Print

လေ့ကျင့်ခန်းလုပ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အမှား (၅) မျိုး

  03-Nov-2018
Preview Image

သင်ဟာ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေပေမယ့် သင့်ခန္ဓာကိုယ် ရဲ့ ရလဒ်က သိပ်မထူးဘူးဆိုရင်တော့ သင်ဟာ အားကစားခန်းမကို သံသယ ရှိလာမှာပါ။ အမှန်တစ်ကယ် အပြစ်ရှိတာကတော့ သင်ကိုယ်တိုင်ပါပဲ ။ သင့်အနေနဲ့ ရှောင်ကြဉ်ဖို့ လိုအပ်တာကတော့ ခန္ဓာကိုယ် ကျစ်လစ် တောင့်တင်းဖို့ ကြိုးစားနေချိန်မှာ မလုပ်သင့်တဲ့ အမှား လေးတွေပါပဲ ။ အဲဒါတွေကတော့ -

၁။ မဖြစ်နိုင်တဲ့ Goal တွေ သတ်မှတ်ခြင်း
ဒီတစ်လတည်းနဲ့ ငါ ပေါင် ၂ဝ ဝိတ်ကျသွားအောင် လေ့ကျင့်ခန်းလုပ်ပစ်မယ်။ ပထမဆုံးနေ့မှာပဲ ၁ဝ ကီလိုမီတာ ပြေးပလိုက်မယ်။ အဲဒီလိုမျိုး မဖြစ်နိုင်တဲ့ Goalတွေကို ကျော်မချလိုက်ပါနဲ့။ ဖြည်းဖြည်းချင်း သွားပါ။ တစ်ဆင့်ချင်းသွားပါ။

၂။ သင့်ရဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်း မယူထားခြင်း

အားကစားလုပ်မှ မဟုတ်ပါဘူး။ လူဆိုတာ လုပ်ခဲ့သမျှ အရာရာတိုင်းကို မှတ်တမ်းလေးတော့ ယူထားသင့်ပါတယ်။အဲဒါမှသာ သင်လုပ်ထားတဲ့ လုပ်ဆောင်ချက်အခြေအနေကို ကြည့်ပြီး ဘာတွေ ရှေ့ဆက်လုပ်ရမယ်ဆိုတာကို နားလည် သိရှိနိုင်မှာပါ။

၃။ လေ့ကျင့်ခန်းတွေထပ်နေခြင်း
ဒါဟာ Gym ဆော့တဲ့သူတိုင်းမှားကြတဲ့အချက်ပါပဲ။ သင့်ရဲ့နေ့စဉ်လေ့ကျင့်ခန်းတွေကို တစ်နေ့နဲ့တစ်နေ့ မတူညီအောင် စီစဉ်ပါ။ ဒီနေ့ဟာ လက်မောင်း ကြွက်သားအတွက် ဆော့မယ်ဆိုရင် ၊ မနက်ဖြန်မှာ ခြေထောက် ဖြစ်စေ ၊ နောက်ကျောဖြစ်စေ ပြောင်းပြီး လေ့ကျင့်ခန်းလုပ်ပါ။

၄။ အားဖြည့် ပစ္စည်းတွေကို အားကိုးခြင်
ပရိုတိန်း သောက်တယ်ဆိုတာမျိုးပါ။ အဲဒီလို အားဖြည့်ပစ္စည်းတွေဟာကောင်းပါတယ်။ ဒါပေမယ့်လည်း အားဖြည့်ပစ္စည်းတွေဟာ ကိုယ်စားသုံးလိုက်တဲ့ အစားအစာ ရဲ့ အာဟရ ကို စုပ်ယူနိုင်စွမ်းရှိအောင် ဖန်တီးပေးတာပါ။ အားဖြည့်ပစ္စည်းဆိုတာဟာ အာဟာရ အရင်းအမြစ်မဟုတ်ပါဘူး။ ဒါကြောင့် ပရိုတိန်း သောက်ရင် ဗလ ထွက်ပြီ မထင်လိုက်ပါနဲ့။

၅။ အစားအသောက်ပြသနာ
အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်ပြီဆိုကတည်းက ခန္ဓာကိုယ် ကျစ်လစ်တောင့်တင်း သန်မာမှုအတွက်ပါ။ အဲဒီအချိန်မှာ အစားအစာကို အလွန်အကျွံ စားတာမျိုး။ ဒါမှမဟုတ်လည်း နည်းနည်းလေးပဲ စားတာမျိုးတွေမလုပ်ပါနဲ့။ ဘာမှ မထူးပါဘူး။ အစားအစာကို ပုံမှန်စားမှ အာဟာရ ပုံမှန်ရရှိပြီး ခန္ဓာကိုယ် တောင့်တင်းသန်မာမှုကို ရရှိနိုင်မှာပါ။

Ref: 
Mario 


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18