Print

Menstrual Cramps (ရာသီလာစဉ် နာကျင်ခြင်း)

  15-Nov-2018
Preview Image

- ရာသီလာစဉ် နာကျင်ခြင်းသည် အမျိုးသမီးများ ဓမ္မတာလာသည့် အချိန်တွင် ဝမ်းဗိုက်အောက်ပိုင်း နေရာတဝိုက် ကိုက်ခဲနာကျင်ခြင်း ဖြစ်သည်။အချို့အမျိုးသမီးများတွင် နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်နိုင်သည်အထိ နာကျင်မှုများ ဆိုးရွားနိုင်ပါသည်။

လက္ခဏာများ

- ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း

- ခါးကိုက်ခြင်း၊ ခြေသလုံး၊ ပေါင်ရင်း ကိုက်ခြင်း

- ပျို့အန်ခြင်း

- ဝမ်းပျော့ပျော့ သွားခြင်း

- ခေါင်းကိုက်ခြင်း

- မူးဝေခြင်း


ဖြစ်ပွားရသော အကြောင်းအရင်းများ

- ရာသီလာစဉ် သားအိမ်ကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်းကြောင့် ဖြစ်သည်။ Prostaglandin ( ပရိုစတာဂလန်ဒင် ) ဟုခေါ်သည့် ဟော်မုန်းသည်

သားအိမ်ကြွက်သားလှုပ်ရှားမှုကို ပိုမိုဖြစ်စေသည်။ ထိုဟော်မုန်း များများထွက်လေ၊ ရာသီလာစဉ် နာကျင်မှု ပိုဖြစ်လေ ဖြစ်သည်။

- သားအိမ်ပိုင်းဆိုင်ရာ ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။

(၁) သားအိမ်သွေးလုံး ( Endometriosis )

(၂) သားအိမ်အသားလုံး ( Uterine Fibroids )

(၃) သားအိမ်ပွခြင်း (Adenomyosis )

(၄) သားအိမ်ယောင်ခြင်း (Pelvic Inflammatory Disease )

(၅) သားအိမ်ခေါင်းကျဉ်းခြင်း ( Cervical Stenosis )


ဖြစ်နိုင်ချေများသူများ

- အသက်(၃၀) နှစ်အောက်ငယ်သူများ

- ပျိုဖော်ဝင်ချိန် စောလွန်းသူများ

- ရာသီလာစဉ် သွေးအလွန်ဆင်းသူများ

- ရာသီပုံမှန် မဆင်းသူများ

- ကလေးတစ်ခါမှ မမွေးဘူးသူများ

- မျိုးရိုးတွင်အလားတူ ရောဂါရှိသူများ

- ဆေးလိပ်သောက်သူများ


နောက်ဆက်တွဲ လက္ခဏာများ

- ရာသီလာစဉ် နာကျင်ခြင်းကြောင့် ပြင်းထန်သော နောက်ဆက်တွဲရောဂါများ မဖြစ်နိုင်သော်လည်း နေ့စဉ်လှုပ်ရှားသွားလာမှုများကို ထိခိုက်နိုင်ပါသည်။

- သားအိမ်ပိုင်းဆိုင်ရာ ရောဂါရှိသော အမျိုးသမီးများတွင်မူ နောက်ဆက်တွဲ လက္ခဏာများအဖြစ် ကလေးမရနိုင်ခြင်း၊ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊သားဥပြွန် ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- နေ့စဉ် လှုပ်ရှားသွားလာမှုများကို ထိခိုက်သည်အထိ ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် (သို့) ခံစားရသော ဝေဒနာများ ပိုမိုဆိုးရွားလာလျှင် ဆရာဝန် နှင့် သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်မှ ရောဂါရာဇဝင် သေချာမေးမြန်းပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါမည်။ လိုအပ်ပါက အမျိုးသမီး မျိုးပွားအင်္ဂါများ စစ်ဆေးပါမည်။

-  သားအိမ်ပိုင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်နိုင်သည်ဟု သံသယရှိပါက အောက်ပါစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

(၁) အသံလှိုင်းတီဗွီ ဓါတ်မှန် (Ultrasound)

(၂) သံလိုက်ပုံရိပ်ဖော်စက် (MRI)

(၃) မှန်ပြောင်းအသုံးပြုပြီး သားအိမ်ပိုင်းဆိုင်ရာ ရောဂါရှိမရှိ ရှာဖွေခြင်း


ကုသခြင်း

- အကိုက်အခဲပျောက်ဆေး သောက်ခြင်း (e.g Ibuprofen, Paracetamol )

- သားဆက်ခြားဆေး သောက်ခြင်း ( ကိုယ်ဝန်တားဆေးတွင်ပါဝင်သည့် ဟော်မုန်းများသည် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်။)

- သားအိမ်ပိုင်းဆိုင်ရာ ရောဂါများအတွက် ခွဲစိတ်ကုသခြင်း


လူနေမှုပုံစံပြောင်းခြင်း နှင့် အိမ်တွင်းကုထုံးများ

- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။

- ရေနွေးအိတ်ကို ဝမ်းဗိုက်အောက်ပိုင်းနေရာသို့ ကပ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုများ သက်သာနိုင်ပါသည်။

- ဗီတာမင် B1, B6, E, Omega 3 (အိုမီဂါ ၃) နှင့် မဂ္ဂနီဆီယမ် ပါဝင်သော အားဆေးသောက်ခြင်း။

- အရက် နှင့် ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။

- စိတ်ဖိစီးမှု နည်းအောင်နေထိုင်ပါ။


Ref: Mayo Clinic

By Dr. SMMP

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18