Print

စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် ပန်းကန်ဆေးပါ

  17-Nov-2018
Preview Image

ကမ္ဘာပေါ်မှာရှိတဲ့ လူနေအိမ်တိုင်းမှာ အငြင်းအခုံဖြစ်နေခဲ့တဲ့ အကြောင်းအရာ တစ်ခုရှိပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာ ငြင်းခုံနေခဲ့ကြတာကတော့ ပန်းကန်ဆေးဖို့ ဘယ်သက အသင့်တော်ဆုံးလဲ ဆိုတာပါပဲ။ သင့် အိမ် မီးဖိုချောင် ဘေစင်ထဲမှာ မနက်ကတည်းက ပန်းကန်တွေစုပုံပြီး ရှိနေခဲ့ပါတယ်။ ထို ပန်းကန်ပုံကြီးကို တစ်နေကုန် အလုပ်တွေ ပင်ပန်းလာပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ အကုန်လုံး ဆေးကြောဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေ ယုံကြည်လိုက်တာကတော့
နေ့စဉ် အိမ်အလုပ်တွေလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ ကို ပိုင်ဆိုင်နိုင်စေတယ်လို့ ဆိုလိုက်ပါတယ်။

ထို လေ့လာမှုကတွေ့ခဲ့တာကတော့ စိတ်ပါလက်ပါ ပန်းကန်ဆေးတဲ့သူတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ ဂရုစိုက်လေ့ရှိသလို စိတ်ဖိစီးမှုတွေ နည်းပါးတယ်လို့ ခံစားတတ်တယ် ဆိုတာပါပဲ။ ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပန်းကန်ဆေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ ခံစားချက်ဆိုင်ရာ ကျန်းမာမှုကိုကောင်းမွန်စေနိုင်သလားဆိုတာကို လေ့လာရှာဖွေခဲ့ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု ဆိုတာဟာ တက်ကြွခြင်း ၊ လက်ရှိအချိန်ပေါ်မှာ ပွင့်လင်းစွာ အာရုံစိုက်နိုင်ခြင်း စသဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်လို့ ယနေ့စိတ်ပညာ သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါကြောင့် ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေဟာကျောင်းသား ၅၁ ယောက်ကို စည်းရုံးပြီးစိတ်ပါလက်ပါ ပန်းကန်ဆေးခိုင်းခဲ့ပါတယ်။ တစ်ယောက် ကို ၁၈ ပန်းကန်ဆေးခိုင်းခဲ့ပါတယ်။ ပြီးတဲ့နောက် မှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု ၊ သက်ရောက်မှု တွေနဲ့ အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီအခါမှာ စိတ်ပါလက်ပါ ပန်းကန်ဆေးခဲ့တဲ့ ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ကျန်းမာမှုကိုမိုကောင်းမွန်တာတွေ့ရပြီး ကောင်းမွန်သော သက်ရောက်မှုတွေရရှိနှုန်းမြင့်လာခဲ့ပါတယ်။ ဥပမာ အာရုံစူးစိုက်မှုကောင်းခြင်း ၊ အာရုံနောက်မှု နည်းလာခြင်း တို့အပြင် ပန်းကန်ဆေးတဲ့ကြာချိန်တွေနည်းလာတာ တွေကိုတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ အာရုံနောက်တယ်လို့ ခံစားရမှုဟာ ၂၇ ရာခိုင်နှုန်းအထိလျော့ကျသွားခဲ့ပြီး အာရုံစူးစိုက်နိုင်စွမ်းကတော့ ၂၅ ရာခိုင်နှုန်းအထိ စိတ်ပါလက်ပါ ပန်းကန်ဆေးခဲ့တဲ့ ကျောင်းသားတွေမှာ တိုးပွားလာတာကိုတွေ့ခဲ့ရပါတယ်။ သုတေသီတွေ အဆိုအရတော့ ဒါဟာ ပန်းကန်ဆေးတာ တစ်ခုတည်းရဲ့ သက်ရောက်မှု မဟုတ်ပဲ အခြားအိမ်သန့်ရှင်းရေး အလုပ်တွေကို စိတ်ပါလက်ပါလုပ်တဲ့အခါမှာလည်း တူညီတဲ့ သက်ရောက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။ ထိုလေ့လာမှုကိုတော့ Mindfulness ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Ref:
Mario

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18