Print

စိတ်ဝေဒနာ ဖြစ်ရခြင်းအကြောင်းရင်းများ

  29-Dec-2018
Preview Image


စိတ်ဝေဒနာဖြစ်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရှုပ်ထွေးလှသည်။ ထိုအကြာင်းရင်းခံများကို အခြေခံအရင်းအမြစ်နှင့် ထပ်ဆင့်လှုံ့ဆော်သော အကြောင်းဟု ခွဲခြားနိုင်သည်။ စိတ်ဝေဒနာဖြစ်ရခြင်း အခြေခံအရင်းအမြစ်များသည်လူတစ်ဦး တစ်ယောက်ကို စိတ်ဝေဒနာ အလွယ်တကူ ရရှိစေနိုင်သည်။ ၎င်းတို့ကို အမျိုး အစား ၃ မျိုးခွဲရနိုင်သည်။

၁။ မျိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာခြင်း။ မျိုးရိုးလိုက်ခြင်း။ (စကီဇို ဖရန်းနီးယား ပြင်းထန်စိတ်ကြွ စိတ်ကျရောဂါ)။

၂။ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ခြင်းကြောင့်ဖြစ်ပေါ်လာခြင်း (မမွေးခင်၊ မွေးဖွားစဉ် ဦးနှောက်ကိုထိခိုက်ခြင်း)

၃။ ငယ်စဉ်ကလေးဘဝတွင် စိတ်ထိခိုက်ဖွယ်သော လူမှုပတ်ဝန်းကျင်တွင် ကြီးပြင်းရခြင်း (မိခင်မဲ့ခြင်း အိမ်ထောင်ရေးပြိုကွဲသော မိသားစုတွင်ကြီးပြင်းလာခြင်း။ ဆက်သွယ်မှု လွဲသွေခြင်း) ထပ်ဆင့်လှုံ့ဆော်သော အချက်များအနေဖြင့် လက်ငင်းဖြစ်ပွားသော (ကိုယ်ခန္ဓာ သို့မဟုတ် စိတ်) ဖိစီးမှုများကြောင့် စိတ်ဝေဒနာ ဖြစ်ပေါ်လာရန် အားပေးသည်။ ဤသို့သော အခြေအနေများကို ၂ မျိုးခွဲခြားနိုင်သည်၊

၁။ ကိုယ်ခန္ဓာတွင်းမှ ဖိစီးမှု ဥပမာ ဦးနှောက်အမှေးယောင်ခြင်း။ ခန္ဓာကိုယ်တွင် ဗိုင်းရပ်ပိုးပျံ့နှံ့ခြင်း။ ဟော်မုန်းဓါတ်ပြောင်းလဲခြင်း (ကလေးမွေးဖွားပြီး မီးတွင်းကာလ) ဓါတုပစ္စည်းများ မူးယစ်စေသောဆေးဝါးများ အစရှိသည်တို့သည် ဦးနှောက်မှ
အလုပ်လုပ်ကိုင်မှုကိုပုံမှန်မှ လွဲသွေစေနိုင်ပါသည်။

၂။ လူမှုရေး စိတ်ဖိစီးမှု ဥပမာ မိတ်ဆွေရင်းချာ (ချစ်သူ) အဖြစ်မှ ပြတ်စဲခြင်း။
ဆွေမျိုးရင်းချာ ဆုံးရှုံးရခြင်း။ တို့သည် လူမှုရေး စိတ်ဓါတ်ရေးရာ တို့ကိုမမျှမတ မညီမညွတ် ဖြစ်စေပြီး စိတ်ဓါတ်ကျစေပါသည်၊ ကိုယ်ခန္ဓာ ဖိစီးမှုများသည် အရင်းခံရှိနေသော စိတ်ဝေဒနာက ို ဆိုးဝါးစေပါသည်။ လူမှုရေး စိတ်ဖိစီးမှုများသည် စိတ်ဓါတ်ကျခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း အစရှိသည့် အသေးစား စိတ်ဝေဒနာကို ဖြစ်စေနိုင်ပါသည်။

Ref:  HEALTH MESSENGER

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18