Print

Mitral Regurgitation ( နှလုံးအဆို့ရှင် ကျယ်သောရောဂါ)

  18-Nov-2018
Preview Image

Mitral Regurgitation သည် နှလုံးအဆို့ရှင် မလုံသောကြောင့် သွေးများ နှလုံးဆီသို့ ပြန်၍စီးဆင်းကာ ခန္ဓာကိုယ်၏ အခြားနေရာများသို့ သွေးမရောက်ရှိသောကြောင့် မောပန်းခြင်း၊ အသက်ရှူမဝခြင်းကို ခံစားလာရသောရောဂါ ဖြစ်သည်။


လက္ခဏာများ

Mitral Regurgitation ရှိသူများတွင် အစပိုင်းတွင် များသောအားဖြင့် လက္ခဏာ မပြတတ်သော်လည်း တဖြည်းဖြည်း ဆိုးရွားလာလျှင်မူ

-      မောခြင်း (အထူးသဖြင့် လှဲလိုက်ချိန်နှင့် ပြင်းပြင်းထန်ထန် အလုပ်လုပ်လျှင်)

-      ပင်ပန်းနွမ်းနယ်ခြင်း

-      နှလုံးခုန် မြန်ခြင်း

-      ခြေလက်များ ဖောလာခြင်းတို့ ဖြစ်သည်။ Mitral Regurgitation သည် သိပ်မဆိုးရွားပါက ဆယ်စုနှစ်တစ်ခုအထိ လက္ခဏာမပြဘဲ နေတတ်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

Mitral Regurgitation ဖြစ်စေသောအကြောင်းရင်းများမှာ

-      Mitral valve prolapse - အဆို့ရှင်များ တင်းကျပ်စွာ မပိတ်နိုင်ခြင်း

-      နှလုံးကြွက်သားများ ပျက်စီးသွားခြင်း

-      ပိုးလေးဖက်နာရောဂါ

-      နှလုံးရောင်ခြင်း

-      နှလုံးလေသင်တုန်းဖြတ်ခြင်း

-      နှလုံးကြွက်သား မူမမှန်ဖြစ်ခြင်း

-      ထိခိုက်ဒဏ်ရာရခြင်း

-      မွေးရာပါနှလုံးချို့ယွင်းခြင်း

-      ဓာတ်ရောင်ခြည် ကုသမှု ခံယူသူများဖြစ်သည်။


ဖြစ်နိုင်ချေများသူများ

Mitral Regurgitation သည်

. နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ ရှိသူများ

. နှလုံးလေသင်တုန်းဖြတ်ဖူးသူများ

. နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ

. Ergotamine ဆေးသောက်သူများ

. လေးဖက်နာရောဂါရှိသူများ

. မွေးရာပါနှလုံးရောဂါရှိသူများ

. လူလတ်ပိုင်းများတွင် ပို၍ အဖြစ်များသည်။



နောက်ဆက်တွဲပြဿနာများ

 Mitral Regurgitation သည် မပြင်းထန်လျှင် နောက်ဆက်တွဲရောဂါများ မဖြစ်နိုင်သော်လည်း ဆိုးရွားလျှင်မူ နောက်ဆက်တွဲရောဂါများဖြစ်သော

-      နှလုံးပျက်စီးခြင်း

-      Atrial fibrillation ဖြစ်ကာ သွေးခဲခြင်းနှင့် လေဖြတ်ခြင်း

-      Pulmonary hypertension - အဆုတ်ထဲရှိ သွေးကြောများတွင် သွေးတိုးလာခြင်းတို့ ဖြစ်စေနိုင်သည်။



ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍ ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် နှလုံးအဆို့ကျယ်ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် နီးစပ်ရာကျန်းမာရေးဆေးခန်း/ နှလုံးအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။



စစ်ဆေးမှုများ

ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်း (နှလုံးခုန်သံနားထောင်ခြင်း)များအပြင် လိုအပ်ပါက

. Echocardiogram - နှလုံးပုံရိပ်ဖမ်းခြင်း

. ECG - နှလုံးစက်ဆွဲခြင်း

. ရင်ဘတ်ဓာတ်မှန်ရိုုက်ခြင်း

. Cardiac MRI scan - နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း

. CT angiogram - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် Mitral Regurgitation ကို ရှာဖွေတွေ့ရှိနိုင်သည်။


ကုသခြင်း

Mitral Regurgitation အား ကုသရာတွင် ရောဂါအခြေအနေပေါ်မူတည်၍ သောက်ဆေးများဖြစ်သော ဆီးဆေး၊ သွေးကြဲဆေးများဖြင့် ကုသခြင်း၊ နှလုံးအဆို့ရှင်အား ပြန်ပြင်ခြင်း/ အဆို့ရှင် အစားထိုးခြင်းများဖြင့် ကုသနိုင်သည်။


ကာကွယ်ခြင်း

Mitral Regurgitation အား ကာကွယ်ရန်အတွက်

. သွေးတိုးရောဂါ မဖြစ်အောင် နေထိုင်ခြင်း

. ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း

. ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းထားခြင်း

. အရက်နှင့်ဆေးလိပ် ရှောင်ကြဉ်ခြင်း

. လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

 

Paing

Ref: Mayo clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18