေါက်နိုင်သည်။ AIDS ရှိသူများသည် တစ်ကိုယ်လုံး ရေယုန်ပေါက်နိုင်ပြီး ပျောက်ကင်းရန်လည်း ကြာတတ်သည်။

လက္ခဏာများ
• လိင်အင်္ဂါ (သို့) ပေါင်ပေါ်ရှိ အရေပြား၌ ကျဉ်ခြင်း၊ ယားယံခြင်း (သို့) နာကျင်ခြင်း။
• လိင်အင်္ဂါ၌ သေးငယ်သော အရည်ကြည်ဖုဖြစ်ပြီး အနာပေါက်ခြင်း။
• ရေယုန်ပထမဦးဆုံး အကြိမ်ပေါက်ပါက ၃ ပတ် (သို့) ထို့ထက်ပိုကြာတတ်သည်။ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်းနှင့် ပေါင်တွင်းရှိအကြိတ်များ ရောင်လာခြင်းတို့ ဖြစ်တတ်သည်။
• နောက်တစ်ကြိမ် ပေါက်သောရေယုန်မှာ မပြင်းထန်လှပါ။

ကုုသမှု
နေထိုင်ရ သက်သာစေရန် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။
• နာသည်ဟ ုခံစားရလျှင်ရခြင်း အနာပေါ်သို့ရေခဲအုံပါ။
• အဝတ်အားလက်ဘက်ခြောက်ထည့်ထားသော အရည်ထဲစိမ်၍ အနာပေါ်အုံပေးပါ။
• သန့်ရှင်းသော ရေအေးထည့်ထားသည့် ဇလုံထဲတွင်ထိုင်ပါ။
• ရေကို ဆိုဒါမှုန့်(သို့) ကော်မှုန့်နှင့်ရောနယ်ပြီး အနာပေါ်အုပ်ပါ။
• အကယ်၍ အနာလက္ခဏာများ တစ်ကြိမ်ပြီး တစ်ကြိမ်ပြန်ပေါ်နေပါက Acyclovir ဆေးကိုသုံးကြည့်ပါ။ ဤဆေးသည် ရေယုန်အား မပျောက်ကင်းစေနိုင်သော်လည်း အနာသက်သာစေပြီး ရောဂါလက္ခဏာများအား လျှင်မြန်စွာပျောက်ကင်းစေနိုင်သည်။

အရေးကြီးသောမှတ်ချက်များ
• အနာကိုင်ပြီးပါက လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။
• သင့်မျက်စိနှင့် သင့်ကလေး၏မျက်နှာတို့ကို လက်နှင့်မထိပါနှင့်။ မျက်စိတွင်ပေါက်သော ရေယုန်သည် အလွန်စိုးရိမ်စရာဖြစ်သည်။ 
• ရေယုန်ပေါက်နေစဉ် လိင်မဆက်ဆံပါနှင့်။ ရေယုန်ကို သင့်အဖော်အား လွယ်ကူစွာ ကူးစက်စေနိုင်သည်။



ကိုယ်ဝန်ဆောင်နေစဉ်ရေယုန်ပေါက်ခြင်း ကိုယ်ဝန်ဆောင်နေစဥ ်ရေယုန်ပေါက်ပြီး မီးဖွားစဉ် အနာရှိနေသော အမျိုးသမီးများသည် ရောဂါအား ကလေးထံသို့ ကူးစက်စေနိုင်သည်။ ကလေးအတွက်အလွန်ပင် အန္တရာယ်ရှိစေနိုင်သည်။ ဆေးရုံ၌သာ ကလေး မွေးရန် ကြိုးစားပါ။ ကလေးအား ခွဲမွေးပေးခြင်း (သို့) မွေးဖွားလာပြီးပါက အထူးဆေးများပေးနိုင် လိမ့်မည်။

ReF: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18