Print

စိတ်ကျန်းမာရေးနှင့်ခန္ဒာကိုယ်အတွက်အံံံံ့ဖွယ်ဆေး

  11-Nov-2018
Preview Image

၂၀၁၅ထိတိုင်အောင်ပြုလုပ်ခဲ့သောလေ့လာတွေ့ရှိချက်များတွင် မပြောင်းလဲဘဲ စိတ်နှင့်ခန္ဒာကိုယ်တွက် ကောင်းစေသောအရာပှာလမ်းလျှောက်ခြင်းပင်ဖြစ်ကြောင်းသက်သေအထောက်အထားများနှင့်တွေရသည်။ ခန္ဒကိုယ်အစိတ်အပိုင်းအလိုက်ကောင်းကျိုးများသက်ရောက်မှု့ကိုဖော်ပြပေးလိုက်ပါသည်။

၁။ ဦးနှောက်
တစ်ပတ်ကို(၂)နာရီလမ်းလျှောက်ရုံဖြင့်လေဖြတ်ခြင်းကို၃၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါသည်။

၂။ မှတ်ဉာဏ်
တစ်ပတ်ကိုတစ်ခါလျှောက်လျှင် မိနစ်၄၀(၃)ခါလောက်လျှောက်ပေးလျှင်ဦနှောက်၏မှတ်ဉာဏ်စွမ်းကိုမြှင့်တင်ပေးသည်။ 

၃။ စိတ်ခံစားမှု့
တစ်နေ့ကိုမိနစ်၃၀လမးလျှောက်ရုံဖြင့်စိတ်ဓာတ်ကျခြင်းလက္ခဏာများကိုလျှော့ချပေးနိုင်သည်။ 

၄။ ကျန်းမာအသက်ရှည်ခြင်း
တစ်ပတ်လျှင်၇၅မိနစ်လောက် လမးလျေှက်ရုံဖြင့်အသက်(၂)နှစ်ပိုရှည်နိုင်သည်ကိုတွေ့ရသည်။

၅။ အခြားကောင်းကျိုးမျာ
-တစ်နေ့(၁)နာရီလမ်းလျှောက်ခြင်းသည်အဝလွန်ခြင်းနှင့်နှလုံးသွေးကြောကျဉ်းခြင်းကိုလျှော့ချနိုင်သည်။

- ထိုမျှသာမက တစ်နေ့လျှင်(၁)နာရီလမ်းလျှောက်ခြင်းသည်သက်ကြီးရွယ်အိုများတွင်အဖြစ်များသော ပေါင်ရိုးကျိုးခြင်းကို ၄၅ရာခိုင်နှုန်းကိုလျှော့ချပေးနိုင်သည်။

အထက်ပါတွေ့ရှိချက်များသည် သိပ္ပံနည်းကျလေ့လာမှု့စစ်တမ်းများမှတွေ့ရှိကြောင်း Mental Health Foundation ( UK ) မျဖော်ပြထားခြင်းဖြစ်သည်။

Dr Snow

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18