Print

Lymphoma ( ပြန်ရည်ကြောအဖွဲ့အစည်း ကင်ဆာ )

  06-Nov-2018
Preview Image

        လူခန္ဓာကိုယ်ရှိ ရောဂါများကို ပြန်လည်တိုက်ခိုက်ပေးသော  ပြန်ရည်ကြော အဖွဲ့အစည်းတွင် ပြန်ရည်ကျိတ်များ၊ ဘေလုံး၊ သိုင်းမတ်စ်ဂလင်းနှင့် ရိုးတွင်းချဉ်ဆီတို့ပါဝင်သည်။ ပြန်ရည်ကြော အဖွဲ့အစည်း ကင်ဆာဖြစ်ပါက ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်္ဂါအစိတ်အပိုင်းများကို ပျံ့နှံ့နိုင်သည်။

Lymphoma ကို

·         Hodgkin’s lymphoma နှင့်

·         Non-Hodgkin’s Lymphoma ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

 

Hodgkin’s lymphoma

ပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ ဆဲလ်များ ပုံမမှန်ကြီးထွားပြီး ပြန်ရည်ကြော အဖွဲ့အစည်း ပြင်ပသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။

ရောဂါအမည်ကို ဖော်ထုတ်နိုင်ပြီး ထိရောက်စွာ ကုသပါက ပျောက်ကင်းနိုင်သော ကင်ဆာရောဂါမျိုးဖြစ်သည်။


လက္ခဏာများ

လက္ခဏာများအနေဖြင့်

·         လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များ ကြီးလာခြင်း ( မနာကျင်တတ်ပေ )

·         မောပန်းနွမ်းနယ်ခြင်း

·         ချမ်းတုန်၍ဖျားခြင်း

·         ညဘက်တွင် ချွေးစေးထွက်ခြင်း

·         ရုတ်တရက် ကိုယ်အလေးချိန် အလွန်အမင်းကျသွားခြင်း

·         အစားအသောက်ပျက်ခြင်း

·         ယားယံခြင်း

·         အရက်သောက်ပြီးချိန်တွင် ပြန်ရည်ကျိတ်များ လွန်စွာနာကျင်တတ်ခြင်း၊ အရက်ကို တုန့်ပြန်မှုပို၍ မြန်လာခြင်း တို့ဖြစ်ပေါ်တတ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းကို သေချာစွာမသိရသေးပေ။

Hodgkin's lymphoma မှာ များသောအားဖြင့် ရောဂါပိုးများကို တိုက်ခိုက်ပေးသော ခုခံဓာတ် B ဆဲလ်တွင် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းနေမှုကြောင့် ဖြစ်ရသည်ဟု လေ့လာချက်များအရ သိရသည်။


ဖြစ်နိုင်ချေများသူများ

·         အများအားဖြင့် အသက် ၁၅နှစ်နှင့် ၃၀အကြားရှိသူများ

·         မိသားစုများတွင် ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ဖူးသူများ

·         အမျိုးသားများ

·         အက်စတိမ်းဘား (Epstein- Barr) ရောဂါပိုးဝင်ဖူးသူများ

·         HIV /AIDS ရောဂါကဲ့သို့သော ကိုယ်ခံအားနည်းနေသူများတွင် အဖြစ်များသည်။


စစ်ဆေးမှုများ

·         ဆရာဝန်နှင့်တိုင်ပင်ကာ ပြန်ရည်ကျိတ်များကြီးမကြီး စမ်းသပ်စစ်ဆေးခြင်း

·         သွေးစစ်ခြင်း

·         ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း

·         ပြန်ရည်ကျိတ်ကို ခွဲစိတ်၍ အသားစယူ စစ်ဆေးခြင်း

·         ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း

Hodgkin's lymphoma ကို အဆင့်လေးဆင့်ခွဲခြားနိုင်သည်။

ရောဂါ၏ အဆင့်ကို လိုက်၍ ကုသပုံများ ကွာခြားနိုင်သည်။

·         ကင်ဆာဆေးများသွင်း၍ ကုသခြင်း

·         ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

·         ရိုးတွင်းချဉ်ဆီ အစားထိုးခြင်း တို့ဖြင့် ကုသနိုင်သည်။

ဤကင်ဆာအမျိုးအစားမှာ ရောဂါရှာဖွေတွေ့ရှိပြီး ထိရောက်စွာ ကုသပါက ပျောက်ကင်းနိုင်သည်။ အသက်ငယ်ရွယ်သူများတွင် ပျောက်ကင်းနိုင်ချေ ပိုများသည်။

 

Non-Hodgkin's lymphoma

ပြန်ရည်ကြောအဖွဲ့အစည်းတွင်းရှိ lymphocytes များမှ အလုံးဖြစ်ကာ ကင်ဆာဖြစ်လာခြင်း ဖြစ်သည်။

Non-Hodgkin's lymphoma သည် Hodgkin's lymphoma ထက် ပို၍ အဖြစ်များသည်။

 

လက္ခဏာများ

ရောဂါလက္ခဏာများအနေဖြင့်

·         လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များတည်ခြင်း

·         ဗိုက်အောင့်ခြင်း၊ ဗိုက်တွင် အလုံးများပေါ်ခြင်း

·         ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း

·         မောပန်းနွမ်းနယ်ခြင်း

·         ဖျားခြင်း

·         ညဘက်တွင် ချွေးစေးများ ပြန်ခြင်း

·         ကိုယ်အလေးချိန်ကျခြင်း တို့ကို တွေ့ရတတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားစေသော အကြောင်းရင်းကို သေချာစွာမသိရသေးပေ။ lymphocytes သွေးဖြူဥများ ပုံမမှန် ပွားများခြင်းကြောင့် ဖြစ်ရသည်ဟု လေ့လာချက်များအရ သိရသည်။


အဖြစ်များသူများ

·         ကိုယ်ခံအားစနစ်ကို လျှော့ချပေးသောဆေးများ

·         HIV နှင့် အက်စတိန်းဘားပိုး ရှိသူများ

·         ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ထိတွေ့မှုရှိသူများ

·         အသက် ၆၀နှင့် အထက်ရှိသူများတွင် အဖြစ်များသည်။


စစ်ဆေးခြင်း

·         ဆရာဝန်နှင့် ပြသ၍ ပြန်ရည်ကျိတ်များ၊ အသည်းနှင့် ဘေလုံးတို့ ကြီး၊ မကြီးစမ်းသပ်ခြင်း

·         သွေးနှင့် ဆီးတို့ကို စစ်ဆေးခြင်း

·         ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း

·         အသားစယူ၍ စစ်ဆေးခြင်း

·         ရိုးတွင်းချဉ်ဆီယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။


ကုသခြင်း

ရောဂါလက္ခဏာများပြရန်ကြာသော (Indolent type) အမျိုးအစားဖြစ်ပါက ကုသမှုများ ခံယူရန်မလိုအပ်ဘဲ စောင့်ကြည့်ရန်သာ လိုအပ်သည်။

ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း

·         ကင်ဆာဆေးများသွင်းခြင်း

·         ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

·         ရိုးတွင်းချဉ်ဆီဆဲလ် အစားထိုးခြင်း

·         ကင်ဆာကို ပြန်လည်တိုက်ခိုက်ရန် ကိုယ်ခံအားကို မြှင့်တင်ပေးသော ဆေးများအသုံးပြုခြင်းဖြင့် ကုသနိုင်သည်။

 

Lei(Healthcare.com.mm)

Ref ; Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18