Print

ကလေးငယ်များအား ကာကွယ်ဆေးထိုးတိုက်ခြင်းဖြင့်ကာကွယ်နိုင်သော ရောဂါများအကြ...

  10-Nov-2018
Preview Image

ဆေးရုံဆေးခန်းတွေ မွေးဖွားသော ကလေးများကို မွေးဖွားလျှင် မွေးဖွားပြီးခြင်း

• တီဘီရောဂါကာကွယ်နိုင်ရန်အတွက် ဘီစီဂျီ ကာကွယ်ဆေးနှင့် 
• အသည်းရောင် အသားဝါ (ဘီ) ရောဂါကို ကာကွယ်ရန်အတွက် အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေး တို့ကို ထိုးပေးရပါမည်။ ကလေးငယ်အသက် (၂)လ၊
(၄)လ အရွယ်တို့တွင်
• ပိုလီယိုအကြောသေရောဂါ ကာကွယ်နိုင်ရန်အတွက် ပိုလီယိုအစက်ချ ကာကွယ်ဆေး ကို တိုက်ရပါမည်။
• ၂၀၁၂ နိုဝင်ဘာလမှစ၍ ၅ နှစ်အောက်ကလေးများတွင် အဖြစ်များပြီး သေဆုံးမှုနှုန်း များသော ဦးနှောက်အမြှေးရောင် အဆုပ်ရောင်တို့ကို ဖြစ်ပွားစေသည့် ဟေမိုဖီလပ် အင်ဖလူရင်ဆာ ဘီ (Haemophilus Influenza type B) ကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးအသစ်တစ်မျိုးကို အသက် ၁ နှစ်အောက် ကလေးများကို ထိုးနှံပေးနေ ပြီးဖြစ်ပါသည်။ ဤကာကွယ်ဆေးကို ယခင်ကထိုးခဲ့သော ဆကမ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်)၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးတို့နှင့် ပေါင်းစပ်ထုတ်လုပ်ထားပြီး (၁) ကြိမ်ထိုးရုံဖြင့် ရောဂါပိုး ၅ မျိုးကို ကာကွယ်ပြီးသားဖြစ်သည်။

ကလေးငယ်အသက် ၉-လ နှင့် ၁၈-လအရွယ်တို့တွင်
• ဝက်သက်ရောဂါ ကာကွယ်နိိုင်ရန်အတွက် ဝက်သက်ရောဂါ ကာကွယ်ဆေးကို ထိုးပေး ရပါမည်။

Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18