Print

Myocardial Ischemia (နှလုံးသွေးကြောကျဉ်းရောဂါ)

  19-Nov-2018
Preview Image

Myocardial Ischemia ရောဂါသည် နှလုံးသွေးကြောများ ကျဉ်းခြင်း/ပိတ်ခြင်းကြောင့် နှလုံးသို့သွေးစီးဆင်းမှုနည်းကာ အောက်ဆီဂျင် အလုံအလောက် မရရှိသောရောဂါဖြစ်သည်။


လက္ခဏာများ

အချို့သောလူများတွင် နှလုံးသွေးကြောကျဉ်းရောဂါသည် လက္ခဏာမပြတတ်သော်လည်း အတွေ့များသောလက္ခဏာများအနေဖြင့်

-      ဘယ်ဖက်ရင်ဘတ်အောင့်ခြင်း

-      လည်ပင်း/မေးရိုးနာကျင်ခြင်း

-      ပုခုံး/လက်မောင်း နာကျင်ခြင်း

-      နှလုံးခုန်မြန်ခြင်း

-      မောခြင်း

-      ပျို့အန်ခြင်း

-      ချွေးထွက်ခြင်းနှင့်

-      မောပန်းလွယ်ခြင်းများကို တွေ့ရတတ်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

Myocardial Ischemia ကို

. Coronary artery disease - နှလုံးသွေးကြောကျဉ်းခြင်း

. နှလုံးသွေးကြောထဲတွင် သွေးခဲဖြစ်ခြင်း

. Coronary artery spasm - နှလုံးသွေးကြော မာလာကာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေခြင်းတို့ကြောင့် ဖြစ်စေနိုင်သည်။


ဖြစ်နိုင်ချေများသူများ

Myocardial Ischemia ဖြစ်နိုင်ချေများသူများမှာ

-      ဆေးလိပ်သောက်သူများ

-      ဆီးချိုရောဂါရှိသူများ

-      သွေးတိုးရောဂါရှိသူများ

-      သွေးတွင်းကိုလက်စထရောတက်နေသူများ

-      အဝလွန်သူများ

-      ကိုယ်လက်လှုပ်ရှားမှု မရှိသူများဖြစ်သည်။


နောက်ဆက်တွဲပြဿနာများ

Myocardial Ischemia ရောဂါသည် မကုသဘဲထားပါက နောက်ဆက်တွဲရောဂါများအနေဖြင့်

. နှလုံးလေသင်တုန်းဖြတ်ခြင်း

. နှလုံးခုန်မမှန်ခြင်း

. နှလုံးပျက်သွားခြင်းများ ဖြစ်နိုင်သည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

ရင်ဘတ်အောင့်ခြင်းကို ကြာရှည်စွာ ခံစားနေရခြင်းနှင့် အခြားလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

စစ်ဆေးမှုများအနေဖြင့် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် နှလုံးစက်ဆွဲခြင်း၊ နှလုံးပုံရိပ်ဖမ်းခြင်း၊ နှလုံးကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းနှင့် Cardiac angiography ( သွေးကြောထဲသို့ Dye ထည့်၍ ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။


ကုသခြင်း

Myocardial Ischemia အား ကုသရာတွင် သောက်ဆေးများဖြစ်သော သွေးကြဲဆေး၊ သွေးကြောကျယ်ဆေး၊ နှလုံးခုန်နှေးဆေး၊ သွေးတွင်းအဆီကျဆေးနှင့် သွေးကျဆေးများပေးခြင်းများအပြင် ခွဲစိတ်မှုများဖြစ်သော ကျဉ်းနေသောသွေးကြောထဲသို့ ပြွန်သေးသေးလေးထည့်၍ ကုသခြင်း၊ တခြားနေရာမှ သွေးကြောဖြင့် ကျဉ်းနေသောနေရာသို့ အစားထိုးကုသခြင်းများဖြင့် ကုသနိုင်ပါသည်။


ကာကွယ်ခြင်း

Myocardial Ischemia အား ကာကွယ်နိုင်ရန်အတွက်

-      အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း

-      ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်း

-      ပုံမှန်ကိုယ်အလေးချိန်ရအောင် ထိန်းထားခြင်းတို့ကို လုပ်ဆောင်သင့်သည်။

 

Paing

Ref: Mayo Clinic


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18